DVB Logo
Home
မြန်မာသတင်း
ရွာငံမြို့နယ်အစပ် ဓာတ်သတ္တု ရှာဖွေသူများကြောင့် ဒေသခံများ ဝင်ငွေကောင်း
DVB
·
August 5, 2019
ရွာငံမြို့နယ်အစပ် ဓာတ်သတ္တု ရှာဖွေသူများကြောင့် ဒေသခံများ ဝင်ငွေကောင်း
1 / 5
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်နဲ့ ဝမ်းတွင်း မြစ်သားနယ်အစပ် ဒေါ်လေးကျောက်ပုံတောင်နဲ့ နီးစပ်ရာတောင်တွေမှာ ခနောက်စိမ်း၊ ခဲမဖြူရွှေ စတဲ့ ဓာတ်သတ္တု ရှာဖွေသူများကြောင့် ဒေသခံတွေ နေ့စဉ်ဝင်ငွေရနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ကိုကြည်သိန်းက "သတ္တုပါတဲ့ကျောက်တွေက အမည်းရောင်တွေပဲ၊ ထူးခြားတာက တခြားကျောက်တွေထက် ပိုလေးနေတယ်။ ဝမ်းတွင်းမြို့နယ်ဘက်က အဲတောင်တွေပေါ်တက်ရတယ်။ ဒေသခံတွေကို လမ်းပြအနေနဲ့ နေ့စားခပေးခေါ်နေကြတယ်။ တောင်ပေါ်ကို ဆိုင်ကယ်မောင်းတက်လို့ ရတယ်။ ဒေသခံတွေ ကယ်ရီခရကြတယ်။ သွားလာသူတွေ ပေါလာတော့ ဈေးဆိုင်လေးတွေလည်း ဈေးရောင်းကောင်းလာတယ်"လို့ ပြောပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူး ဦးအေးမင်းစိုးက "အဲတောင်တွေပေါ်မှာ သတ္တုတူးဖို့ ခွင့်ပြုထားတာ မရှိပါဘူး။ ခဲတွေထွက်နေတယ်လို့တော့ ကြားတယ်။ သက်ဆိုင်ရာတွေ သွားကြည့်ကြတယ် ထင်တယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် ရှမ်းရိုးမတောင်တန်း ပန်းလောင်မြစ်အနီးက တောင်တန်းတွေမှာ သတ္တုရှာဖွေသူတွေ များပြားနေတာပါ။

ရှမ်းရိုးမတောင်တန်းကြားမှာ ဝမ်းတွင်းမြို့နယ်သားတွေ အခြေချနေထိုင်ရာ အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ ၅၀၀ လောက်ရှိတဲ့ ကမ္ဘားနီရွာတရွာ တည်ရှိပါတယ်။ အခုအခါ ကြွယ်ကန်ရွာဆရာတော်က ကျန်းမာရေး၊ ပညာရေးအတွက် သွားလာရလွယ်ကူအောင် ကျောက်တောင်တွေကို ထွင်းပြီး လမ်းဖောက်ပေးထားပါတယ်။

သတင်း-မောင်မောင်လင်း




႐ြာငံၿမိဳ႕နယ္အစပ္ ဓာတ္သတၱဳ ရွာေဖြသူမ်ားေၾကာင့္ ေဒသခံမ်ား ဝင္ေငြေကာင္း
DVB

ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္နဲ႔ ဝမ္းတြင္း ျမစ္သားနယ္အစပ္ ေဒၚေလးေက်ာက္ပုံေတာင္နဲ႔ နီးစပ္ရာေတာင္ေတြမွာ ခေနာက္စိမ္း၊ ခဲမျဖဴေ႐ႊ စတဲ့ ဓာတ္သတၱဳ ရွာေဖြသူမ်ားေၾကာင့္ ေဒသခံေတြ ေန႔စဥ္ဝင္ေငြရေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေဒသခံ ကိုၾကည္သိန္းက "သတၱဳပါတဲ့ေက်ာက္ေတြက အမည္းေရာင္ေတြပဲ၊ ထူးျခားတာက တျခားေက်ာက္ေတြထက္ ပိုေလးေနတယ္။ ဝမ္းတြင္းၿမိဳ႕နယ္ဘက္က အဲေတာင္ေတြေပၚတက္ရတယ္။ ေဒသခံေတြကို လမ္းျပအေနနဲ႔ ေန႔စားခေပးေခၚေနၾကတယ္။ ေတာင္ေပၚကို ဆိုင္ကယ္ေမာင္းတက္လို႔ ရတယ္။ ေဒသခံေတြ ကယ္ရီခရၾကတယ္။ သြားလာသူေတြ ေပါလာေတာ့ ေဈးဆိုင္ေလးေတြလည္း ေဈးေရာင္းေကာင္းလာတယ္"လို႔ ေျပာပါတယ္။

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးမႉး ဦးေအးမင္းစိုးက "အဲေတာင္ေတြေပၚမွာ သတၱဳတူးဖို႔ ခြင့္ျပဳထားတာ မရွိပါဘူး။ ခဲေတြထြက္ေနတယ္လို႔ေတာ့ ၾကားတယ္။ သက္ဆိုင္ရာေတြ သြားၾကည့္ၾကတယ္ ထင္တယ္" လို႔ ဒီဗြီဘီကိုေျပာပါတယ္။

မႏၲေလးတိုင္းနဲ႔ ရွမ္းျပည္နယ္အစပ္ ရွမ္း႐ိုးမေတာင္တန္း ပန္းေလာင္ျမစ္အနီးက ေတာင္တန္းေတြမွာ သတၱဳရွာေဖြသူေတြ မ်ားျပားေနတာပါ။

ရွမ္း႐ိုးမေတာင္တန္းၾကားမွာ ဝမ္းတြင္းၿမိဳ႕နယ္သားေတြ အေျခခ်ေနထိုင္ရာ အိမ္ေျခ ၈၀ ေက်ာ္၊ လူဦးေရ ၅၀၀ ေလာက္ရွိတဲ့ ကမာၻးနီ႐ြာတ႐ြာ တည္ရွိပါတယ္။ အခုအခါ ႂကြယ္ကန္႐ြာဆရာေတာ္က က်န္းမာေရး၊ ပညာေရးအတြက္ သြားလာရလြယ္ကူေအာင္ ေက်ာက္ေတာင္ေတြကို ထြင္းၿပီး လမ္းေဖာက္ေပးထားပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013