DVB Logo
Home
မြန်မာသတင်း
ကုလ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်ကို မြန်မာအစိုးရ ပယ်ချ
DVB
·
August 6, 2019
ကုလ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်ကို မြန်မာအစိုးရ ပယ်ချ
Donate to DVB

စစ်တပ်ပိုင် စီးပွားရေးတွေကို စိစစ်ထိန်းချုပ်ဖို့အပါအဝင် နိုင်ငံတကာကနေ မြန်မာစစ်တပ်ကို ပိတ်ဆို့ဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို အခြေခံပြီး  အချက်အလက်ရှာဖွေရေးမစ်ရှင် စတင်ဖွဲ့စည်းကတည်းက ဆန့်ကျင် ကန့်ကွက်ခဲ့တယ်လို့ ဒီနေ့ပဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တာပါ။

အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာကို အသိအမှတ်ပြုမှာမဟုတ်ဘူး ဆိုတဲ့ မြန်မာရဲ့ရပ်တည်ချက်ကို ပြသခဲ့ပြီး ဖြစ်ကြောင်း၊ အစီရင်ခံစာဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ရည်ရွယ်ချက်နဲ့လုပ်တာလို့ မြင်ကြောင်း၊ ဒါဟာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အထောက်အကူ မဖြစ်စေဘူးလို့ ဆိုပါတယ်။

လူ့အခွင့်အရေးကိစ္စ အပါအဝင် နိုင်ငံတကာ အရေးကိစ္စရပ်တွေ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံတဲ့ ရပ်တည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ စိန်ခေါ်မှုတွေကို စီးပွားရေး ပိတ်ဆို့အရေးယူမှုများဖြင့် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေတယ်၊ တပ်မတော်အနေနဲ့လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးကောင်စီအနေနဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်တာဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းသာ ဖြစ်ပြီး အချက်အလက်ရှာဖွေရေးမစ်ရှင်နဲ့ အစီရင်ခံစာကိုလည်း လက်မခံဘဲ မြန်မာအစိုးရအနေနဲ့ မစ်ရှင်ရဲ့ သုံးသပ်ချက်တွေကို ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

  ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုတွေကို တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်မရောင်းချဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွှယ်ပတ်သက်တဲ့ စီးပွားရေး အဆက်အသွယ် အားလုံးကို အရေးယူပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့က သြဂုတ် ၅ ရက်နေ့က ကုလသမဂ္ဂ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုခဲ့တာပါ။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ဟာ စီးပွားရေးကဏ္ဍ အမျိုးပေါင်းစုံ၊ ဆောက်လုပ်ရေးနဲ့ ကျောက်မျက်ထုတ်ယူရေးကအစ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း စတဲ့ကဏ္ဍတို့မှ စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ နဲ့ အနီးကပ် ဆက်စပ်မှုရှိသော နောက်ထပ် စီးပွားရေးလုပ်ငန်းပေါင်း ၂၇ ခုတို့ကို ပိုင်ဆိုင်ထားတာကြောင့် တပ်မတော်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပိုမိုခိုင်မြဲစေပြီး တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စစ်ဆင်ရေးများအတွက် ငွေရေးကြေးရေး ထောက်ပံ့ပေးနေတယ်လို့ မစ်ရှင်က စွပ်စွဲထားတာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကုလ အခ်က္အလက္ရွာေဖြေရးမစ္ရွင္၏ ထုတ္ျပန္ခ်က္ကို ျမန္မာအစိုးရ ပယ္ခ်

စစ္တပ္ပိုင္ စီးပြားေရးေတြကို စိစစ္ထိန္းခ်ဳပ္ဖို႔အပါအဝင္ ႏိုင္ငံတကာကေန ျမန္မာစစ္တပ္ကို ပိတ္ဆို႔ဖို႔ေတာင္းဆိုထားတဲ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ရဲ႕ အစီရင္ခံစာကို ျမန္မာအစိုးရက ပယ္ခ်လိုက္ပါတယ္။
ျမန္မာႏိုင္ငံအေနနဲ႔ လူ႔အခြင့္အေရးေကာင္စီက အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ေတြကို အေျခခံၿပီး အခ်က္အလက္ရွာေဖြေရးမစ္ရွင္ စတင္ဖြဲ႕စည္းကတည္းက ဆန႔္က်င္ ကန႔္ကြက္ခဲ့တယ္လို႔ ဒီေန႔ပဲ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္တာပါ။
အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ရဲ႕ အစီရင္ခံစာကို အသိအမွတ္ျပဳမွာမဟုတ္ဘူး ဆိုတဲ့ ျမန္မာရဲ႕ရပ္တည္ခ်က္ကို ျပသခဲ့ၿပီး ျဖစ္ေၾကာင္း၊ အစီရင္ခံစာဟာ ျမန္မာႏိုင္ငံနဲ႔ ျမန္မာျပည္သူေတြရဲ႕ အက်ိဳးစီးပြားကို ထိခိုက္ေအာင္ ရည္႐ြယ္ခ်က္နဲ႔လုပ္တာလို႔ ျမင္ေၾကာင္း၊ ဒါဟာ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ စိန္ေခၚမႈေတြကို ေျဖရွင္းဖို႔ အေထာက္အကူ မျဖစ္ေစဘူးလို႔ ဆိုပါတယ္။
လူ႔အခြင့္အေရးကိစၥ အပါအဝင္ ႏိုင္ငံတကာ အေရးကိစၥရပ္ေတြ ေျဖရွင္းရာမွာ ပူးေပါင္းေဆာင္႐ြက္ေရးကို အေျခခံတဲ့ ရပ္တည္ခ်က္ကို ခိုင္မာစြာ ဆုပ္ကိုင္ထားၿပီး ေျပလည္ေအာင္ ေျဖရွင္းေဆာင္႐ြက္ဖို႔ လိုအပ္တဲ့ စိန္ေခၚမႈေတြကို စီးပြားေရး ပိတ္ဆို႔အေရးယူမႈမ်ားျဖင့္ ေျဖရွင္းႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ျမန္မာအစိုးရအေနနဲ႔ ရခိုင္ျပည္နယ္ အေရးကိစၥကို သီးျခားလြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ ဖြဲ႕စည္းေဆာင္႐ြက္ေနတယ္၊ တပ္မေတာ္အေနနဲ႔လည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားခဲ့တယ္ဆိုတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြကို စုံစမ္းစစ္ေဆးေရးေကာ္မရွင္ဖြဲ႕စည္းကာ စစ္ေဆးေနတယ္လို႔ ဆိုပါတယ္။
ဒါေၾကာင့္ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ ဖြဲ႕စည္းေဆာင္႐ြက္တာဟာ လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္လုပ္ေဆာင္ျခင္းျဖစ္ၿပီး ႏိုင္ငံတကာဥပေဒႏွင့္ လုပ္ထုံးလုပ္နည္းမ်ားကို ခ်ိဳးေဖာက္ျခင္းသာ ျဖစ္ၿပီး အခ်က္အလက္ရွာေဖြေရးမစ္ရွင္နဲ႔ အစီရင္ခံစာကိုလည္း လက္မခံဘဲ ျမန္မာအစိုးရအေနနဲ႔ မစ္ရွင္ရဲ႕ သုံးသပ္ခ်က္ေတြကို ျပတ္ျပတ္သားသား ပယ္ခ်လိုက္တယ္လို႔ ထုတ္ျပန္ထားပါတယ္။
ရခိုင္ျပည္နယ္ရွိ စိန္ေခၚမႈေတြကို တရားဥပေဒစိုးမိုးမႈျမႇင့္တင္ေရးနဲ႔ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ေဆာင္႐ြက္ျခင္းျဖင့္သာ ေျဖရွင္းႏိုင္လိမ့္မည္ဟု ျမန္မာႏိုင္ငံက ယုံၾကည္ထားတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
လက္နက္မေရာင္းခ်ဖို႔ အပါအဝင္ တပ္မေတာ္နဲ႔ ဆက္ႏႊယ္ပတ္သက္တဲ့ စီးပြားေရး အဆက္အသြယ္ အားလုံးကို အေရးယူေပးဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလအခ်က္အလက္ ရွာေဖြေရးမစ္ရွင္အဖြဲ႕က ၾသဂုတ္ ၅ ရက္ေန႔က ကုလသမဂၢ ႏိုင္ငံတကာကို တိုက္တြန္းေတာင္းဆိုခဲ့တာပါ။
တပ္မေတာ္ပိုင္ စီးပြားေရးလုပ္ငန္းေတြျဖစ္တဲ့ ဦးပိုင္လီမိတက္ (MEHL) နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) တို႔ဟာ စီးပြားေရးက႑ အမ်ိဳးေပါင္းစုံ၊ ေဆာက္လုပ္ေရးနဲ႔ ေက်ာက္မ်က္ထုတ္ယူေရးကအစ ကုန္ထုတ္လုပ္ငန္း၊ အာမခံလုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ဘဏ္လုပ္ငန္း စတဲ့က႑တို႔မွ စီးပြားေရးလုပ္ငန္းေပါင္း ၁၂၀ နဲ႔ အနီးကပ္ ဆက္စပ္မႈရွိေသာ ေနာက္ထပ္ စီးပြားေရးလုပ္ငန္းေပါင္း ၂၇ ခုတို႔ကို ပိုင္ဆိုင္ထားတာေၾကာင့္ တပ္မေတာ္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အာဏာကို ပိုမိုခိုင္ၿမဲေစၿပီး တပ္မေတာ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စစ္ဆင္ေရးမ်ားအတြက္ ေငြေရးေၾကးေရး ေထာက္ပံ့ေပးေနတယ္လို႔ မစ္ရွင္က စြပ္စြဲထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013