DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ၄၈ နာရီအတွင်း ပိုမိုအားကောင်းမည်
DVB
·
August 5, 2019
လေဖိအားနည်းရပ်ဝန်း ၄၈ နာရီအတွင်း ပိုမိုအားကောင်းမည်
Donate to DVB

ဒီနေ့မွန်းလွဲပိုင်း တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၆ ရက်နေ့ မနက်ပိုင်းအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေလောက် ရှိနိုင်ပါတယ်။ 

နေပြည်တော်၊ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာ  ဖြစ်ပြီး ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါတယ်။

နောက် ၂ ရက်အတွင်းမှာလည်း မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေမယ်လို့ ဆိုပါတယ်။




ေလဖိအားနည္းရပ္ဝန္း ၄၈ နာရီအတြင္း ပိုမိုအားေကာင္းမည္
DVB
ဒီေန႔မြန္းလြဲပိုင္း တိုင္းတာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ေနာက္ ၄၈ နာရီအတြင္း ပိုမိုအားေကာင္းၿပီး ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားအလြန္ေကာင္းေနတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

ဩဂုတ္ ၆ ရက္ေန႔ မနက္ပိုင္းအထိ ခန႔္မွန္းခ်က္အရ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တို႔မွာ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) နဲ႔ ခ်င္းျပည္နယ္တို႔မွာ ေနရာစိပ္စိပ္၊ က်န္တိုင္းနဲ႔ ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေဒသအလိုက္ မိုးႀကီးႏိုင္ပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ မၾကာခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္ျဖစ္ၿပီး လႈိင္းအျမင့္ ၁၀ ေပမွ ၁၅ ေပေလာက္ ရွိႏိုင္ပါတယ္။

ေနျပည္ေတာ္၊ မႏၲေလးၿမိဳ႕တို႔နဲ႔ အနီးတဝိုက္မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမွာ ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕နဲ႔ အနီးတဝိုက္မွာ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာၿပီး တစ္ခါတစ္ရံ သည္းထန္ႏိုင္ပါတယ္။

ေနာက္ ၂ ရက္အတြင္းမွာလည္း မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းေနမယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013