DVB Logo
Home
မြန်မာသတင်း
Myanmar Sat 2 ဂြိုဟ်တု လွှတ်တင် (ရုပ်သံ - Live)
DVB
·
August 7, 2019
Myanmar Sat 2 ဂြိုဟ်တု လွှတ်တင် (ရုပ်သံ - Live)
Donate to DVB

Myanmar Sat 2 လွှတ်တင်စဉ် Live ရုပ်သံ...

နောက်ဆုံးပေါ် နည်းပညာအသုံးပြုထားတဲ့ မြန်မာပိုင် ဂြိုဟ်တု  Myanmar Sat 2 ကို  ဒီနေ့မနက်က တောင်အမေရိကတိုက် အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းမှ အောင်မြင်စွာလွှတ်တင်လိုက်တယ်လို့ သိရပါတယ်။

Myanmar Sat 2 ဂြိုဟ်တုရဲ့ အသုံးပြုနိုင်မယ့် ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် (MPT) က ဝယ်ယူအသုံးပြုမှာပြီး ကျန်ရှိနေတဲ့ ၂၀ ရာခိုင်နှုန်းကို ဝန်ကြီးဌာနတွေမှ ခွဲဝေဝယ်ယူအသုံးပြုသွားမယ်လို့ သိရပါတယ်။

 Myanmar Sat 2 လွှင့်တင်နိုင်ခဲ့တာကြောင့်  အရင်ကထက် ၁၀ ဆလောက်အထိ ပိုကောင်းတဲ့ ဆက်သွယ်မှုတွေရလာနိုင်ပြီး မိုဘိုင်းအင်တာနက်နဲ့ တခြားဆက်သွယ်ရေးတွေမှာလည်း မြန်နှုန်း ပိုရလာမယ်လို့ သိရပါတယ်။

Myanmar Sat 2 ဂြိုဟ်တုက ဂြိုဟ်တုလိုင်းအင်အား ၈၆၄ မဂ္ဂါဟတ်စ် (၈၆၄ MHz) ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင် အသုံးပြုနိုင်မှာဖြစ်ပြီး အစိုးရဝန်ကြီးဌာနတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေပါ အသုံးပြုနိုင်မယ်လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံပိုင် သတင်းဌာနကို ပြောကြားထားပါတယ်။

Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ဖို့  မြန်မာနိုင်ငံ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat ကုမ္ပဏီတို့ ၂၀၁၈ ဇွန် ၁ ရက်က သဘောတူ လက်မှတ်ရေးထိုးပြီး စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၅၅ သန်းကျော်ပါတယ်။

Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ဖို့ မြန်မာနိုင်ငံ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat ကုမ္ပဏီတို့ ၂၀၁၈ ဇွန် ၁ ရက်က သဘောတူ လက်မှတ်ရေးထိုးပြီး စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၅၅ သန်းကျော်ပါတယ်။

အရင်ကတော့ မြန်မာနိုင်ငံဟာ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်ကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုင်ငံပေါင်းစုံကနေ တဆင့် ငှားရမ်းအသုံးပြုနေခဲ့ရပြီး တနှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ပေးရတယ်လို့ သိရပါတယ်။

ဒီဂြိုလ်တုကြောင့် Microwave ဆက်ကြောင်းတွေ၊ ဖိုင်ဘာဆက်သွယ်ရေး ဆက်ကြောင်းတွေ မရရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသမကျန် အချိန်တိုအတွင်း ဆက်သွယ်မှုကို ရရှိစေနိုင်မှာဖြစ်သလို သဘာဝဘေးဒဏ် ကျရောက်တဲ့အခါလည်း အလျင်အမြန်ဆက် သွယ်မှုရရှိစေပြီး ပုံရိပ်နဲ့ဗွီဒီယိုတွေ၊ အချက်အလက်တွေကို ပေးပို့နိုင်တဲ့ အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကအောင်မြင်အောင် အထောက် အကူပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

အာကာသထဲ ရောက်သည့် အခြေအနေ ထုတ်လွှင့်ပြသမှု....




Myanmar Sat 2 ၿဂိဳဟ္တု လႊတ္တင္ (႐ုပ္သံ - Live)
DVB
ေနာက္ဆုံးေပၚ နည္းပညာအသုံးျပဳထားတဲ့ ျမန္မာပိုင္ ၿဂိဳဟ္တု Myanmar Sat 2 ကို ဒီေန႔မနက္က ေတာင္အေမရိကတိုက္ အာရိယန္ အာကာသဒုံးပ်ံပစ္လႊတ္ေရး အေျခစိုက္စခန္းမွ ေအာင္ျမင္စြာလႊတ္တင္လိုက္တယ္လို႔ သိရပါတယ္။

Myanmar Sat 2 ၿဂိဳဟ္တုရဲ႕ အသုံးျပဳႏိုင္မယ့္ ပမာဏရဲ႕ ၈၀ ရာခိုင္ႏႈန္းကို ျမန္မာ့ ဆက္သြယ္ေရး ကြန္ရက္ (MPT) က ဝယ္ယူအသုံးျပဳမွာၿပီး က်န္ရွိေနတဲ့ ၂၀ ရာခိုင္ႏႈန္းကို ဝန္ႀကီးဌာနေတြမွ ခြဲေဝဝယ္ယူအသုံးျပဳသြားမယ္လို႔ သိရပါတယ္။

Myanmar Sat 2 လႊင့္တင္ႏိုင္ခဲ့တာေၾကာင့္ အရင္ကထက္ ၁၀ ဆေလာက္အထိ ပိုေကာင္းတဲ့ ဆက္သြယ္မႈေတြရလာႏိုင္ၿပီး မိုဘိုင္းအင္တာနက္နဲ႔ တျခားဆက္သြယ္ေရးေတြမွာလည္း ျမန္ႏႈန္း ပိုရလာမယ္လို႔ သိရပါတယ္။

Myanmar Sat 2 ၿဂိဳဟ္တုက ၿဂိဳဟ္တုလိုင္းအင္အား ၈၆၄ မဂၢါဟတ္စ္ (၈၆၄ MHz) ကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ စတင္ အသုံးျပဳႏိုင္မွာျဖစ္ၿပီး အစိုးရဝန္ႀကီးဌာနေတြအျပင္ ပုဂၢလိကကုမၸဏီေတြပါ အသုံးျပဳႏိုင္မယ္လို႔ အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ၿပီးခဲ့တဲ့ ရက္ပိုင္းက ႏိုင္ငံပိုင္ သတင္းဌာနကို ေျပာၾကားထားပါတယ္။

Myanmar Sat 2 ၿဂိဳဟ္တု တည္ေဆာက္ႏိုင္ဖို႔ ျမန္မာႏိုင္ငံ သတင္းအခ်က္အလက္ နည္းပညာနဲ႔ ဆိုက္ဘာလုံၿခဳံေရးဦးစီးဌာနနဲ႔ Intelsat ကုမၸဏီတို႔ ၂၀၁၈ ဇြန္ ၁ ရက္က သေဘာတူ လက္မွတ္ေရးထိုးၿပီး စုစုေပါင္းကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၁၅၅ သန္းေက်ာ္ပါတယ္။

Myanmar Sat 2 ၿဂိဳဟ္တု တည္ေဆာက္ႏိုင္ဖို႔ ျမန္မာႏိုင္ငံ သတင္းအခ်က္အလက္ နည္းပညာနဲ႔ ဆိုက္ဘာလုံၿခဳံေရးဦးစီးဌာနနဲ႔ Intelsat ကုမၸဏီတို႔ ၂၀၁၈ ဇြန္ ၁ ရက္က သေဘာတူ လက္မွတ္ေရးထိုးၿပီး စုစုေပါင္းကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၁၅၅ သန္းေက်ာ္ပါတယ္။

အရင္ကေတာ့ ျမန္မာႏိုင္ငံဟာ ၿဂိဳဟ္တုဆက္သြယ္ေရးကြန္ရက္ကို အေမရိကန္၊ တ႐ုတ္၊ ထိုင္း၊ ဗီယက္နမ္၊ အင္ဒိုနီးရွားနဲ႔ ႏိုင္ငံေပါင္းစုံကေန တဆင့္ ငွားရမ္းအသုံးျပဳေနခဲ့ရၿပီး တႏွစ္ကို အေမရိကန္ေဒၚလာ ၁၀ သန္းေက်ာ္ ေပးရတယ္လို႔ သိရပါတယ္။

ဒီၿဂိဳလ္တုေၾကာင့္ Microwave ဆက္ေၾကာင္းေတြ၊ ဖိုင္ဘာဆက္သြယ္ေရး ဆက္ေၾကာင္းေတြ မရရွိေသးတဲ့ ျမန္မာႏိုင္ငံရဲ႕ ေဝးလံေခါင္ဖ်ားေဒသမက်န္ အခ်ိန္တိုအတြင္း ဆက္သြယ္မႈကို ရရွိေစႏိုင္မွာျဖစ္သလို သဘာဝေဘးဒဏ္ က်ေရာက္တဲ့အခါလည္း အလ်င္အျမန္ဆက္ သြယ္မႈရရွိေစၿပီး ပုံရိပ္နဲ႔ဗြီဒီယိုေတြ၊ အခ်က္အလက္ေတြကို ေပးပို႔ႏိုင္တဲ့ အတြက္ ကယ္ဆယ္ေရးလုပ္ငန္းေတြကို အဓိကေအာင္ျမင္ေအာင္ အေထာက္ အကူေပးႏိုင္ပါတယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013