DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်း၊ ရေကြီးမြေပြိုမှုအန္တရာယ် သတိပေး
DVB
·
August 6, 2019
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်း၊ ရေကြီးမြေပြိုမှုအန္တရာယ် သတိပေး
Donate to DVB

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းနေပြီး မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် ရေကြီး မြေပြိုမှု အန္တရာယ် သတိပြုကြဖို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ၊ လှိုင်းအလွန်ကြီးနိုင်ပြီး ၁၀ ပေမှ ၁၅ ပေခန့် ရှိနိုင်ပါတယ်။

ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြို၊ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေလဖိအားနည္းရပ္ဝန္း ပိုမိုအားေကာင္း၊ ေရႀကီးေျမၿပိဳမႈအႏၲရာယ္ သတိေပး
DVB
ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ေနာက္ ၄၈ နာရီအတြင္း ပိုမိုအားေကာင္းေနၿပီး မိုးႀကီး ေလျပင္းတိုက္ျခင္းေၾကာင့္ ေရႀကီး ေျမၿပိဳမႈ အႏၲရာယ္ သတိျပဳၾကဖို႔ မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ထားပါတယ္။
ေလဖိအားနည္းရပ္ဝန္း အရွိန္ေၾကာင့္ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ ေနရာကြက္ မိုးႀကီးၿပီး ေလျပင္းတိုက္ခတ္ႏိုင္တယ္လို႔ ဆိုပါတယ္။
ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ မၾကာခဏ မိုးသက္ေလျပင္းမ်ား က်ေရာက္ကာ၊ လႈိင္းအလြန္ႀကီးႏိုင္ၿပီး ၁၀ ေပမွ ၁၅ ေပခန႔္ ရွိႏိုင္ပါတယ္။
ကုန္းျမင့္ေဒသအနီးနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳ၊ ေရႀကီး၊ ေရလွ်ံတာေတြ ျဖစ္ေပၚႏိုင္ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ တိုက္တြန္းထားပါထယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013