DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များအတွက် အကူအညီတားမြစ်မှု ရုပ်သိမ်းရန် ကုလတောင်းဆို
DVB
·
December 7, 2012
ဒုက္ခသည်များအတွက် အကူအညီတားမြစ်မှု ရုပ်သိမ်းရန် ကုလတောင်းဆို
1 / 2
Donate to DVB

ကချင်ပြည်နယ်က စစ်ရှောင် ဒုက္ခသည်တွေထံကို ပေးမယ့်အကူအညီတွေကို အစိုးရက တားမြစ်ထားမှု အဆုံးသတ်ပေးပါလို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ကချင်လက်နက်ကိုင်နဲ့ အစိုးရတပ်ဖွဲတွေအကြား တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၇ သောင်း ၅ ထောင် နီးပါးရှိတဲ့အနက် ထက်ဝက်ကျော်ဆီကို အကူအညီပေးဖို့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အာမိုစ်က ပြောဆိုလိုက်တာဖြစ်ပြီး ဖယ်ရှားပေးဖို့ တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_34109" align="alignleft" width="300" caption="UN လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အာမိုစ်"][/caption]

ကချင် စစ်ပြေးဒုက္ခသည်စခန်းကို ဒီဇင်ဘာ ၆ ရက်နေ့က လည်ပတ်ခဲ့ပြီးနောက်မှာ ထုတ်ဖော်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ ဒီနှစ် ဇူလိုင်ကစလို့ အစိုးရ ထိန်းချုပ်ဧရိယာ အပြင်ဘက်က ဒုက္ခသည် ၃ သောင်း ၉ ထောင်ဆီကို ထောက်ပံ့ကူညီဖို့ ကုလသမဂ္ဂကို ခွင့်မပြုခဲ့ဘူးလို့ သူမက ပြောပါတယ်။

လုံခြုံရေးအကြောင်းပြပြီး သူပုန်နေရာတွေကို ထောက်ပံ့ရေးယာဉ်တန်းတွေ သွားခွင့် ပိတ်ပင်ခဲ့တာလို့ ပြောဆိုပါတယ်။  ဒေသခံအဖွဲ့တွေက အစားအသောက်နဲ့ တခြား ပြန်လည်ထူထောင်ရေး ကိစ္စတွေ ကူညီလုပ်ဆောင်နေပေမယ့် ဆောင်းတွင်းရောက်လာတာနဲ့အမျှ ပစ္စည်းတွေ ပြတ်လပ်လာတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တုန်းက စစ်ရှောင်စခန်းတွေကို အထောက်အပံ့မပေးနိုင်တာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုကို သူတင်ပြ ပြောဆိုခဲ့ပြီးပြီလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ထိတ်လန့်စရာကောင်းကြောင်း နဲ့ ပြည်နယ်အတွင်း ထွက်ပြေးနေရတဲ့ လူ ၁ သိန်း ၁ သောင်းလောက်ကို စိုးရိမ်ပူပန်ကြောင်း သူက ဖြည့်စွက်ပြောဆိုပါတယ်။

သူဟာ ၄ ရက်ကြာ မြန်မာပြည်ခရီးစဉ်တွင်းမှာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013