DVB Logo
Home
မြန်မာသတင်း
ဝက်သားထုတ်လုပ်မှု စနစ်တကျ စစ်ဆေးနေဟု သားသတ်ရုံနှင့် တိရစ္ဆာန်ဆေးကုဌာန ပြော
DVB
·
August 6, 2019
ဝက်သားထုတ်လုပ်မှု စနစ်တကျ စစ်ဆေးနေဟု သားသတ်ရုံနှင့် တိရစ္ဆာန်ဆေးကုဌာန ပြော
Donate to DVB

အာဖရိက ဝက်တုပ်ကွေးရောဂါ မကူးစက်အောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရန်ကုန်မှာ ဝက်သား ထုတ်လုပ်တာတွေကို နေ့စဉ် စစ်ဆေးပြီးမှ စနစ်တကျ ထုတ်လုပ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ သားသတ်ရုံနှင့် တိရစ္ဆာန်ဆေးကုဌာနက ပြောပါတယ်။

လက်ရှိမှာ အိမ်နီးချင်းနိုင်ငံတချို့နဲ့ မြန်မာနိုင်ငံနယ်စပ်တို့မှာ ဝက်တုပ်ကွေး ဖြစ်ပွားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အခုလို ပြောဆိုသွားတာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ သားသတ်ရုံနှင့် တိရစ္ဆာန်ဆေးကုဌာနက ဌာနမှူး ဦးမင်းအောင်က “ကြိုတင်ပြင်ဆင်ထားပါတယ်။ နေ့စဉ် အသား ထုတ်လုပ်တဲ့အခါမှာလည်း သေချာဂရုတစိုက်နဲ့ စစ်ဆေးပါတယ်။ ဒီရောဂါက ရောက်လာပြီဆိုရင် ခြံလိုက် သေတာ ဖြစ်တဲ့အတွက် သိသာထင်ရှားတဲ့ အနေအထားတော့ ရှိပါတယ်။ တကောင်တလေ ဖြစ်တဲ့ အနေထား မဟုတ်ပါဘူး။ ဒါတွေကိုလည်း တိမွေး-ကုက ကြိုတင်ပြင်ဆင်ထားပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့အတွက် YCDC လက်အောက်က ရွာသာကြီး အသားထုတ်ရုံကနေ တရက် ကောင်ရေ ၄၅၀-၅၅၀ ကြားနဲ့ အင်းစိန် အသားထုတ်ရုံကနေ တရက် ကောင်ရေ ၉၀၀-၁၀၀၀ ကြား ထုတ်လုပ်နေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားဒေသမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဝက်ကောင်ရေ ၂၀၀ ကျော် သေဆုံးသွားသလို ကောင် ၂၀၀၀ ကျော်ကိုလည်း သုတ်သင်ရှင်းလင်းလိုက်တယ်လို့ မိုင်းလားအဖွဲ့ ပြောပါတယ်။

ဝ လက်ကိုင်အဖွဲ့ (UWSA) နယ်မြေမှာလည်း အာဖရိက ဝက်တုပ်ကွေးရောဂါ အနည်းအကျဉ်း ဖြစ်ပွားနေတယ်လို့ ဝ တပ်ဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံရှိ ပြည်နယ်အနှံ့မှာ ပြီးခဲ့တဲ့နှစ်က အာဖရိက ဝက်တုပ်ကွေးရောဂါ (Africa Swine Flu) ကြောင့် ဝက်အကောင်ရေ ၁ သန်းကျော် ဖျက်ဆီးခဲ့ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဝက္သားထုတ္လုပ္မႈ စနစ္တက် စစ္ေဆးေနဟု သားသတ္႐ုံႏွင့္ တိရစာၦန္ေဆးကုဌာန ေျပာ

DVB

အာဖရိက ဝက္တုပ္ေကြးေရာဂါ မကူးစက္ေအာင္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ရန္ကုန္မွာ ဝက္သား ထုတ္လုပ္တာေတြကို ေန႔စဥ္ စစ္ေဆးၿပီးမွ စနစ္တက် ထုတ္လုပ္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ သားသတ္႐ုံႏွင့္ တိရစာၦန္ေဆးကုဌာနက ေျပာပါတယ္။

လက္ရွိမွာ အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕နဲ႔ ျမန္မာႏိုင္ငံနယ္စပ္တို႔မွာ ဝက္တုပ္ေကြး ျဖစ္ပြားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့အေပၚ အခုလို ေျပာဆိုသြားတာပါ။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ သားသတ္႐ုံႏွင့္ တိရစာၦန္ေဆးကုဌာနက ဌာနမႉး ဦးမင္းေအာင္က “ႀကိဳတင္ျပင္ဆင္ထားပါတယ္။ ေန႔စဥ္ အသား ထုတ္လုပ္တဲ့အခါမွာလည္း ေသခ်ာဂ႐ုတစိုက္နဲ႔ စစ္ေဆးပါတယ္။ ဒီေရာဂါက ေရာက္လာၿပီဆိုရင္ ၿခံလိုက္ ေသတာ ျဖစ္တဲ့အတြက္ သိသာထင္ရွားတဲ့ အေနအထားေတာ့ ရွိပါတယ္။ တေကာင္တေလ ျဖစ္တဲ့ အေနထား မဟုတ္ပါဘူး။ ဒါေတြကိုလည္း တိေမြး-ကုက ႀကိဳတင္ျပင္ဆင္ထားပါတယ္”လို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕အတြက္ YCDC လက္ေအာက္က ႐ြာသာႀကီး အသားထုတ္႐ုံကေန တရက္ ေကာင္ေရ ၄၅၀-၅၅၀ ၾကားနဲ႔ အင္းစိန္ အသားထုတ္႐ုံကေန တရက္ ေကာင္ေရ ၉၀၀-၁၀၀၀ ၾကား ထုတ္လုပ္ေနပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ အထူးေဒသ ၄ မိုင္းလားေဒသမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြားေနၿပီး ဝက္ေကာင္ေရ ၂၀၀ ေက်ာ္ ေသဆုံးသြားသလို ေကာင္ ၂၀၀၀ ေက်ာ္ကိုလည္း သုတ္သင္ရွင္းလင္းလိုက္တယ္လို႔ မိုင္းလားအဖြဲ႕ ေျပာပါတယ္။

ဝ လက္ကိုင္အဖြဲ႕ (UWSA) နယ္ေျမမွာလည္း အာဖရိက ဝက္တုပ္ေကြးေရာဂါ အနည္းအက်ဥ္း ျဖစ္ပြားေနတယ္လို႔ ဝ တပ္ဖြဲ႕က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံရွိ ျပည္နယ္အႏွံ႔မွာ ၿပီးခဲ့တဲ့ႏွစ္က အာဖရိက ဝက္တုပ္ေကြးေရာဂါ (Africa Swine Flu) ေၾကာင့္ ဝက္အေကာင္ေရ ၁ သန္းေက်ာ္ ဖ်က္ဆီးခဲ့ရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013