DVB Logo
Home
မြန်မာသတင်း
အင်းစိန်ခုံးတံတားအောက်တွင် အားကစားလုပ်နိုင်ရန် ဖန်တီးပေးမည်
DVB
·
August 5, 2019
အင်းစိန်ခုံးတံတားအောက်တွင် အားကစားလုပ်နိုင်ရန် ဖန်တီးပေးမည်
Donate to DVB

အင်းစိန်ခုံးတံတားအောက် နေရာလွတ်တွေမှာ ဘောလုံးကွင်းအပါအဝင် အားကစားဖန်တီး နိုင်မယ့် နေရာတွေကို ဖန်တီးလုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။ 

အင်းစိန်ခုံးတံတားအောက် နေရာလွှတ်တွေမှာ ဘောလုံးကွင်း၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ရိုးရာလက်ဝှေ့၊ တင်းနစ် စတဲ့ အားကစားနည်းတွေကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အဓိက ရည်ရွယ်ချက်အနေနဲ့ လူငယ်တွေဟာ ဂိမ်းဆိုင်၊ ဘီယာဆိုင်တွေ သွားနေမယ့်အစား ကိုယ်လက်လှုပ်ရှား အားကစားလုပ်မယ့်နေရာတွေ ဖော်ဆောင်ပေးနိုင်ရင် လူငယ်တွေအတွက် အများကြီး အကျိုးသက်ရောက်မှုရှိလာနိုင်မယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

အဲ့ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်ထဲမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး သက်ဆိုင်မှုရှိတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် အခုလုပ်တဲ့စီမံကိန်းဟာ တခြားနိုင်ငံတွေနဲ့ယှဉ်လို့ရအောင် အဓိက ရည်ရွယ် ပြီးလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။




အင္းစိန္ခုံးတံတားေအာက္တြင္ အားကစားလုပ္ႏိုင္ရန္ ဖန္တီးေပးမည္
DVB
အင္းစိန္ခုံးတံတားေအာက္ ေနရာလြတ္ေတြမွာ ေဘာလုံးကြင္းအပါအဝင္ အားကစားဖန္တီး ႏိုင္မယ့္ ေနရာေတြကို ဖန္တီးလုပ္ေဆာင္သြားမယ္လို႔ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

အင္းစိန္ခုံးတံတားေအာက္ ေနရာလႊတ္ေတြမွာ ေဘာလုံးကြင္း၊ ပိုက္ေက်ာ္ျခင္း၊ ျမန္မာ့႐ိုးရာလက္ေဝွ႔၊ တင္းနစ္ စတဲ့ အားကစားနည္းေတြကို လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

အဓိက ရည္႐ြယ္ခ်က္အေနနဲ႔ လူငယ္ေတြဟာ ဂိမ္းဆိုင္၊ ဘီယာဆိုင္ေတြ သြားေနမယ့္အစား ကိုယ္လက္လႈပ္ရွား အားကစားလုပ္မယ့္ေနရာေတြ ေဖာ္ေဆာင္ေပးႏိုင္ရင္ လူငယ္ေတြအတြက္ အမ်ားႀကီး အက်ိဳးသက္ေရာက္မႈရွိလာႏိုင္မယ္လို႔ အင္းစိန္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

အဲ့ဒီစီမံကိန္းကို ၂၀၁၉ ခုႏွစ္ထဲမွာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမွာျဖစ္ၿပီး သက္ဆိုင္မႈရွိတဲ့ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔လည္း ေဆြးေႏြးလုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အခုလုပ္တဲ့စီမံကိန္းဟာ တျခားႏိုင္ငံေတြနဲ႔ယွဥ္လို႔ရေအာင္ အဓိက ရည္႐ြယ္ ၿပီးလုပ္တာျဖစ္တယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013