DVB Logo
Home
မြန်မာသတင်း
အမျိုးသားအောင်ပွဲနေ့ ၀ါရင့်နိုင်ငံရေးသမားကြီးများ ကျင်းပမည်မဟုတ်
DVB
·
December 7, 2012
Donate to DVB

ရန်ကုန်မြို့က ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေနေအိမ်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပွဲကို ဒီနှစ်မှာ ကျင်းပဖို့ မရှိဘူးလို့ ၀ါရင့်နိုင်ငံရေး သမားကြီးတွေ က ပြောပါတယ်။

သခင်သိန်းဖေအပါအ၀င် ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အတော်များများ အသက်အရွယ် ကြီးရင့်နေကြပြီး ကျန်းမာရေးချို့ယွင်းနေပြီဖြစ်တဲ့အတွက် မကျင်းပဖြစ်တာလို့ သခင်ချန်ထွန်းက ပြောပါတယ်။

တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် အမျိုးသားနေ့ရောက်တိုင်း ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ သခင်ဟောင်းတွေဟာ သခင်သိန်းဖေနေအိမ်မှာ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသားပြည်လည်သင့်မြတ်ရေးလုပ်ဆောင်ဖို့ စစ်အစိုးရကို တစိုက်မတ်မတ် တောင်းဆိုလေ့ရှိခဲ့တာပါ။

အခုနှစ်မှာတော့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကိုယ်တိုင် မကျင်းပနိုင်ပေမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက တော်ဝင်နှင်းဆီမှာ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကိုယ်စား အမျိုးသားနေ့ အထိမ်းအမှတ်ပွဲတခုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျရောက်မယ့် ၉၂ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါတီဌာနချုပ်မှာ ကျင်းပဖို့ ရှိနေပါတယ်။
ဒီအခမ်းအနားမှာ ကိုလေးအင်းဝ၊ နုနုရည်၊ ဖျာပုံနီလုံဦး စတဲ့ စာရေးဆရာတွေက အမျိုးသားနေ့နဲ့ ပတ်သက်ပြီး စာပေဟောပြောပွဲကြဖို့ ရှိနေတယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013