DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရန် စစ်ကိုင်းကျောင်းသားသမဂ္ဂများ စုပေါင်းဆန္ဒပြ 
DVB
·
August 5, 2019
ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရန် စစ်ကိုင်းကျောင်းသားသမဂ္ဂများ စုပေါင်းဆန္ဒပြ 
1 / 8
Donate to DVB

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ သြဂုတ် ၅ ရက်နေ့က စစ်ကိုင်းမြို့မှာ ကျောင်းသားသမဂ္ဂများစုပေါင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

“တရားစွဲဆိုတာကို မတရားဘူးလို့ သတ်မှတ်တယ်။ ဒါ့ကြောင့်မလို့ ဖမ်းဆီးခံ ကျောင်းသား ကျောင်းသူတွေအတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတာပါ။ ဘာဖြစ်လို့ မတရားဘူးလည်း ပြောရရင် ကျောင်းသားတွေက သူတို့ရဲ့ အခွင့်အရေးအရ လုပ်တဲ့ကိစ္စကို မတရားပုဒ်မတပ်ပြီး တရားစွဲဆိုတာတွေ လုပ်ခဲ့တယ်။ ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျနော်တို့ ကျောင်းသားခေါင်းဆောင် ၈ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အခုလို တောင်းဆိုဆန္ဒပြရတာ”လို့ စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုသာယာထွေးက ပြောဆိုပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ချက်ချင်းလွှတ် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ကြွေးကြော်သံများနဲ့ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးကောလိပ်၊ မန္တလေးပညာရေးကောလိပ်၊ ဘားအံပညာရေးတက္ကသိုလ်၊ လားရှိုး ပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်စတဲ့ ကျောင်းသားသမဂ္ဂများက ပူးပေါင်းပါဝင်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကိုမင်းဟန်ထက်၊ ကိုဇေမင်းဖြိုး၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုစိုင်းသုဝဏ်၊ ကိုမင်းသွေးသစ်၊ မအိသီရိကျော်နဲ့အတူ ကိုခန့်မင်းထက်တို့ ၈ ဦးကို ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကိုင်းမြို့ပညာရေးတက္ကသိုလ်က ကျောင်းသားများဦးဆောင်ဆန္ဒပြရာမှာ သက်ဆိုင်ရာကို ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိခဲ့တာကြောင့် စစ်ကိုင်းမြို့မရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများက ခွင့်ပြုချက်ရယူဆောင်ရွက်ဖို့ လာရောက်ညှိနှိုင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဆက်လက် ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆဲဗင်းဇူလိုင်နေ့က လှုပ်ရှားမူပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၈ ဦးတွေကို ပြန်လွှတ်ပေးခြင်းမရှိခဲ့ပါက တနိုင်ငံလုံးက ကျောင်းသားသမဂ္ဂများစုပေါင်ပြီး ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာလည်း သိရပါတယ်။




ဖမ္းဆီးခံေက်ာင္းသားမ်ား ျပန္လႊတ္ေပးရန္ စစ္ကိုင္းေက်ာင္းသားသမဂၢမ်ား စုေပါင္းဆႏၵျပ
ေအာင္ေအာင္ႏိုင္

ဆဲဗင္းဇူလိုင္လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြကို ျပန္လႊတ္ေပးဖို႔ ၾသဂုတ္ ၅ ရက္ေန႔က စစ္ကိုင္းၿမိဳ႕မွာ ေက်ာင္းသားသမဂၢမ်ားစုေပါင္း ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။

“တရားစြဲဆိုတာကို မတရားဘူးလို႔ သတ္မွတ္တယ္။ ဒါ့ေၾကာင့္မလို႔ ဖမ္းဆီးခံ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုၾကတာပါ။ ဘာျဖစ္လို႔ မတရားဘူးလည္း ေျပာရရင္ ေက်ာင္းသားေတြက သူတို႔ရဲ႕ အခြင့္အေရးအရ လုပ္တဲ့ကိစၥကို မတရားပုဒ္မတပ္ၿပီး တရားစြဲဆိုတာေတြ လုပ္ခဲ့တယ္။ ရန္ကုန္မွာ ဖမ္းဆီးခံခဲ့ရတဲ့ က်ေနာ္တို႔ ေက်ာင္းသားေခါင္းေဆာင္ ၈ ဦးကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ အခုလို ေတာင္းဆိုဆႏၵျပရတာ”လို႔ စစ္ကိုင္းပညာေရး တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ ကိုသာယာေထြးက ေျပာဆိုပါတယ္။

ဆႏၵျပေတာင္းဆိုရာမွာ မတရားဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြကို ခ်က္ခ်င္းလႊတ္ ေက်ာင္းသားသမဂၢမ်ား လြတ္လပ္စြာလႈပ္ရွားခြင့္ရရွိေရး၊ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင့္ရရွိေရး စတဲ့ ဆိုင္းဘုတ္ေတြကို ကိုင္ေဆာင္ကာ ေႂကြးေၾကာ္သံမ်ားနဲ႔ ခ်ီတက္လမ္းေလွ်ာက္ခဲ့ၾကပါတယ္။

စစ္ကိုင္းပညာေရးတကၠသိုလ္၊ စစ္ကိုင္းပညာေရးေကာလိပ္၊ မႏၲေလးပညာေရးေကာလိပ္၊ ဘားအံပညာေရးတကၠသိုလ္၊ လားရႈိး ပညာေရးေကာလိပ္၊ မုံ႐ြာပညာေရးေကာလိပ္စတဲ့ ေက်ာင္းသားသမဂၢမ်ားက ပူးေပါင္းပါဝင္ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

ဆဲဗင္းဇူလိုင္လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ကိုမင္းဟန္ထက္၊ ကိုေဇမင္းၿဖိဳး၊ ကိုေဝယံၿဖိဳးမိုး၊ ကိုသူရလင္း၊ ကိုစိုင္းသုဝဏ္၊ ကိုမင္းေသြးသစ္၊ မအိသီရိေက်ာ္နဲ႔အတူ ကိုခန႔္မင္းထက္တို႔ ၈ ဦးကို ဖမ္းဆီးခဲ့တာလည္းျဖစ္ပါတယ္။

စစ္ကိုင္းၿမိဳ႕ပညာေရးတကၠသိုလ္က ေက်ာင္းသားမ်ားဦးေဆာင္ဆႏၵျပရာမွာ သက္ဆိုင္ရာကို ခြင့္ျပဳခ်က္ရယူခဲ့ျခင္းမရွိခဲ့တာေၾကာင့္ စစ္ကိုင္းၿမိဳ႕မရဲတပ္ဖြဲ႕နဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တာဝန္ရွိသူမ်ားက ခြင့္ျပဳခ်က္ရယူေဆာင္႐ြက္ဖို႔ လာေရာက္ညႇိႏႈိင္းတာေတြ ျပဳလုပ္ခဲ့ေပမယ့္ ဆက္လက္ ခ်ီတက္လမ္းေလွ်ာက္ဆႏၵျပခဲ့ၾကပါတယ္။

ဆဲဗင္းဇူလိုင္ေန႔က လႈပ္ရွားမူျပဳလုပ္ခဲ့တာေၾကာင့္ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသား ၈ ဦးေတြကို ျပန္လႊတ္ေပးျခင္းမရွိခဲ့ပါက တႏိုင္ငံလုံးက ေက်ာင္းသားသမဂၢမ်ားစုေပါင္ၿပီး ျပင္းထန္တဲ့ လႈပ္ရွားမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာလည္း သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013