DVB Logo
Home
မြန်မာသတင်း
ရွှေကျင် ရေဘေးရှောင်ပြည်သူ ၂၄၀၀ ကျော် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံ
DVB
·
August 6, 2019
ရွှေကျင် ရေဘေးရှောင်ပြည်သူ ၂၄၀၀ ကျော် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံ
1 / 6
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် ရေဘေးရှောင်ပြည်သူ ၂၄၀၀ ကျော် ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သြဂုတ် ၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် စစ်တောင်းမြစ်ရေနဲ့ ရွှေကျင်မြစ်ရေတို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာခဲ့ပြီး သြဂုတ် ၃ ရက်နေ့က စတင်ကာ မြစ်ကမ်းနံဘေး ရပ်ကွက်ကျေးရွာတွေကို ရေစတင်ဝင်ရောက်ခဲ့တာပါ။

ခုချိန်မှာ အိမ်ထောင်စု ၄၈၀ ကျော်၊ လူဦးရေ ၂၄၀၀ ကျော်ဟာ နီးစပ်ရာ ဆွေမျိုးတွေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ အရေးပေါ် ပြောင်းရွှေ့ပြီး ယာယီခိုလှုံနေရတာလို့ ဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “ကွပ်ကဲရေးရုံး ဖွင့်လှစ်ပြီးတော့ ကယ်ဆယ်ရေးစခန်း သတ်သတ်မှတ်မှတ် ထားပြီး ဆောင်ရွက်တဲ့ အစီအစဉ်တော့ မရှိသေးပါဘူး။ လာမယ့်ရက်တွေပေါ်မှာ မိုးရေချိန် မြစ်ရေချိန်ကို ကြည့်ပြီး အခြေအနေပေါ် မူတည်ပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်မယ်၊ မြို့နယ်ကွပ်ကဲရေးရုံးတွေ ဖွင့်ပြီး ထောက်ပံ့တဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်အောင် စီမံထားပါတယ်။”

မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၉ ကျောင်း ပိတ်ထားခဲ့ရပြီ ရပ်ကွက်ကျေးရွာအုပ်စု ၁၀ အုပ်စုက ဒေသခံတွေ ရေဘေးဒဏ်ခံနေရပြီ နေထိုင်စရာနဲ့ သောက်သုံးရေ အခက်အခဲတွေ ရှိနေပါတယ်။

ရွှေကျင်မြို့ရဲ့ ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ်ဟာ ၇၀၀ စင်တီမီတာဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့ ၈ နာရီခွဲ နောက်ဆုံးတိုင်းတာချက်အရ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၇၆၅ စင်တီမီတာကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းနေပြီး မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် ရေကြီး မြေပြိုမှု အန္တရာယ် သတိပြုကြဖို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြို၊ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါထယ်။

သတင်း - နေလင်းထိုက်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

 

ေ႐ႊက်င္ ေရေဘးေရွာင္ျပည္သူ ၂၄၀၀ ေက်ာ္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ ခိုလႈံ

DVB

ပဲခူးတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္မွာ မိုးအဆက္မျပတ္ ႐ြာသြန္းၿပီး ျမစ္ေရတက္လာတာေၾကာင့္ ေရေဘးေရွာင္ျပည္သူ ၂၄၀၀ ေက်ာ္ ဘုန္းႀကီးေက်ာင္းေတြမွာ ယာယီခိုလႈံေနရတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ၾသဂုတ္ ၁ ရက္ေန႔ကစၿပီး မိုးအဆက္မျပတ္ ႐ြာခဲ့တာေၾကာင့္ စစ္ေတာင္းျမစ္ေရနဲ႔ ေ႐ႊက်င္ျမစ္ေရတို႔ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္လာခဲ့ၿပီး ၾသဂုတ္ ၃ ရက္ေန႔က စတင္ကာ ျမစ္ကမ္းနံေဘး ရပ္ကြက္ေက်း႐ြာေတြကို ေရစတင္ဝင္ေရာက္ခဲ့တာပါ။

ခုခ်ိန္မွာ အိမ္ေထာင္စု ၄၈၀ ေက်ာ္၊ လူဦးေရ ၂၄၀၀ ေက်ာ္ဟာ နီးစပ္ရာ ေဆြမ်ိဳးေတြအိမ္နဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ အေရးေပၚ ေျပာင္းေ႐ႊ႕ၿပီး ယာယီခိုလႈံေနရတာလို႔ ဆိုပါတယ္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္းလင္းက “ကြပ္ကဲေရး႐ုံး ဖြင့္လွစ္ၿပီးေတာ့ ကယ္ဆယ္ေရးစခန္း သတ္သတ္မွတ္မွတ္ ထားၿပီး ေဆာင္႐ြက္တဲ့ အစီအစဥ္ေတာ့ မရွိေသးပါဘူး။ လာမယ့္ရက္ေတြေပၚမွာ မိုးေရခ်ိန္ ျမစ္ေရခ်ိန္ကို ၾကည့္ၿပီး အေျခအေနေပၚ မူတည္ၿပီး ကယ္ဆယ္ေရးစခန္းေတြ ဖြင့္မယ္၊ ၿမိဳ႕နယ္ကြပ္ကဲေရး႐ုံးေတြ ဖြင့္ၿပီး ေထာက္ပံ့တဲ့ ကိစၥေတြကို ေဆာင္႐ြက္ႏိုင္ေအာင္ စီမံထားပါတယ္။”

ျမစ္ေရႀကီးမႈေၾကာင့္ စာသင္ေက်ာင္း ၉ ေက်ာင္း ပိတ္ထားခဲ့ရၿပီ ရပ္ကြက္ေက်း႐ြာအုပ္စု ၁၀ အုပ္စုက ေဒသခံေတြ ေရေဘးဒဏ္ခံေနရၿပီ ေနထိုင္စရာနဲ႔ ေသာက္သုံးေရ အခက္အခဲေတြ ရွိေနပါတယ္။

ေ႐ႊက်င္ၿမိဳ႕ရဲ႕ ေ႐ႊက်င္ျမစ္ေရ စိုးရိမ္ေရမွတ္ဟာ ၇၀၀ စင္တီမီတာျဖစ္ၿပီး ၾသဂုတ္လ ၆ ရက္ေန႔ ၈ နာရီခြဲ ေနာက္ဆုံးတိုင္းတာခ်က္အရ အဆိုပါၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္အထက္ ၇၆၅ စင္တီမီတာကို ေရာက္ရွိေနတာလည္း ျဖစ္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ေနာက္ ၄၈ နာရီအတြင္း ပိုမိုအားေကာင္းေနၿပီး မိုးႀကီး ေလျပင္းတိုက္ျခင္းေၾကာင့္ ေရႀကီး ေျမၿပိဳမႈ အႏၲရာယ္ သတိျပဳၾကဖို႔ မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ထားပါတယ္။

ကုန္းျမင့္ေဒသအနီးနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳ၊ ေရႀကီး၊ ေရလွ်ံတာေတြ ျဖစ္ေပၚႏိုင္ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ တိုက္တြန္းထားပါထယ္။

သတင္း - ေနလင္းထိုက္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013