DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြစ်ရေတက်လာ၍ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့
DVB
·
August 7, 2019
ဘီးလင်းမြစ်ရေတက်လာ၍ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့
Donate to DVB

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေတဲ့ အတွက် ဘီးလင်းမြို့က လူဦးရေ ၅ ထောင်ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့မနက် တိုင်းတာချက်အရ မွန်ပြည်နယ် ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၁၀၃၅ စင်တီမီတာထိ မြင့်တက်နေတာပါ။

မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်နေတာကြောင့် ဒေသခံပြည်သူ ၅ ထောင်ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ပို့ဆောင်ထားတယ်လို့ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က ပြောပါတယ်။ 

ဘီးလင်းမြစ်ရေနဲ့ ဒုံသမိမြစ်ရေမြင့်တက်လာတဲ့အတွက် ဘီးလင်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်း ၈ ကျောင်းနဲ့ အထက်တန်းကျောင်း ၃ ကျောင်းတို့ကို သြဂုတ်လ ၅ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ကယ်ဆယ်ရေးစခန်း ၂၈ ခုကိုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၁၂၅၆ အိမ်ထောင်စုမှ လူဦးရေ ၅၃၅၆ဦ းတို့မှာ ရေဘေးခိုလှုံရေးစခန်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ 

အခုနှစ်မှာ အဝေးပြေးလမ်းကို မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ထားတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအထိသာ ရေဝင်ရောက်နိုင်ပြီး ပမာဏအနေနဲ့ အရင်နှစ်ထက်ပိုမို များပြားနိုင်ကာ အဝေးပြေးကားလမ်း ပိတ်ဆို့မှုမရှိနိုင်တော့ဘူးလို့ ဘီးလင်းမြို့ ခလရ ၈ ဗိုလ်မှူးဇော်သက်လင်းက ပြောပါတယ်။ 

အခုနှစ်အတွင်းဘီးလင်းမြစ်ရေဟာ ဇူလိုင် ၉ ရက်နေ့က ပထမအကြိမ်၊ ဇူလိုင် ၂၅ ရက်နေ့က ဒုတိယအကြိမ်နဲ့ သြဂုတ် ၇ ရက်နေ့မှာ တတိယအကြိမ်မြောက်အဖြစ် မြင့်တက်ခဲ့တာပါ။ 

မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ချက်အရ  မဒေါက်မြို့၊ ရွှေကျင်မြို့၊ ဘားအံမြို့၊ မြ၀တီမြို့၊ သာပေါင်းမြို့၊ ဘီးလင်း စတဲ့မြို့ ၆ မြို့ရဲ့ မြစ်ရေ  စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဘီးလင္းျမစ္ေရတက္လာ၍ လူဦးေရ ၅၀၀၀ ေက်ာ္ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ ေျပာင္းေ႐ႊ႕

DVB

ဘီးလင္းျမစ္ေရ စိုးရိမ္ေရအမွတ္ကို ေက်ာ္လြန္ေနတဲ့ အတြက္ ဘီးလင္းၿမိဳ႕က လူဦးေရ ၅ ေထာင္ေက်ာ္ကို ေရေဘးကယ္ဆယ္ေရးစခန္းေတြကို ေျပာင္းေ႐ႊ႕ခဲ့ရတယ္လို႔ သိရပါတယ္။

ဒီေန႔မနက္ တိုင္းတာခ်က္အရ မြန္ျပည္နယ္ ဘီးလင္းျမစ္ေရဟာ ဘီးလင္းၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္အထက္ ၁၀၃၅ စင္တီမီတာထိ ျမင့္တက္ေနတာပါ။

ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ျမင့္တက္ေနတာေၾကာင့္ ေဒသခံျပည္သူ ၅ ေထာင္ေက်ာ္ကို ေရေဘးကယ္ဆယ္ေရးစခန္းေတြကို ေျပာင္းေ႐ႊ႕ပို႔ေဆာင္ထားတယ္လို႔ ဘီးလင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးလွထြဋ္က ေျပာပါတယ္။

ဘီးလင္းျမစ္ေရနဲ႔ ဒုံသမိျမစ္ေရျမင့္တက္လာတဲ့အတြက္ ဘီးလင္းၿမိဳ႕နယ္အတြင္းရွိ မူလတန္းေက်ာင္း ၈ ေက်ာင္းနဲ႔ အထက္တန္းေက်ာင္း ၃ ေက်ာင္းတို႔ကို ၾသဂုတ္လ ၅ ရက္ေန႔ကစၿပီး ယာယီပိတ္ထားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ကယ္ဆယ္ေရးစခန္း ၂၈ ခုကိုဖြင့္လွစ္ထားၿပီး အိမ္ေထာင္စု ၁၂၅၆ အိမ္ေထာင္စုမွ လူဦးေရ ၅၃၅၆ဦ းတို႔မွာ ေရေဘးခိုလႈံေရးစခန္းကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

အခုႏွစ္မွာ အေဝးေျပးလမ္းကို ျမႇင့္တင္ျခင္းလုပ္ငန္းေတြ ေဆာင္႐ြက္ထားတဲ့အတြက္ ၿမိဳ႕ေပၚရပ္ကြက္ေတြအထိသာ ေရဝင္ေရာက္ႏိုင္ၿပီး ပမာဏအေနနဲ႔ အရင္ႏွစ္ထက္ပိုမို မ်ားျပားႏိုင္ကာ အေဝးေျပးကားလမ္း ပိတ္ဆို႔မႈမရွိႏိုင္ေတာ့ဘူးလို႔ ဘီးလင္းၿမိဳ႕ ခလရ ၈ ဗိုလ္မႉးေဇာ္သက္လင္းက ေျပာပါတယ္။

အခုႏွစ္အတြင္းဘီးလင္းျမစ္ေရဟာ ဇူလိုင္ ၉ ရက္ေန႔က ပထမအႀကိမ္၊ ဇူလိုင္ ၂၅ ရက္ေန႔က ဒုတိယအႀကိမ္နဲ႔ ၾသဂုတ္ ၇ ရက္ေန႔မွာ တတိယအႀကိမ္ေျမာက္အျဖစ္ ျမင့္တက္ခဲ့တာပါ။

မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ခ်က္အရ  မေဒါက္ၿမိဳ႕၊ ေ႐ႊက်င္ၿမိဳ႕၊ ဘားအံၿမိဳ႕၊ ျမ၀တီၿမိဳ႕၊ သာေပါင္းၿမိဳ႕၊ ဘီးလင္း စတဲ့ၿမိဳ႕ ၆ ၿမိဳ႕ရဲ႕ ျမစ္ေရ  စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေနတယ္လို႔ သိရပါတယ္။

သတင္း - ယူမင္းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013