DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်တွင် စက်လှေတစီးနစ်မြုပ်၊ လူ ၂ ဦး ပျောက်ဆုံးနေ
DVB
·
August 6, 2019
ဂွမြို့နယ်တွင် စက်လှေတစီးနစ်မြုပ်၊ လူ ၂ ဦး ပျောက်ဆုံးနေ
Donate to DVB

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ သြဂုတ် ၄ ရက်နေ့ နေ့လယ်ပိုင်းက စက်လှေတစီး နစ်မြုပ်ပြီး လူနှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

သြဂုတ် ၄ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှာ ဂွမြို့ရဲ့ တဖက်ကမ်းမှာရှိတဲ့ ချောင်းသားကြီးကျေးရွာက ကွမ်းညွန့်ခူးပြီး ဂွမြို့ကို အပြန် အုန်းပင်ချောင်းဝအနီးမှာ စက်လှေ နစ်မြုပ်သွားခဲ့တာပါ။ 

စက်လှေပေါ်မှာ လိုက်ပါလာသူ ၃ ဦးအနက် တဦးမှာ ကမ်းကို ကူးခတ်ရောက်ရှိလာပြီး ၂ ဦး ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။

ဂွမြို့နယ် မီးသတ်တပ်ဖွဲ့၊ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက “စက်လှေနစ်တာတော့ လောလောဆယ်တော့ အလောင်းတွေ မတွေ့သေးဘူး။ အလောင်း ၂ လောင်းပေါ့။ သူတို့က ကွမ်းညွန့် သွားချိုးတာ။ ကွမ်းညွန့်ချိုးပြီး ပြန်ဆင်းလာတာပေါ့။ အဲဒီမှာ ချောင်းသာအဆုံး မြုပ်တဲ့ နေရာနားမှာ ရေဝဲတခု ရှိတယ်လို့ ကြားတယ်။ အဲဒီရေဝဲထဲမှာ လှေက ကျပြီးတော့ မြုပ်သွားတာ။ စက်လှေမှာက ၃ ယောက် လိုက်လာတာ။ ၁ ယောက်က ဝဲထဲကနေ ကူးရင်းနဲ့ ကမ်းခြေကို ရောက်သွားတော့ သူက အသက်ရှင်သွားတယ်။ ၂ ယောက်ကကျတော့ ဝဲထဲမှာ အလယ်ကို ကျသွားတော့ ရေထဲ နစ်သွားတာပေါ့” လို့ ပြောပါတယ်။

စက်လှေပေါ် လိုက်ပါလာသူတွေအနက် ချောင်းသာကြီးကျေးရွာက အသက် ၂၇ နှစ်အရွယ် မောင်အေးမင်းထွန်းနဲ့ အသက် ၄၅ နှစ် အရွယ် ဦးလှမြင့်တို့ ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပြီးတော့ ဂွမြို့ပေါ်ရပ်ကွက်က အသက် ၃၀ အရွယ် ဦးဇော်နိုင်ဦး ၁ ယောက်ကသာ ကမ်းကို ကူးခတ်လာနိုင်တာကြောင့် အသက်ရှင်သွားတာလို့ ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပေမယ့် လက်ရှိအချိန်ထိတော့ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီနှစ်မိုးရာသီအတွင်း ရာသီဥတု ဆိုးရွားနေပြီး စက်လှေနစ်မြုပ်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်နေပါတယ်။

သတင်း-ဝဏ္ဏခွာညို

ဓာတ်ပုံ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

 

ဂြၿမိဳ႕နယ္တြင္ စက္ေလွတစီးနစ္ျမဳပ္၊ လူ ၂ ဦး ေပ်ာက္ဆုံးေန

DVB

ရခိုင္ျပည္နယ္ေတာင္ပိုင္း ဂြၿမိဳ႕နယ္မွာ ၾသဂုတ္ ၄ ရက္ေန႔ ေန႔လယ္ပိုင္းက စက္ေလွတစီး နစ္ျမဳပ္ၿပီး လူႏွစ္ဦး ေပ်ာက္ဆုံးေနတယ္လို႔ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕က ေျပာပါတယ္။

ၾသဂုတ္ ၄ ရက္ေန႔၊ ေန႔လယ္ ၂ နာရီေလာက္မွာ ဂြၿမိဳ႕ရဲ႕ တဖက္ကမ္းမွာရွိတဲ့ ေခ်ာင္းသားႀကီးေက်း႐ြာက ကြမ္းၫြန႔္ခူးၿပီး ဂြၿမိဳ႕ကို အျပန္ အုန္းပင္ေခ်ာင္းဝအနီးမွာ စက္ေလွ နစ္ျမဳပ္သြားခဲ့တာပါ။

စက္ေလွေပၚမွာ လိုက္ပါလာသူ ၃ ဦးအနက္ တဦးမွာ ကမ္းကို ကူးခတ္ေရာက္ရွိလာၿပီး ၂ ဦး ေပ်ာက္ဆုံးသြားတာလို႔ ဆိုပါတယ္။

ဂြၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕၊ ဦးစီးအရာရွိ ဦးမ်ိဳးမင္းထြန္းက “စက္ေလွနစ္တာေတာ့ ေလာေလာဆယ္ေတာ့ အေလာင္းေတြ မေတြ႕ေသးဘူး။ အေလာင္း ၂ ေလာင္းေပါ့။ သူတို႔က ကြမ္းၫြန႔္ သြားခ်ိဳးတာ။ ကြမ္းၫြန႔္ခ်ိဳးၿပီး ျပန္ဆင္းလာတာေပါ့။ အဲဒီမွာ ေခ်ာင္းသာအဆုံး ျမဳပ္တဲ့ ေနရာနားမွာ ေရဝဲတခု ရွိတယ္လို႔ ၾကားတယ္။ အဲဒီေရဝဲထဲမွာ ေလွက က်ၿပီးေတာ့ ျမဳပ္သြားတာ။ စက္ေလွမွာက ၃ ေယာက္ လိုက္လာတာ။ ၁ ေယာက္က ဝဲထဲကေန ကူးရင္းနဲ႔ ကမ္းေျခကို ေရာက္သြားေတာ့ သူက အသက္ရွင္သြားတယ္။ ၂ ေယာက္ကက်ေတာ့ ဝဲထဲမွာ အလယ္ကို က်သြားေတာ့ ေရထဲ နစ္သြားတာေပါ့” လို႔ ေျပာပါတယ္။

စက္ေလွေပၚ လိုက္ပါလာသူေတြအနက္ ေခ်ာင္းသာႀကီးေက်း႐ြာက အသက္ ၂၇ ႏွစ္အ႐ြယ္ ေမာင္ေအးမင္းထြန္းနဲ႔ အသက္ ၄၅ ႏွစ္ အ႐ြယ္ ဦးလွျမင့္တို႔ ၂ ဦး ေပ်ာက္ဆုံးေနဆဲ ျဖစ္ၿပီးေတာ့ ဂြၿမိဳ႕ေပၚရပ္ကြက္က အသက္ ၃၀ အ႐ြယ္ ဦးေဇာ္ႏိုင္ဦး ၁ ေယာက္ကသာ ကမ္းကို ကူးခတ္လာႏိုင္တာေၾကာင့္ အသက္ရွင္သြားတာလို႔ ဆိုပါတယ္။

မီးသတ္တပ္ဖြဲ႕နဲ႔ ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး ရွာေဖြကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနၾကေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ ရွာမေတြ႕ေသးဘူးလို႔ သိရပါတယ္။ ရခိုင္ျပည္နယ္မွာ ဒီႏွစ္မိုးရာသီအတြင္း ရာသီဥတု ဆိုး႐ြားေနၿပီး စက္ေလွနစ္ျမဳပ္မႈေတြလည္း မၾကာခဏဆိုသလို ျဖစ္ေနပါတယ္။

သတင္း-ဝဏၰခြာညိဳ

ဓာတ္ပုံ ရခိုင္ျပည္နယ္မီးသတ္တပ္ဖြဲ႕

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013