DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မင်းပြားမြို့နယ် ကျေးရွာ ၁၄ ရွာမှ ဒေသခံများ ပိတ်မိနေ
DVB
·
August 5, 2019
တိုက်ပွဲကြောင့် မင်းပြားမြို့နယ် ကျေးရွာ ၁၄ ရွာမှ ဒေသခံများ ပိတ်မိနေ
Donate to DVB

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မင်းပြားမြို့နယ် ဖုံးသာချောင်း တောင်တန်းတွေတလျှောက်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေလို့ ကျေးရွာ ၁၄ ရွာလောက်က ဒေသခံတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲကြောင့် မင်းပြားမြို့နယ် ဖုံးသာချောင်းထဲက စေတီရံ၊ ငတက်၊ ကျောက်မော်၊ ဖုံသာပုလဲတောင်၊ အိုပုံတောင်၊ ပြိုင်ချောင်း၊ ငန်းတက်၊ ခွဆုံ၊ နတ်မော်၊ တောင်ပုတ်ကေ၊ ညောင်ခြုံ၊ ကျောက်ဆုံ၊ စိတ္တရ၊ လက်ခုတ် စတဲ့ကျေးရွာတွေဟာ ဒေသခံတွေဟာ တိုက်ပွဲကြောင့် ပိတ်မိနေကြတာပါ။

ပိတ်မိနေတဲ့ ကျေးရွာသားတွေကို သွားကယ်ဖို့ စီစဉ်ခဲ့ပေမယ့် တပ်မတော်ဘက်က တားမြစ်ခဲ့တာကြောင့် ပြန်လှည့်လာခဲ့ရတယ်လို့ မင်းပြားမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ပလီပေါက် ဆရာတော်ကြီးက ပြောဆိုပါတယ်။

“ဘုန်းဘုန်းတို့က ပိတ်မိနေတဲ့ကျေးရွာတွေက လူတွေကိုယူဖို့ စက်လှေနဲ့သွားကြပါတယ်။ အဲ့ဒီမှာ လက်ခုတ်ကျေးရွာမှာ စစ်တပ်က အထိုင်ချထားတာရှိတယ်။ အဲ့ဒါ ဒီကနေ့ လှမ်းခေါ်လို့ ဘုန်းဘုန်းတို့က သွားတယ်။ အဲ့မှာ ဘုန်းဘုန်းတို့က သူတို့ကိုအကြောင်းစုံ ရှင်းပြပါတယ်။ သူတို့က အထက်အကြောင်းကြားပေမယ်လို့ပြောတယ်။ ခဏကြာတော့ အဲ့ဒီမှာ အထက်ကလူတွေကို ယူခွင့်မပေးဘူးပြောတယ်။ ဘုန်းဘုန်းတို့ ကပိတ်မိနေတဲ့သူတွေကို ယူခွင့်မပေးလို ပြန်လှည့်ခဲ့ရပါ တယ်။”

ဒီနေ့ ကယ်ထုတ်တာမရတာကြောင့် သြဂုတ်လ ၆ ရက်နေ့မှာ မင်းပြားမြို့နယ်က မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး သွားရောက်ကယ်ဆယ်ဖို့ စီစဉ်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ကျိန်းတောင်ထက် လက်နက်ကြီးတွေ ဆက်တိုက်ပစ်မှုတွေရှိနေတယ်။ ရာမောင်ဘက်တွေနဲ့ စိတ္တရကျေးရွဘက်တွေက တောင်ထက်တွေကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်မှုရှိနေတယ်။ သူတို့က ရွာကျဖို့မှာ တော်တော်စိုးရိမ်းနေကြတယ်။ ဖုံးသာချောင်ဘက်ကျေးရွာ မင်းပြားရာမောင်တံတား၊ အမ်းသား ရွာဘက်ကို ဆင်းလာကြတယ်။ အဲ့ဒီမှာ တပ်က လက်ခုတ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်သားတွေ က တားတယ်။ အောက်ကို ဆင်းခွင့်မပြုဘူး။ မိမိကျေးရွာကို ပြန်ခိုင်းတယ်။ အဲ့ဒီဘက်ကျေးရွာပေါင်း ၁၅ ရွာလောက်လူတွေ အခုအကုန်ဆင်းမလာရဘဲ ပိတ်မိနေကြတယ်။” လို့ ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ တပ်တာ်သတင်းမှန်ပြန်ရေးအဖွဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း ဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကိုဆက်သွယ် မေးမြန်းရာမှာတော အစည်းအဝေး လုပ်နေတာကြောင့် မအားသေးဘူးလို့ ပြောပါတယ်။ ထပ်မံပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိခဲ့ပါဘူး။

မင်းပြားမြို့နယ် စပါထားကျေးရွာမှာ မကြာသေးခင်ကလည်း တိုက်ပွဲတွေဖြစ်လို့ ကျေးရွာ အတွင်းက ထွက်ပြေးလာကြပြီး ဘုန်းတော်ကြီး ကျောင်းမှာခိုလှုံနေကြတဲ့ ကျေးရွာသားတချို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်း ထိုင်နေကြတဲ့ ရွာသား ၆ ဦးသေဆုံးခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၃၀ ကျေးရွာက ဒေသခံကျေးရွာသားတွေ မင်းပြားမြို့ကို တိမ်းရှောင် လာခဲ့ကြသလို အဲဒီလိုတိုက်ပွဲတွေကြောင်ပဲ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်မှာ စစ်ဘေးရှောင် ၆ သောင်းနီးပါ ရှိလာနေပြီးဖြစ်ပါတယ်။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို




တိုက္ပြဲေၾကာင့္ မင္းျပားၿမိဳ႕နယ္ ေက်း႐ြာ ၁၄ ႐ြာမွ ေဒသခံမ်ား ပိတ္မိေန
ဝဏၰခြာညိဳ
ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ မင္းျပားၿမိဳ႕နယ္ ဖုံးသာေခ်ာင္း ေတာင္တန္းေတြတေလွ်ာက္မွာ အခုရက္ပိုင္းအတြင္း တိုက္ပြဲေတြျပင္းျပင္းထန္ထန္ျဖစ္ပြားေနလို႔ ေက်း႐ြာ ၁၄ ႐ြာေလာက္က ေဒသခံေတြ ပိတ္မိေနတယ္လို႔ သိရပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္တို႔ တိုက္ပြဲေၾကာင့္ မင္းျပားၿမိဳ႕နယ္ ဖုံးသာေခ်ာင္းထဲက ေစတီရံ၊ ငတက္၊ ေက်ာက္ေမာ္၊ ဖုံသာပုလဲေတာင္၊ အိုပုံေတာင္၊ ၿပိဳင္ေခ်ာင္း၊ ငန္းတက္၊ ခြဆုံ၊ နတ္ေမာ္၊ ေတာင္ပုတ္ေက၊ ေညာင္ၿခဳံ၊ ေက်ာက္ဆုံ၊ စိတၱရ၊ လက္ခုတ္ စတဲ့ေက်း႐ြာေတြဟာ ေဒသခံေတြဟာ တိုက္ပြဲေၾကာင့္ ပိတ္မိေနၾကတာပါ။

ပိတ္မိေနတဲ့ ေက်း႐ြာသားေတြကို သြားကယ္ဖို႔ စီစဥ္ခဲ့ေပမယ့္ တပ္မေတာ္ဘက္က တားျမစ္ခဲ့တာေၾကာင့္ ျပန္လွည့္လာခဲ့ရတယ္လို႔ မင္းျပားၿမိဳ႕နယ္ လူမႈကယ္ဆယ္ေရးအဖြဲ႕မွ ပလီေပါက္ ဆရာေတာ္ႀကီးက ေျပာဆိုပါတယ္။

“ဘုန္းဘုန္းတို႔က ပိတ္မိေနတဲ့ေက်း႐ြာေတြက လူေတြကိုယူဖို႔ စက္ေလွနဲ႔သြားၾကပါတယ္။ အဲ့ဒီမွာ လက္ခုတ္ေက်း႐ြာမွာ စစ္တပ္က အထိုင္ခ်ထားတာရွိတယ္။ အဲ့ဒါ ဒီကေန႔ လွမ္းေခၚလို႔ ဘုန္းဘုန္းတို႔က သြားတယ္။ အဲ့မွာ ဘုန္းဘုန္းတို႔က သူတို႔ကိုအေၾကာင္းစုံ ရွင္းျပပါတယ္။ သူတို႔က အထက္အေၾကာင္းၾကားေပမယ္လို႔ေျပာတယ္။ ခဏၾကာေတာ့ အဲ့ဒီမွာ အထက္ကလူေတြကို ယူခြင့္မေပးဘူးေျပာတယ္။ ဘုန္းဘုန္းတို႔ ကပိတ္မိေနတဲ့သူေတြကို ယူခြင့္မေပးလို ျပန္လွည့္ခဲ့ရပါ တယ္။”

ဒီေန႔ ကယ္ထုတ္တာမရတာေၾကာင့္ ၾသဂုတ္လ ၆ ရက္ေန႔မွာ မင္းျပားၿမိဳ႕နယ္က ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးေတြ၊ လူမႈအဖြဲ႕အစည္းေတြပူးေပါင္းၿပီး သြားေရာက္ကယ္ဆယ္ဖို႔ စီစဥ္ထားတယ္လို႔ ဆရာေတာ္က မိန႔္ပါတယ္။

မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က “က်ိန္းေတာင္ထက္ လက္နက္ႀကီးေတြ ဆက္တိုက္ပစ္မႈေတြရွိေနတယ္။ ရာေမာင္ဘက္ေတြနဲ႔ စိတၱရေက်း႐ြဘက္ေတြက ေတာင္ထက္ေတြကလည္း လက္နက္ႀကီးေတြ ဆက္တိုက္ပစ္မႈရွိေနတယ္။ သူတို႔က ႐ြာက်ဖို႔မွာ ေတာ္ေတာ္စိုးရိမ္းေနၾကတယ္။ ဖုံးသာေခ်ာင္ဘက္ေက်း႐ြာ မင္းျပားရာေမာင္တံတား၊ အမ္းသား ႐ြာဘက္ကို ဆင္းလာၾကတယ္။ အဲ့ဒီမွာ တပ္က လက္ခုတ္ေက်း႐ြာမွာ အထိုင္ခ်ထားတဲ့ စစ္သားေတြ က တားတယ္။ ေအာက္ကို ဆင္းခြင့္မျပဳဘူး။ မိမိေက်း႐ြာကို ျပန္ခိုင္းတယ္။ အဲ့ဒီဘက္ေက်း႐ြာေပါင္း ၁၅ ႐ြာေလာက္လူေတြ အခုအကုန္ဆင္းမလာရဘဲ ပိတ္မိေနၾကတယ္။” လို႔ ေျပာပါတယ္။

အခုကိစၥနဲ႔ပတ္သက္လို႔ တပ္တာ္သတင္းမွန္ျပန္ေရးအဖြဲ႕ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္း ဦးစီးဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကိုဆက္သြယ္ ေမးျမန္းရာမွာေတာ အစည္းအေဝး လုပ္ေနတာေၾကာင့္ မအားေသးဘူးလို႔ ေျပာပါတယ္။ ထပ္မံၿပီး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ျခင္း မရွိခဲ့ပါဘူး။

မင္းျပားၿမိဳ႕နယ္ စပါထားေက်း႐ြာမွာ မၾကာေသးခင္ကလည္း တိုက္ပြဲေတြျဖစ္လို႔ ေက်း႐ြာ အတြင္းက ထြက္ေျပးလာၾကၿပီး ဘုန္းေတာ္ႀကီး ေက်ာင္းမွာခိုလႈံေနၾကတဲ့ ေက်း႐ြာသားတခ်ိဳ႕ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္း ထိုင္ေနၾကတဲ့ ႐ြာသား ၆ ဦးေသဆုံးခဲ့ပါတယ္။

အခုရက္ပိုင္းအတြင္း မင္းျပားၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာ ၃၀ ေက်း႐ြာက ေဒသခံေက်း႐ြာသားေတြ မင္းျပားၿမိဳ႕ကို တိမ္းေရွာင္ လာခဲ့ၾကသလို အဲဒီလိုတိုက္ပြဲေတြေၾကာင္ပဲ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္မွာ စစ္ေဘးေရွာင္ ၆ ေသာင္းနီးပါ ရွိလာေနၿပီးျဖစ္ပါတယ္။
သတင္း-ဓာတ္ပုံ- ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013