DVB Logo
Home
သတင်းတို
တရုတ်ချေးငွေဖြင့် ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ အကောင်အထည်ဖော်မည်
DVB
·
December 7, 2012
တရုတ်ချေးငွေဖြင့် ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ အကောင်အထည်ဖော်မည်
Donate to DVB

လာမယ့် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ တရုတ်ပြည်က ချေးငွေရယူပြီး ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ တပ်ဆင်ရောင်းချမယ့် စီမံကိန်း အကောင်အထည်ဖော်မယ်လို့ စီမံကိန်းအင်ဂျင်နီယာ ဒေါ်စန်းစန်းလွင်က ဒီဗွီဘီ ကို ပြောပါတယ်။

၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်ကုန်အထိ မိုဘိုင်းဖုန်း ၄ သန်းရှိလာရေး ဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ ၃ သန်း တပ်ဆင်ပြီး ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ အခု နှစ်ဆန်းမှာ မိုဘိုင်းဖုန်း ၁ သန်းရောင်းချဖို့နဲ့ နောက်နှစ်စီမံကိန်းအတွက် အပါအ၀င် စုစုပေါင်း ဆင်းကတ် ၃ သန်းကျော် ၀ယ်ယူဖို့အတွက် စင်ကာပူနဲ့ ပြင်သစ် နိုင်ငံက ကုမ္ပဏီ ၂ ခုကို တင်ဒါ ချပေးခဲ့ပါတယ်။

ဒီစီမံကိန်းတွေဟာ မြန်မာ့ဆက်သွယ်ရေး တခုတည်းက လုပ်ကိုင်မယ့် စီမံကိန်းတွေဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ အတည်ဖြစ်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံခွင့်ရမယ့် ကုမ္ပဏီ ၃ ခုရဲ့ စီမံကိန်းတွေတော့ မပါဝင်သေးဘူးလို့ ဒေါ်စန်းစန်းလွင်က ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013