DVB Logo
Home
မြန်မာသတင်း
ကမ္ဘာမြေချစ်သူဆု လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ရရှိ
DVB
·
August 7, 2019
ကမ္ဘာမြေချစ်သူဆု လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ရရှိ
1 / 6
Donate to DVB

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကယ်ဒမီဆုတခု ဖြစ်တဲ့ ကမ္ဘာမြေချစ်သူဆု ၅ ကြိမ်မြောက် ပေးအပ်ပွဲကို သြဂုတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ IBC ခန်းမမှာ ကျင်းပခဲ့ပါတယ်။

သစ်ပင် တထောင် ရှင်သန်အောင် စိုက်ပျိုးနိုင်သူနဲ့ သဘာဝပတ်ဝန်းကျင်ကို ထူးခြားစွာ ထိန်းသိမ်းသူတွေကို ရွေးချယ်ဆုချီးမြှင့်ပေးတာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၁၆ ဦးကို ရွေးချယ် ဆုချီးမြှင့်ခဲ့ပါတယ်။

ကမ္ဘာမြေချစ်သူဆုကို ကွယ်လွန်သွားတဲ့ သစ်တောပညာရှင် ဦးအုန်းကနေ ၂၀၁၂ က စတင်ချီးမြှင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ လေးကြိမ် ချီးမြှင့်ခဲ့ပါတယ်။

သစ်တောပညာရှင် ဦးအုန်းရဲ့ ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၆ ကစပြီး ချီးမြှင့်ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၉ ကစပြီး သစ်တောပညာရှင် ဦးအုန်း မိသားစုနဲ့ ကမ္ဘာမြေချစ်သူ ဆုရွေးချယ်ရေးအဖွဲ့ကနေ ပြန်လည်ပေးအပ်ခဲ့တာပါ။

သစ်တောပညာရှင် ဦးအုန်းဟာ ပုပ္ပားတောင်ကတုံးကို စိမ်းလန်းစေခဲ့ပြီး ဒီရေတောတွေ ရှင်သန်စေခဲ့တဲ့အတွက် ဂျပန်နိုင်ငံကနေ ကမ္ဘာမြေချစ်သူဆုကို ချီးမြှင့်ခံခဲ့ရတာပါ။

ဂျပန်နိုင်ငံကနေ ဦးအုန်းကို ကမ္ဘာမြေချစ်သူဆု ပေးခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ဦးအုန်း မကွယ်လွန်မီကတည်းက ပြည်တွင်းမှာ ပြန်လည်ဆုချီးမြှင့်ခဲ့တာပါ။

ပဉ္စမအကြိမ် ကမ္ဘာမြေချစ်သူ ဆုရသူများကတော့ –

၁။ စိမ်းလဲ့တောင်ကြားခရီးသွားလုပ်ငန်း၊ ကလောမြို့

၂။ Fridays For Future (Strike for climate Myanmar) ရန်ကုန်မြို့

၃။ Dr သန်းထိုက်စိုး အ.ထ.က ၁၁ အောင်မြေသာဇံ၊ မန္တလေးမြို့

၄။ ဒေါ်ခင်သန်းဖြူ၊ ပန်းချီဆရာမ၊ ရန်ကုန်မြို့

၅။ ဦးသိန်းမော်၊ ဗာတီဗယ်၊ ရန်ကုန်မြို့

၆။ မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးသူများ၊ ရန်ကုန်

၇။ စိမ်းညို့မြိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နတ္တလင်း

၈။ ဖက်ဆွတ်ဝါးချစ်သူအဖွဲ့၊ ကသာ

၉။ Myanmar Organic Grower၊ ရန်ကုန်

၁၀။ ဦးကျော်မောင်၊ ရန်ကုန်

၁၁။ ဦးလှသိန်း၊ ကဝ

၁၂။ ဦးဝင်းရွှေ၊ ပြည်

၁၃။ ဦးရဲသိန်း၊ ညောင်တုန်း

၁၄။ ဦးဝင်းစိုး၊ ခင်ဦး

၁၅။ ဦးစိန်တိုး၊ တာမွေ

၁၆။ ဖာလိန်ဒေသခံများ၊ အံဒင်၊ မွန်ပြည်နယ်တို့ ဖြစ်ပါတယ်။




ကမာၻေျမခ်စ္သူဆု လူပုဂၢိဳလ္ႏွင့္အဖြဲ႕အစည္းမ်ား ရရွိ
ထြန္းထြန္းသိန္း

သဘာဝပတ္ဝန္းက်င္း ထိန္းသိမ္းေရးဆိုင္ရာ အကယ္ဒမီဆုတခု ျဖစ္တဲ့ ကမာၻေျမခ်စ္သူဆု၅ ႀကိမ္ေျမာက္ ေပးအပ္ပြဲကို ၾသဂုတ္လ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ IBC ခန္းမမွာ က်င္းပခဲ့ပါတယ္။

သစ္ပင္ တေထာင္ ရွင္သန္ေအာင္ စိုက္ပ်ိဳးႏိုင္သူနဲ႔ သဘာဝပတ္ဝန္းက်င္ကို ထူးျခားစြာ ထိန္းသိမ္းသူေတြကို ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္ေပးတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္အတြက္ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္း ၁၆ ဦးကို ေ႐ြးခ်ယ္ ဆုခ်ီးျမႇင့္ခဲ့ပါတယ္။

ကမာၻေျမခ်စ္သူဆုကို ကြယ္လြန္သြားတဲ့ သစ္ေတာပညာရွင္ ဦးအုန္းကေန ၂၀၁၂ က စတင္ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္အထိ ေလးႀကိမ္ ခ်ီးျမႇင့္ခဲ့ပါတယ္။

သစ္ေတာပညာရွင္ ဦးအုန္းရဲ႕ က်န္းမာေရး အေျခအေနေၾကာင့္ ၂၀၁၆ ကစၿပီး ခ်ီးျမႇင့္ျခင္း မရွိခဲ့ပါဘူး။ ၂၀၁၉ ကစၿပီး သစ္ေတာပညာရွင္ ဦးအုန္း မိသားစုနဲ႔ ကမာၻေျမခ်စ္သူ ဆုေ႐ြးခ်ယ္ေရးအဖြဲ႕ကေန ျပန္လည္ေပးအပ္ခဲ့တာပါ။

သစ္ေတာပညာရွင္ ဦးအုန္းဟာ ပုပၸားေတာင္ကတုံးကို စိမ္းလန္းေစခဲ့ၿပီး ဒီေရေတာေတြ ရွင္သန္ေစခဲ့တဲ့အတြက္ ဂ်ပန္ႏိုင္ငံကေန ကမာၻေျမခ်စ္သူဆုကို ခ်ီးျမႇင့္ခံခဲ့ရတာပါ။

ဂ်ပန္ႏိုင္ငံကေန ဦးအုန္းကို ကမာၻေျမခ်စ္သူဆု ေပးခဲ့တဲ့ အထိမ္းအမွတ္အေနနဲ႔ ဦးအုန္း မကြယ္လြန္မီကတည္းက ျပည္တြင္းမွာ ျပန္လည္ဆုခ်ီးျမႇင့္ခဲ့တာပါ။

ပၪၥမအႀကိမ္ ကမာၻေျမခ်စ္သူ ဆုရသူမ်ားကေတာ့ –
၁။ စိမ္းလဲ့ေတာင္ၾကားခရီးသြားလုပ္ငန္း၊ ကေလာၿမိဳ႕
၂။ Fridays For Future (Strike for climate Myanmar) ရန္ကုန္ၿမိဳ႕
၃။ Dr သန္းထိုက္စိုး အ.ထ.က ၁၁ ေအာင္ေျမသာဇံ၊ မႏၲေလးၿမိဳ႕
၄။ ေဒၚခင္သန္းျဖဴ၊ ပန္းခ်ီဆရာမ၊ ရန္ကုန္ၿမိဳ႕
၅။ ဦးသိန္းေမာ္၊ ဗာတီဗယ္၊ ရန္ကုန္ၿမိဳ႕
၆။ ျမတ္နိဗၺာန္ သစ္ပင္စိုက္ပ်ိဳးသူမ်ား၊ ရန္ကုန္
၇။ စိမ္းညိဳ႕ၿမိဳင္ပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ နတၱလင္း
၈။ ဖက္ဆြတ္ဝါးခ်စ္သူအဖြဲ႕၊ ကသာ
၉။ Myanmar Organic Grower၊ ရန္ကုန္
၁၀။ ဦးေက်ာ္ေမာင္၊ ရန္ကုန္
၁၁။ ဦးလွသိန္း၊ ကဝ
၁၂။ ဦးဝင္းေ႐ႊ၊ ျပည္
၁၃။ ဦးရဲသိန္း၊ ေညာင္တုန္း
၁၄။ ဦးဝင္းစိုး၊ ခင္ဦး
၁၅။ ဦးစိန္တိုး၊ တာေမြ
၁၆။ ဖာလိန္ေဒသခံမ်ား၊ အံဒင္၊ မြန္ျပည္နယ္တို႔ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013