DVB Logo
Home
မြန်မာသတင်း
မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတွင် ရေကြီးမြေပြိုမှုဖြစ်
DVB
·
August 7, 2019
မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတွင် ရေကြီးမြေပြိုမှုဖြစ်
1 / 2
Donate to DVB

သြဂုတ် ၅ ရက်နေ့ကစပြီး မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ထိုင်း−မြန်မာနယ်စပ် မှုင်းလုံးကြီး (ခေါ်) မယ်စရင်းယမ်းချောင်းနဲ့ မယ်ရာမိုချောင်းရေကြီးမှုကြောင့် မယ်ရာမိုနဲ့ မယ်လအူးဒုက္ခသည်စခန်း ၂ ခုမှာ ရေကြီးပြိုမှုတွေ ဖြစ်ပွားနေပါတယ်။

သြဂုတ် ၆ ရက်နေ့မနက် မိုးကြီးပြီးမြေပြိုမှုကြောင့် မယ်လအူးဒုက္ခသည်စခန်းမှာ နေအိမ်တလုံး မြေပိခဲ့သလို နေအိမ် အဆောက်အဦတလုံး ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်မပျက်ပဲ မြေပြိုဒဏ်ခံရတဲ့ နေအိမ် ၂ လုံး ရှိခဲ့ပါတယ်။ 

အလားတူ မယ်ရာမို ဒုက္ခသည်စခန်းမှာလည်း မယ်ရာမိုချောင်းရေကြီးမှုကြောင့် နေအိမ်တလုံးနဲ့ ရုံးအဆောက်အဦတခု ပျက်စီးခဲ့ပါတယ်။ 

မယ်ရာမိုဒုက္ခသည်စခန်းမှာ သစ်ပင်ကြီးလဲကျလို့ နေအိမ်တလုံးပျက်စီးခဲ့တာဖြစ်ပြီး စခန်း ၂ ခုလုံးမှာ ထိခိုက်သေဆုံးတာမရှိပါဘူး။

မယ်ရာမိုဒုက္ခသည်စခန်းမှာ သြဂုတ်လ ၅ ရက်နေ့ကတည်းကနေ ဒီနေ့အထိ ရေကြီးနေတဲ့အတွက် စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး  အတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။ 

မယ်လအူး ကရင်ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့နှစ်  စက်တင်ဘာက မိုးသည်းထန်စွာရွာသွန်း မြေပြိုမှုကြောင့် ကလေးငယ်တွေအပါအ၀င် ၁၀ ဦးခန့်သေဆုံးခဲ့ပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။




မယ္ရာမိုႏွင့္ မယ္လအူးဒုကၡသည္စခန္းတြင္ ေရႀကီးေျမၿပိဳမႈျဖစ္

ေနာ္ႏိုရင္း

ၾသဂုတ္ ၅ ရက္ေန႔ကစၿပီး မိုးအဆက္မပ်က္႐ြာသြန္းမႈေၾကာင့္ ထိုင္း−ျမန္မာနယ္စပ္ မႈင္းလုံးႀကီး (ေခၚ) မယ္စရင္းယမ္းေခ်ာင္းနဲ႔ မယ္ရာမိုေခ်ာင္းေရႀကီးမႈေၾကာင့္ မယ္ရာမိုနဲ႔ မယ္လအူးဒုကၡသည္စခန္း ၂ ခုမွာ ေရႀကီးၿပိဳမႈေတြ ျဖစ္ပြားေနပါတယ္။

ၾသဂုတ္ ၆ ရက္ေန႔မနက္ မိုးႀကီးၿပီးေျမၿပိဳမႈေၾကာင့္ မယ္လအူးဒုကၡသည္စခန္းမွာ ေနအိမ္တလုံး ေျမပိခဲ့သလို ေနအိမ္ အေဆာက္အဦတလုံး ပ်က္စီးခဲ့ပါတယ္။ ဒါ့အျပင္ ေနအိမ္မပ်က္ပဲ ေျမၿပိဳဒဏ္ခံရတဲ့ ေနအိမ္ ၂ လုံး ရွိခဲ့ပါတယ္။

အလားတူ မယ္ရာမို ဒုကၡသည္စခန္းမွာလည္း မယ္ရာမိုေခ်ာင္းေရႀကီးမႈေၾကာင့္ ေနအိမ္တလုံးနဲ႔ ႐ုံးအေဆာက္အဦတခု ပ်က္စီးခဲ့ပါတယ္။

မယ္ရာမိုဒုကၡသည္စခန္းမွာ သစ္ပင္ႀကီးလဲက်လို႔ ေနအိမ္တလုံးပ်က္စီးခဲ့တာျဖစ္ၿပီး စခန္း ၂ ခုလုံးမွာ ထိခိုက္ေသဆုံးတာမရွိပါဘူး။

မယ္ရာမိုဒုကၡသည္စခန္းမွာ ၾသဂုတ္လ ၅ ရက္ေန႔ကတည္းကေန ဒီေန႔အထိ ေရႀကီးေနတဲ့အတြက္ စာသင္ေက်ာင္းေတြကို ပိတ္ထားရတယ္လို႔ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး  အတြင္းေရးမႉး ေနာ္ကေညာေဖာက ေျပာပါတယ္။

မယ္လအူး ကရင္ဒုကၡသည္စခန္းမွာ ၿပီးခဲ့တဲ့ႏွစ္  စက္တင္ဘာက မိုးသည္းထန္စြာ႐ြာသြန္း ေျမၿပိဳမႈေၾကာင့္ ကေလးငယ္ေတြအပါအ၀င္ ၁၀ ဦးခန႔္ေသဆုံးခဲ့ၿပီး လူ ၁၁ ဦးဒဏ္ရာရရွိခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013