DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့မြို့ ရေဘုတ်ချောင်း မြေသားတမံ ကျိုးပေါက်၍ မိုးစပါးခင်းများ ရေနစ်မြုပ်
DVB
·
August 7, 2019
လှိုင်းဘွဲ့မြို့ ရေဘုတ်ချောင်း မြေသားတမံ ကျိုးပေါက်၍ မိုးစပါးခင်းများ ရေနစ်မြုပ်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘုတ်ချောင်း ရေလျှံမှုကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ မြေတမံ ကျိုးပေါက်ခဲ့တဲ့အတွက် စိုက်ပျိုးပြီး စပါးခင်း ဧက ၁၀၀ ခန့် ရေနစ်မြုပ်ခဲ့တယ်လို့ သြဂုတ် ၆ ရက်မှာ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြေသားတမံ ကျိုးပေါက်ကာ စိုက်ပျိုးပြီး လယ်တွေနဲ့ နေအိမ်တွေဆီ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးပြီး စပါးခင်းတွေ ပျက်စီးဆုံးရှုံးမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ၊ ဦးချိုမှုက “ကြိုတင်ပြီးတော့ ကျနော်တို့ကို ပြင်ပေးပါ။ လယ်သမားတွေ ဆုံးရှုံးမှု ဖြစ်တယ်။ သူတို့က မိုးတမ နှစ်မ ရွာပြီးမှ တမံကို ပိတ်တယ်။ တမံက မြေကြီးပဲ ဆိုတော့ မခိုင်တော့ ပြန်ကျိုးသွားတယ်” လို့ ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ၊ ဦးစီနယ်ကာနုက “မနှစ်ကတော့ မစိုက်ဖြစ်တဲ့ လယ်တွေက ဒီအတိုင်း ထားလိုက်ရတယ်။ နောက်နည်းနည်းပါးပါး ရတဲ့နေရာတွေက ရတယ်။ မရတဲ့ နေရာတွေက မရဘူး” လို့ ပြောပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တမံရေရှည်တည်တံရေး တာဝန်ခံ ဒုဦးစီးမှူး(မြို့ပြ)က “သူတို့က ဘယ်လိုမှ မြေကြီးမပေးဘူး။ ညှိလို့ မရတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ အုပ်ချုပ်ရေမှူးက မညှိပေးရင် ကျနော်တို့ ဆက်လုပ်လို့ မရဘူး။ မနေ့က တခေါက်လာတယ်။ ဒီအတိုင်းပဲ အဆင်မပြေဘူး”လို့ ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ၊ ဦးမလဲတလဲက “၂၀၃ တပ်ရင်းထဲမှာ ရေဖောက်လမ်း ရှိတယ်။ အဲဒီလမ်းကို ကျယ်အောင်ဖောက်ပေးရင် ဒီက ရေမနေဘူး။ စိုက်ပျိုးရေးသမားတွေရော လယ်သမားတွေရော မနည်းဘူး သက်သာမယ်”လို့ ပြောပါတယ်‌။

မိုးစပါး စိုက်ပျိုးကုန်ကျစရိတ် ၁ ဧက ၂ သိန်းကျော် ကုန်ကျပြီး ရေနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင် စိုက်ပျိုးရေးချေးငွေ ပြန်လည်ပေးဆပ်ဖို့နဲ့ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဒေသခံလယ်သမားတွေက ဆိုပါတယ်။

ရေဘုတ်ချောင်း မြေသားတမံကျိုးပေါက်မှုဟာ ၂၀၁၃ ခုနှစ်က ၁ ကြိမ်၊ ၂၀၁၈ ခုနှစ်က ၁ ကြိမ်ဖြစ်ပွားခဲ့ရာမှာ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမကြီး ရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ခရီးသွားလာမှု အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပြီး အခုအကြိမ် အပါအဝင် ၃ ကြိမ်မြောက် ထပ်မံကျိုးပေါက်ခဲ့တဲ့အတွက် ခိုင်ခံ့တဲ့ တမံအမျိုးအစားကို တည်ဆောက်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် သြဂုတ် ၆ ရက် မနက် ၉ နာရီခွဲအချိန် တိုင်းတာချက်အရ လှိုင်းဘွဲ့မြို့မှာ ၆ ဒသမ ၁၈ လက်မ ရွာသွန်းခဲ့ပြီး သြဂုတ် ၅ ရက်နေ့က ၅ ဒသမ ၁၉ လက်မစီ မိုးရွာသွန်းခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လႈိင္းဘြဲ႕ၿမိဳ႕ ေရဘုတ္ေခ်ာင္းေျမသားတမံ က်ိဳးေပါက္၍ မိုးစပါးခင္းမ်ား ေရနစ္ျမဳပ္

DVB

ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ထီလုံေက်း႐ြာမွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရဘုတ္ေခ်ာင္း ေရလွ်ံမႈကို ကာကြယ္ဖို႔ တည္ေဆာက္ထားတဲ့ ေျမတမံ က်ိဳးေပါက္ခဲ့တဲ့အတြက္ စိုက္ပ်ိဳးၿပီး စပါးခင္း ဧက ၁၀၀ ခန႔္ ေရနစ္ျမဳပ္ခဲ့တယ္လို႔ ၾသဂုတ္ ၆ ရက္မွာ ေဒသခံေတြက ဒီဗြီဘီကို ေျပာပါတယ္။

မိုးသည္းထန္စြာ ႐ြာသြန္းခဲ့တဲ့အတြက္ ေျမသားတမံ က်ိဳးေပါက္ကာ စိုက္ပ်ိဳးၿပီး လယ္ေတြနဲ႔ ေနအိမ္ေတြဆီ ေရဝင္ေရာက္မႈေတြ ျဖစ္ေပၚခဲ့ၿပီး စိုက္ပ်ိဳးၿပီး စပါးခင္းေတြ ပ်က္စီးဆုံးရႈံးမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတာပါ။

လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ထီလုံေက်း႐ြာ၊ ဦးခ်ိဳမႈက “ႀကိဳတင္ၿပီးေတာ့ က်ေနာ္တို႔ကို ျပင္ေပးပါ။ လယ္သမားေတြ ဆုံးရႈံးမႈ ျဖစ္တယ္။ သူတို႔က မိုးတမ ႏွစ္မ ႐ြာၿပီးမွ တမံကို ပိတ္တယ္။ တမံက ေျမႀကီးပဲ ဆိုေတာ့ မခိုင္ေတာ့ ျပန္က်ိဳးသြားတယ္” လို႔ ေျပာပါတယ္။

လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ထီလုံေက်း႐ြာ၊ ဦးစီနယ္ကာႏုက “မႏွစ္ကေတာ့ မစိုက္ျဖစ္တဲ့ လယ္ေတြက ဒီအတိုင္း ထားလိုက္ရတယ္။ ေနာက္နည္းနည္းပါးပါး ရတဲ့ေနရာေတြက ရတယ္။ မရတဲ့ ေနရာေတြက မရဘူး” လို႔ ေျပာပါတယ္။

ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈ စီမံခန႔္ခြဲေရးဦးစီးဌာန၊ တမံေရရွည္တည္တံေရး တာဝန္ခံ ဒုဦးစီးမႉး(ၿမိဳ႕ျပ)က “သူတို႔က ဘယ္လိုမွ ေျမႀကီးမေပးဘူး။ ညႇိလို႔ မရေတာ့ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးကို အေၾကာင္းၾကားတယ္။ အုပ္ခ်ဳပ္ေရမႉးက မညႇိေပးရင္ က်ေနာ္တို႔ ဆက္လုပ္လို႔ မရဘူး။ မေန႔က တေခါက္လာတယ္။ ဒီအတိုင္းပဲ အဆင္မေျပဘူး”လို႔ ေျပာပါတယ္။

လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ထီလုံေက်း႐ြာ၊ ဦးမလဲတလဲက “၂၀၃ တပ္ရင္းထဲမွာ ေရေဖာက္လမ္း ရွိတယ္။ အဲဒီလမ္းကို က်ယ္ေအာင္ေဖာက္ေပးရင္ ဒီက ေရမေနဘူး။ စိုက္ပ်ိဳးေရးသမားေတြေရာ လယ္သမားေတြေရာ မနည္းဘူး သက္သာမယ္”လို႔ ေျပာပါတယ္‌။

မိုးစပါး စိုက္ပ်ိဳးကုန္က်စရိတ္ ၁ ဧက ၂ သိန္းေက်ာ္ ကုန္က်ၿပီး ေရနစ္ျမဳပ္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြ ျဖစ္ေပၚလာရင္ စိုက္ပ်ိဳးေရးေခ်းေငြ ျပန္လည္ေပးဆပ္ဖို႔နဲ႔ မိသားစု စားဝတ္ေနေရးအတြက္ အခက္အခဲေတြ ရွိလာႏိုင္တယ္လို႔ ေဒသခံလယ္သမားေတြက ဆိုပါတယ္။

ေရဘုတ္ေခ်ာင္း ေျမသားတမံက်ိဳးေပါက္မႈဟာ ၂၀၁၃ ခုႏွစ္က ၁ ႀကိမ္၊ ၂၀၁၈ ခုႏွစ္က ၁ ႀကိမ္ျဖစ္ပြားခဲ့ရာမွာ ဘားအံ-လႈိင္းဘြဲ႕ ကားလမ္းမႀကီး ေရေက်ာ္မႈေတြ ျဖစ္ေပၚခဲ့တဲ့အတြက္ ခရီးသြားလာမႈ အခက္အခဲေတြ ျဖစ္ေပၚခဲ့ၿပီး အခုအႀကိမ္ အပါအဝင္ ၃ ႀကိမ္ေျမာက္ ထပ္မံက်ိဳးေပါက္ခဲ့တဲ့အတြက္ ခိုင္ခံ့တဲ့ တမံအမ်ိဳးအစားကို တည္ေဆာက္ေပးဖို႔ ေဒသခံေတြက ေတာင္းဆိုေနၾကပါတယ္။

ကရင္ျပည္နယ္အတြင္း မိုးသည္းထန္စြာ ႐ြာသြန္းခဲ့တဲ့အတြက္ ၾသဂုတ္ ၆ ရက္ မနက္ ၉ နာရီခြဲအခ်ိန္ တိုင္းတာခ်က္အရ လႈိင္းဘြဲ႕ၿမိဳ႕မွာ ၆ ဒသမ ၁၈ လက္မ ႐ြာသြန္းခဲ့ၿပီး ၾသဂုတ္ ၅ ရက္ေန႔က ၅ ဒသမ ၁၉ လက္မစီ မိုး႐ြာသြန္းခဲ့ပါတယ္။

သတင္း - ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013