DVB Logo
Home
မြန်မာသတင်း
တရုတ်ပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို ကန့်ကွက်မည်
DVB
·
August 5, 2019
တရုတ်ပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို ကန့်ကွက်မည်
1 / 8
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကင်းတိုက်နယ်ရှိ တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးနဲ့ လည်ပတ်မယ့် ငါးအမှုန့်ကြိတ်စက်ရုံကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်နေကြတဲ့အတွက် ကန့်ကွက်တားမြစ်သွားမယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံက “ကျောက်မီးသွေးနဲ့ စက်ရုံလည်ပတ်မယ်ဆိုတာကတော့ ကန့်ကွက်ရမှာဖြစ်တယ်၊ နောက်ပြီးရင် ငါးအမှုန့်ကြိတ်စက်ရုံဟာ ဘေးထွက်ဆိုးကျိုးအင်မတန်များပြီး ပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တယ်၊ ကျောက်မီးသွေးရဲ့ ဆိုးကျိုးက ဓာတ်သတ္တု ၁၃  မျိုးပါဝင်နေတဲ့အတွက် အဲဒီစက်ရုံသာ လယ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ သက်ရှိသက်မဲ့တွေကို အကုန်လုံး ထိခိုက်လာနိုင်တဲ့အတွက် ကန့်ကွက်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး ခွင့်ပြုချက်တစုံတရာရှိ/မရှိ မေးမြန်းရာမှာလည်း တိတိကျကျပြောဆိုတာကို မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးကတော့ “နံပါတ် ၁ က တရုတ်နိုင်ငံသားပိုင်မဟုတ်ဘူး၊ ပိုင်ရှင်ကဒေါ်ယုယုနွယ်၊ မြန်မာနိုင်ငံသားပဲ။ ကျနော်တို့နဲ့အဓိက သက်ဆိုင်နေတာတော့ မြေနေရာပေါ့လေ။ မြေနေရာကတော့ ၁.၉ ဧကတော့ အခြားနည်းသုံးစွဲခွင့် ရပြီးသွားပြီ၊ စက်ရုံကတော့ တည်ဆောက်နေဆဲပေါ့၊ ၉၅ ရာခိုင်နှုန်းတော့ပြီးပြီလို့ပြောတယ်။ အဲဒါကို ဘွိုင်လာပေးမဲ့ဟာကိုတော့ စက်မှုကြီးကြပ်က တရားဝင်လာစစ်ပြီးသွားပြီ၊ စက်ရုံကတော့ မလည်သေးဘူးပေါ့။ လည်လို့ရှိရင်လည်း သက်ဆိုင်ရာ ဥပဒေသတ်နဲ့ညီတဲ့ဟာပေါ့နော်၊ သဘာဝပတ်ဝန်းကျင်ကိုက်ရမယ်၊ အများပြည်သူလက်ခံတဲ့ လောင်စာပဲသုံးဖို့ကိုလည်း ညွှန်ကြားထားပြီးသား” လို့ ပြောပါတယ်။

အဆိုပါငါးအမှုန့်ကြိတ်စက်ရုံ လည်ပတ်ပါက ဒေသခံပြည်သူတွေက ဘေးထွက်ဆိုးကျိုး ရှိလာမှာကို စိုးရိမ်နေကြသလို ကျောက်မီးသွေးအသုံးပြုပြီး စက်ရုံလည်ပတ်မှာဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးများနိုင်တဲ့အတွက် ပြည်နယ်ကို တင်ပြကန့်ကွက်သွားမယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

ဒေသခံ ကိုလှဇံက “ကျနော်တို့ဒေသခံတွေ‌ အရင်တုန်းကတော့ ဘာစက်ရုံဆိုတာ မသိခဲ့ပါဘူး/ ဟိုတလောတုန်းက သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လာရောက်စစ်ဆေးတဲ့အခါမှ ကျောက်မီးသွေးနဲ့လည်ပတ်မယ်ဆိုတာသိရတယ်။ ကျောက်မီးသွေးက ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ကျနော်တို့က လက်မခံနိုင်ဘူး၊ တကယ်လို့လုပ်မယ်ဆိုရင်လည်း ကန့်ကွက်သွားမယ်” လို့ပြောပါတယ်။

နောင်နောင်




Zawgyi Version

တ႐ုတ္ပိုင္ ေက်ာက္မီးေသြးသုံး ငါးအမႈန႔္ႀကိတ္စက္႐ုံကို ကန႔္ကြက္မည္

DVB

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ကင္းတိုက္နယ္ရွိ တ႐ုတ္ႏိုင္ငံသားပိုင္ ေက်ာက္မီးေသြးနဲ႔ လည္ပတ္မယ့္ ငါးအမႈန႔္ႀကိတ္စက္႐ုံေၾကာင့္ ပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတဲ့အတြက္ ကန႔္ကြက္တားျမစ္သြားမယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးဖိုးစံက “ေက်ာက္မီးေသြးနဲ႔ စက္႐ုံလည္ပတ္မယ္ဆိုတာကေတာ့ ကန႔္ကြက္ရမွာျဖစ္တယ္၊ ေနာက္ၿပီးရင္ ငါးအမႈန႔္ႀကိတ္စက္႐ုံဟာ ေဘးထြက္ဆိုးက်ိဳးအင္မတန္မ်ားၿပီး ပတ္ဝန္းက်င္ကို ထိခိုက္လာႏိုင္တယ္၊ ေက်ာက္မီးေသြးရဲ႕ ဆိုးက်ိဳးက ဓာတ္သတၱဳ ၁၃  မ်ိဳးပါဝင္ေနတဲ့အတြက္ အဲဒီစက္႐ုံသာ လယ္လိုက္မယ္ဆိုလို႔ရွိရင္ အဲဒီပတ္ဝန္းက်င္အနီးအနားမွာရွိတဲ့ သက္ရွိသက္မဲ့ေတြကို အကုန္လုံး ထိခိုက္လာႏိုင္တဲ့အတြက္ ကန႔္ကြက္ရမွာျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

အဆိုပါစက္႐ုံဟာ တ႐ုတ္ႏိုင္ငံသားတဦး ပိုင္ဆိုင္တဲ့ စက္႐ုံျဖစ္ၿပီး ခြင့္ျပဳခ်က္တစုံတရာရွိ/မရွိ ေမးျမန္းရာမွာလည္း တိတိက်က်ေျပာဆိုတာကို မေတြ႕ခဲ့ရဘူးလို႔ ဆိုပါတယ္။

ေက်ာက္ျဖဴခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးသန္းထြဋ္ဦးကေတာ့ “နံပါတ္ ၁ က တ႐ုတ္ႏိုင္ငံသားပိုင္မဟုတ္ဘူး၊ ပိုင္ရွင္ကေဒၚယုယုႏြယ္၊ ျမန္မာႏိုင္ငံသားပဲ။ က်ေနာ္တို႔နဲ႔အဓိက သက္ဆိုင္ေနတာေတာ့ ေျမေနရာေပါ့ေလ။ ေျမေနရာကေတာ့ ၁.၉ ဧကေတာ့ အျခားနည္းသုံးစြဲခြင့္ ရၿပီးသြားၿပီ၊ စက္႐ုံကေတာ့ တည္ေဆာက္ေနဆဲေပါ့၊ ၉၅ ရာခိုင္ႏႈန္းေတာ့ၿပီးၿပီလို႔ေျပာတယ္။ အဲဒါကို ဘြိဳင္လာေပးမဲ့ဟာကိုေတာ့ စက္မႈႀကီးၾကပ္က တရားဝင္လာစစ္ၿပီးသြားၿပီ၊ စက္႐ုံကေတာ့ မလည္ေသးဘူးေပါ့။ လည္လို႔ရွိရင္လည္း သက္ဆိုင္ရာ ဥပေဒသတ္နဲ႔ညီတဲ့ဟာေပါ့ေနာ္၊ သဘာဝပတ္ဝန္းက်င္ကိုက္ရမယ္၊ အမ်ားျပည္သူလက္ခံတဲ့ ေလာင္စာပဲသုံးဖို႔ကိုလည္း ၫႊန္ၾကားထားၿပီးသား” လို႔ ေျပာပါတယ္။

အဆိုပါငါးအမႈန႔္ႀကိတ္စက္႐ုံ လည္ပတ္ပါက ေဒသခံျပည္သူေတြက ေဘးထြက္ဆိုးက်ိဳး ရွိလာမွာကို စိုးရိမ္ေနၾကသလို ေက်ာက္မီးေသြးအသုံးျပဳၿပီး စက္႐ုံလည္ပတ္မွာျဖစ္တဲ့အတြက္ ေဘးထြက္ဆိုးက်ိဳးမ်ားႏိုင္တဲ့အတြက္ ျပည္နယ္ကို တင္ျပကန႔္ကြက္သြားမယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါတယ္။

ေဒသခံ ကိုလွဇံက “က်ေနာ္တို႔ေဒသခံေတြ‌ အရင္တုန္းကေတာ့ ဘာစက္႐ုံဆိုတာ မသိခဲ့ပါဘူး/ ဟိုတေလာတုန္းက သဘာဝပတ္ဝန္းက်င္ထိမ္းသိန္းေရးဌာနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လာေရာက္စစ္ေဆးတဲ့အခါမွ ေက်ာက္မီးေသြးနဲ႔လည္ပတ္မယ္ဆိုတာသိရတယ္။ ေက်ာက္မီးေသြးက ေဘးထြက္ဆိုးက်ိဳးေတြ အမ်ားႀကီးရွိတဲ့အတြက္ က်ေနာ္တို႔က လက္မခံႏိုင္ဘူး၊ တကယ္လို႔လုပ္မယ္ဆိုရင္လည္း ကန႔္ကြက္သြားမယ္” လို႔ေျပာပါတယ္။

ေနာင္ေနာင္

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013