DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် လက်နက်ခဲယမ်းများနှင့် စကားပြောစက်များ ဖမ်းမိ
DVB
·
August 6, 2019
ကလေးမြို့နယ်တွင် လက်နက်ခဲယမ်းများနှင့် စကားပြောစက်များ ဖမ်းမိ
Donate to DVB

ကလေးမြို့ မြောက်ဘက် လက်ပန်ချောင်းရွာမှာ သြဂုတ်လ ၄ ရက် ညနေပိုင်းက  မူးယစ်ဆေး ရှာဖွေရာကနေ ချင်းအမျိုးသားတဦးထံက လက်နက်တွေနဲ့အတူ စကားပြောစက်တွေပါ တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ နယ်မြေရဲကင်းစခန်း အရာရှိက ပြောပါတယ်။

လက်ပန်ချောင်းရွာဟာ ကလေးမြို့နယ် ၁၅ မိုင်ကျော် ကွာဝေးပြီး အဲဒီရွာ နံပါတ် ၄ ရပ်ကွက်မှာနေတဲ့ ချင်းအမျိူးသား မင်းထန်ဇားဝါး ဆိုသူထံက လက်နက်ခဲယမ်းများနဲ့ စကားပြောစက် ၆ လုံး လက်ပံချောင်း နယ်မြေရဲ၊ ခရိုင် ဒ/န အဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့တို့က ပူးပေါင်း ဖမ်းဆီးရမိခဲ့တာပါ။

ကလေးခရိုင် ဒုစရိုက်မှု ကာကွယ်နှိမ်နှင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ဦးစီးပူးပေါင်းအဖွဲ့တွေဟာ မူးယစ်ဆေးဝါးသတင်းအရ မင်းထန်ဇားဝါရဲ့ နေအိမ်ထဲ ဝင်ရောက် ရှာဖွေရာက မူးယစ်ဆေးဝါး တစုံတရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ အိပ်ခန်းအတွင်း အိမ်သာ မျက်နှာကြက်ပေါ်မှာ အဆိုပါလက်နက်နဲ့ စကားပြောစက်တွေ ဖမ်းဆီးရမိခဲ့တာပါ/

လက်ပန်ချောင်း နယ်မြေရဲကင်းမှူး ဒုရဲအုပ် ဇာဇာမင်းက “မူးယစ်ဆေးဝါး သတင်းရတာနဲ့ မူးယစ်အထူးအဖွဲ့တို့ ခရိုင် ဒ.က.စ တို့ လက်ပံချောင်း ရဲကင်းအဖွဲ့တို့ ဝင်ဖမ်းတာပေါ့။ သူ့အိမ်ကို ဝင်ခဲ့တော့ အိပ်ခန်းထဲမှာရှိတဲ့ အိမ်သာရဲ့ မျက်နှာကြက်ကနေ မိတာပေါ့။ လက်နက်ခဲယမ်းတွေရယ်၊ စကားပြောစက်တွေ မိတာ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ တရားစွဲဆိုနိုင်ရေး လုပ်ဆောင်နေပါတယ်” လို့  ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်တွေကတော့ စနိုက်ပါတပ်လျက် ပွိုင့် ၂၂ သေနတ်အရှည် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ နှစ်လုံးပြူးပြောင်းရှည် ၁ လက်၊ ကျည် ၃၉ တောင့်၊လေသေနတ် ၂ လက်(အတို ၁၊ အရှည် ၁)၊ လေသေနတ်ကျည် အတောင့် ၄၀၀ ပါ သံဘူး ၅ ဘူး၊ ဂက်(စ်) ပစ္စတို ၂ လက်၊ ဂက်(စ်)ဗူး ၈၅ ဘူး၊ ဘောစေ့ ၈၀၀ လုံးစီပါ ၃ ဘူး၊ စနိုက်ပါမှန်ပြောင်း အတို ၁ ခု အရှည် ၄ ခု၊ မှန်ပြောင်း ၂ ခု၊ တရုတ်နိုင်ငံထုတ် လမ်းလျှောက် စကားပြောစက် ၆ လုံး၊ အားသွင်းခုံ ၄ ခုနှင့် သေနတ်အိတ် ၄ ခုတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်နက်တွေမှာ ဆွီဒင်ထုတ် တလက်အပြင် ကျန်လက်နက်တွေမှာတော့ ထုတ်လုပ်တဲ့ နိုင်ငံအမှတ်အသား မတွေ့ရပါဘူး။ စကားပြောစက်တွေကတော့ တရုတ်နိုင်ငံထုတ်တွေ ဖြစ်ပြီး ပစ္စည်းနဲ့အတူ ဖမ်းမိခဲ့တဲ့ မင်းထန်ဇားဝါကိုတော့ ကလေးမြို့မရဲစခန်း (ပ)၁၆၂၆/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ။(ပ)၁၆၂၇/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကေလးၿမိဳ႕နယ္တြင္ လက္နက္ခဲယမ္းမ်ားႏွင့္ စကားေျပာစက္မ်ား ဖမ္းမိ

DVB

ကေလးၿမိဳ႕ ေျမာက္ဘက္ လက္ပန္ေခ်ာင္း႐ြာမွာ ၾသဂုတ္လ ၄ ရက္ ညေနပိုင္းက  မူးယစ္ေဆး ရွာေဖြရာကေန ခ်င္းအမ်ိဳးသားတဦးထံက လက္နက္ေတြနဲ႔အတူ စကားေျပာစက္ေတြပါ ေတြ႕ရွိသိမ္းဆည္းခဲ့တယ္လို႔ နယ္ေျမရဲကင္းစခန္း အရာရွိက ေျပာပါတယ္။

လက္ပန္ေခ်ာင္း႐ြာဟာ ကေလးၿမိဳ႕နယ္ ၁၅ မိုင္ေက်ာ္ ကြာေဝးၿပီး အဲဒီ႐ြာ နံပါတ္ ၄ ရပ္ကြက္မွာေနတဲ့ ခ်င္းအမ်ိဴးသား မင္းထန္ဇားဝါး ဆိုသူထံက လက္နက္ခဲယမ္းမ်ားနဲ႔ စကားေျပာစက္ ၆ လုံး လက္ပံေခ်ာင္း နယ္ေျမရဲ၊ ခ႐ိုင္ ဒ/န အဖြဲ႕၊ မူးယစ္ရဲတပ္ဖြဲ႕တို႔က ပူးေပါင္း ဖမ္းဆီးရမိခဲ့တာပါ။

ကေလးခ႐ိုင္ ဒုစ႐ိုက္မႈ ကာကြယ္ႏွိမ္ႏွင္းေရး တပ္ဖြဲ႕ဝင္မ်ား ပါဝင္တဲ့ ဦးစီးပူးေပါင္းအဖြဲ႕ေတြဟာ မူးယစ္ေဆးဝါးသတင္းအရ မင္းထန္ဇားဝါရဲ႕ ေနအိမ္ထဲ ဝင္ေရာက္ ရွာေဖြရာက မူးယစ္ေဆးဝါး တစုံတရာ ရွာေဖြေတြ႕ရွိျခင္းမရွိဘဲ အိပ္ခန္းအတြင္း အိမ္သာ မ်က္ႏွာၾကက္ေပၚမွာ အဆိုပါလက္နက္နဲ႔ စကားေျပာစက္ေတြ ဖမ္းဆီးရမိခဲ့တာပါ/

လက္ပန္ေခ်ာင္း နယ္ေျမရဲကင္းမႉး ဒုရဲအုပ္ ဇာဇာမင္းက “မူးယစ္ေဆးဝါး သတင္းရတာနဲ႔ မူးယစ္အထူးအဖြဲ႕တို႔ ခ႐ိုင္ ဒ.က.စ တို႔ လက္ပံေခ်ာင္း ရဲကင္းအဖြဲ႕တို႔ ဝင္ဖမ္းတာေပါ့။ သူ႔အိမ္ကို ဝင္ခဲ့ေတာ့ အိပ္ခန္းထဲမွာရွိတဲ့ အိမ္သာရဲ႕ မ်က္ႏွာၾကက္ကေန မိတာေပါ့။ လက္နက္ခဲယမ္းေတြရယ္၊ စကားေျပာစက္ေတြ မိတာ။ အဲဒါနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔ တရားစြဲဆိုႏိုင္ေရး လုပ္ေဆာင္ေနပါတယ္” လို႔  ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့ လက္နက္ေတြကေတာ့ စႏိုက္ပါတပ္လ်က္ ပြိဳင့္ ၂၂ ေသနတ္အရွည္ ၁ လက္၊ က်ည္အိမ္ ၁ ခု၊ က်ည္ ၁၁ ေတာင့္၊ ႏွစ္လုံးျပဴးေျပာင္းရွည္ ၁ လက္၊ က်ည္ ၃၉ ေတာင့္၊ေလေသနတ္ ၂ လက္(အတို ၁၊ အရွည္ ၁)၊ ေလေသနတ္က်ည္ အေတာင့္ ၄၀၀ ပါ သံဘူး ၅ ဘူး၊ ဂက္(စ္) ပစၥတို ၂ လက္၊ ဂက္(စ္)ဗူး ၈၅ ဘူး၊ ေဘာေစ့ ၈၀၀ လုံးစီပါ ၃ ဘူး၊ စႏိုက္ပါမွန္ေျပာင္း အတို ၁ ခု အရွည္ ၄ ခု၊ မွန္ေျပာင္း ၂ ခု၊ တ႐ုတ္ႏိုင္ငံထုတ္ လမ္းေလွ်ာက္ စကားေျပာစက္ ၆ လုံး၊ အားသြင္းခုံ ၄ ခုႏွင့္ ေသနတ္အိတ္ ၄ ခုတို႔ ျဖစ္တယ္လို႔လည္း သိရပါတယ္။

လက္နက္ေတြမွာ ဆြီဒင္ထုတ္ တလက္အျပင္ က်န္လက္နက္ေတြမွာေတာ့ ထုတ္လုပ္တဲ့ ႏိုင္ငံအမွတ္အသား မေတြ႕ရပါဘူး။ စကားေျပာစက္ေတြကေတာ့ တ႐ုတ္ႏိုင္ငံထုတ္ေတြ ျဖစ္ၿပီး ပစၥည္းနဲ႔အတူ ဖမ္းမိခဲ့တဲ့ မင္းထန္ဇားဝါကိုေတာ့ ကေလးၿမိဳ႕မရဲစခန္း (ပ)၁၆၂၆/၂၀၁၉၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ) ။(ပ)၁၆၂၇/၂၀၁၉၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ တို႔နဲ႔ အမႈဖြင့္ စုံစမ္းေနတယ္လို႔ သိရပါတယ္။

သတင္း - မင္းရဲစစ္ႏိုင္

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013