DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးငယ် ၄ ယောက်တွင် ၁ ယောက်နှုန်း ပုညှက်နေဆဲ
DVB
·
August 5, 2019
မြန်မာကလေးငယ် ၄ ယောက်တွင် ၁ ယောက်နှုန်း ပုညှက်နေဆဲ
1 / 3
Donate to DVB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် ကလေးတွေ အာဟာရချို့တဲ့နှုန်း လျော့လာပေမယ့် လက်ရှိမှာ ကလေး ၄ ယောက်မှာ တယောက်နှုန်းဟာ ပုညှက်နေသေးတာကြောင့် ချို့တဲ့နှုန်း မြင့်နေတုန်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က အသက် ၅ နှစ်အောက် ကလေး ၃ ယောက်မှာ တယောက်ဟာ အာဟာရချို့တဲ့ပြီး ပုညှက်ခဲ့တာကြောင့် အခု သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အစာအာဟာရနဲ့ အစာစားသုံးမှုအခြေအနေ လေ့လာတဲ့ စစ်တမ်းအရ ၂၀၁၉ ခုနှစ်မှာ အာဟာရချို့တဲ့နှုန်းဟာ ၂၉ ရာခိုင်နှုန်းရှိပြီး လက်ရှိမှာတော့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာပါတယ်။

ကာလရှည် အာဟာရချို့တဲ့မှုနှုန်းဟာ ချင်းပြည်နယ်မှာ အများဆုံး ဖြစ်တယ်လို့ အာဟာရ ဖွံ့ဖြိုးရေးနဲ့ သုတေသနဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောပါတယ်။ လတ်တလော အာဟာရ ချို့တဲ့တာကလည်း အရင်ထက်စာရင် လျော့လာပြီလို့ သူက ဆိုပါတယ်။

“လတ်တလော အာဟာရချို့တဲ့တာက ၂၀၁၅-၁၆ တုန်းက ၇ ရာခိုင်နှုန်းရှင့်။ အခု ၁၇-၁၈ မှာကတော့ ၆ ဒသမ ၇။ သူက အများကြီးလည်း ရှိလို့မရဘူးရှင့်။ သူ့သဘာဝအရကို ၅ ရာခိုင်နှုန်းကျော်ရင် များနေတာ။ များတာကတော့ များနေသေးတယ်။ တဖြည်းဖြည်းတော့ လျော့နည်းလာပြီ” လို့ ပြောပါတယ်။

အစားအစာတွေ လုံလုံလောက် မစားရတာ၊ မကြာခဏ ဖျားနာတာ၊ တကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းတာ၊ ဆင်းရဲနွမ်းပါးတာ၊ အသိပညာ ဗဟုသုတ နည်းပါးတာနဲ့ ကျန်းမာရေး စောင့်ရှောက်တာတွေကို လက်လှမ်းမမီနိုင်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နဲ့ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုကို မနေ့က တောင်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။  

မြန်မာနိုင်ငံမှာ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ၁၉၅၄ ခုနှစ်က စတင်ခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားစီမံကိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၂-၂၃ အထိ ၅ နှစ်စီမံကိန်း ချမှတ်ထားပြီး ဒီအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၆၀ ကျော် အသုံးပြုမှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာကေလးငယ္ ၄ ေယာက္တြင္ ၁ ေယာက္ႏႈန္း ပုညႇက္ေနဆဲ

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ေတြနဲ႔ယွဥ္ရင္ ကေလးေတြ အာဟာရခ်ိဳ႕တဲ့ႏႈန္း ေလ်ာ့လာေပမယ့္ လက္ရွိမွာ ကေလး ၄ ေယာက္မွာ တေယာက္ႏႈန္းဟာ ပုညႇက္ေနေသးတာေၾကာင့္ ခ်ိဳ႕တဲ့ႏႈန္း ျမင့္ေနတုန္း ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္က အသက္ ၅ ႏွစ္ေအာက္ ကေလး ၃ ေယာက္မွာ တေယာက္ဟာ အာဟာရခ်ိဳ႕တဲ့ၿပီး ပုညႇက္ခဲ့တာေၾကာင့္ အခု သိသိသာသာ တိုးတက္လာတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အစာအာဟာရနဲ႔ အစာစားသုံးမႈအေျခအေန ေလ့လာတဲ့ စစ္တမ္းအရ ၂၀၁၉ ခုႏွစ္မွာ အာဟာရခ်ိဳ႕တဲ့ႏႈန္းဟာ ၂၉ ရာခိုင္ႏႈန္းရွိၿပီး လက္ရွိမွာေတာ့ ၂၆ ဒသမ ၅ ရာခိုင္ႏႈန္းအထိ က်ဆင္းလာပါတယ္။

ကာလရွည္ အာဟာရခ်ိဳ႕တဲ့မႈႏႈန္းဟာ ခ်င္းျပည္နယ္မွာ အမ်ားဆုံး ျဖစ္တယ္လို႔ အာဟာရ ဖြံ႕ၿဖိဳးေရးနဲ႔ သုေတသနဌာနခြဲက ၫႊန္ၾကားေရးမႉး ေဒါက္တာလြင္မာလႈိင္က ေျပာပါတယ္။ လတ္တေလာ အာဟာရ ခ်ိဳ႕တဲ့တာကလည္း အရင္ထက္စာရင္ ေလ်ာ့လာၿပီလို႔ သူက ဆိုပါတယ္။

“လတ္တေလာ အာဟာရခ်ိဳ႕တဲ့တာက ၂၀၁၅-၁၆ တုန္းက ၇ ရာခိုင္ႏႈန္းရွင့္။ အခု ၁၇-၁၈ မွာကေတာ့ ၆ ဒသမ ၇။ သူက အမ်ားႀကီးလည္း ရွိလို႔မရဘူးရွင့္။ သူ႔သဘာဝအရကို ၅ ရာခိုင္ႏႈန္းေက်ာ္ရင္ မ်ားေနတာ။ မ်ားတာကေတာ့ မ်ားေနေသးတယ္။ တျဖည္းျဖည္းေတာ့ ေလ်ာ့နည္းလာၿပီ” လို႔ ေျပာပါတယ္။

အစားအစာေတြ လုံလုံေလာက္ မစားရတာ၊ မၾကာခဏ ဖ်ားနာတာ၊ တကိုယ္ေရ သန႔္ရွင္းမႈ အားနည္းတာ၊ ပတ္ဝန္းက်င္ သန႔္ရွင္းမႈ အားနည္းတာ၊ ဆင္းရဲႏြမ္းပါးတာ၊ အသိပညာ ဗဟုသုတ နည္းပါးတာနဲ႔ က်န္းမာေရး ေစာင့္ေရွာက္တာေတြကို လက္လွမ္းမမီႏိုင္တာ စတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ျဖစ္တယ္လို႔ က်န္းမာေရးဌာနက ဆိုပါတယ္။

ဒါ့အျပင္ ကမာၻ႔မိခင္ႏို႔တိုက္ေကြၽးေရး ရက္သတၱပတ္နဲ႔ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္မ်ား လူထုလႈပ္ရွားမႈကို မေန႔က ေတာင္ႀကီးမွာ ျပဳလုပ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အာဟာရဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြကို ၁၉၅၄ ခုႏွစ္က စတင္ခဲ့တာျဖစ္လို႔ ႏွစ္ေပါင္း ၆၀ ေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အာဟာရဖြံ႕ၿဖိဳးမႈျမႇင့္တင္ေရး အမ်ိဳးသားစီမံကိန္းကို ၂၀၁၈-၁၉ ဘ႑ာႏွစ္ကေန ၂၀၂၂-၂၃ အထိ ၅ ႏွစ္စီမံကိန္း ခ်မွတ္ထားၿပီး ဒီအတြက္ အေမရိကန္ေဒၚလာ သန္းေပါင္း ၆၆၀ ေက်ာ္ အသုံးျပဳမွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013