DVB Logo
Home
မြန်မာသတင်း
မိုင်းလားတွင် အာဖရိက ဝက်တုပ်ကွေးရောဂါဖြစ်ပွား၊ အကောင် ၂၀၀ ကျော်သေဆုံး
DVB
·
August 5, 2019
မိုင်းလားတွင် အာဖရိက ဝက်တုပ်ကွေးရောဂါဖြစ်ပွား၊ အကောင် ၂၀၀ ကျော်သေဆုံး
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားဒေသမှာ အာဖရိက ဝက်တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ဝက်ကောင်ရေ ၂၀၀ ကျော်သေဆုံးသွားသလို ကောင် ၂၀၀၀ ကျော်ကိုလည်း သုတ်သင်ရှင်းလင်းလိုက်တယ်လို့ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောပါတယ်။ 

“အဲဒီရောဂါတွေက တခြားနေရာကနေ ကူးစက်လာလို့ ကျနော်တို့ သိပြီးမှဆိုတော့ ကျနော်တို့ ကော်မီတီဝင်တွေအားလုံး ကွင်းဆင်းပြီးမှ သွားဖြေရှင်းနေတယ်။ အဓိက အများတာကတော့ စီလူးဒေသဘက်ပေါ့။ မိုင်းယန်းမြို့အနီးအနား ပတ်ဝန်းကျင်ပေါ့။ အဲဒါများတယ်။ မိုင်းမ ဘက်မှာ လည်း နည်းနည်းပါးပါး ဖြစ်တယ်။ ဒီရောဂါက လူချင်းကူးစက်တာ မရှိဘူး။ အဓိကတော့ ဝက်ချင်း ကူးစက်တာ သိပ်မြန်တယ်။ ဆိုတော့ ဒေသပြည်သူလူထု ကျန်းမာရေးအတွက် အဓိက ဝက်နာရောက်လာတဲ့နေရာမှာ ဝက်တွေကို သုတ်သင်လိုက်တယ်။ ကျင်းတူး မီးရှို့ပြီးတော့မှ ထုံးတွေ ဖြန့်တယ်။ လောလောဆယ်တော့ ဝက်ကောင် ၂၀၀၀ နီးပါးကို သတ်ပြီးသွားပြီ။ ဝက်နာ‌ကြောင့် သေသွားတာလည်း ၂၀၀ ကျော်ရှိတယ်။”

အဆိုပါ အာဖရိက ဝက်တုပ်ကွေးရောဂါဟာ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကတည်းက စတင်ဖြစ်ပွားဖြစ်ပွားနေတာဖြစ်ပြီး အခု မြန်မာနိုင်ငံဘက်ခြမ်းရှိ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) နယ်မြေအတွင်း စတင်ကူးစက် ရောက်ရှိလာတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၃ ရက်လောက်မှ မိုင်းလားဒေသမှာ ကူးစက်မှန်းသိရလို့ အခုလို ကွင်းဆင်း လုပ်ဆောင်သလို ပြည်သူတွေကိုလည်း အဆိုပါ ရောဂါဖြစ်တဲ့ဝက်တွေကို မစားဖို့၊ ရောင်းဝယ် ဖောက်ကားမှုတွေမလုပ်ဖို့ သတိပေးစာထုတ်ပြန်ထားပါတယ်လို့ ဦးကြည်မြင့်က ပြောပါတယ်။ 

ရောဂါတွေ့ရှိတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်ကနေဆင့် မြန်မာအစိုးရထံ တင်ပြ ထားသလို တရုတ်နိုင်ငံ ဘက်ကိုလည်း အကူအညီတောင်းထားပြီး မိုင်းလားဒေသ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ပိုးသတ်တာတွေအပါအဝင် ရောဂါထိန်းချုပ်ရေး လုပ်ဆောင်နေတယ်လို့လည်း ဦးကြည်မြင့်က ပြောပါတယ်။ 

၀လက်ကိုင်အဖွဲ့ (UWSA) နယ်မြေမှာလည်း အာဖရိက ဝက်တုပ်ကွေးရောဂါ အနည်းအကျဉ်းဖြစ်ပွားနေတယ်လို့  UWSA လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးမှ ကျနော်တို့ ဝ ပြည်နယ်မှာ ထူးထူးခြားခြားကြီးကြီးမားမား ဖြစ်တာတော့ မရှိဘူး။ဘာကြောင့်လဲဆိုရင်ကျနော်တို့ အစကတည်းက ဝင်ဝင်ထွက်ထွက်ရှိနေတဲ့ ဂိတ်မှန်သမျှတွေ ကျနော်တို့ ဝင်ဝင်ထွက်ထွက်ရှိနေတဲ့ ဂိတ်မှန်သမျှကို ကန့်သတ်ထားတာရှိတယ်။ စည်းကမ်းချက်တွေ သတ်မှတ်ချက်တွေ ကျနော်တို့ လုပ်ခဲ့တယ်။ ကြိုတင်ပြင်ဆင်မှု ပြောရမှာပေါ့နော်။ အဲလိုမျိုးလုပ်ခဲ့လို့ ကြီးကြီးမားမား ဘာမှဖြစ်တာတော့ ကျော်တို့ မကြားရပါဘူး။” 

တရုတ်နိုင်ငံရှိ ပြည်နယ်အနှံ့မှာ ပြီးခဲ့တဲ့နှစ်က အာဖရိက ဝက်တုပ်ကွေးရောဂါ (Africa Swine Flu) ကြောင့် ဝက်အကောင်ရေ ၁ သန်းကျော် ဖျက်ဆီးခဲ့ရပါတယ်။




မိုင္းလားတြင္ အာဖရိက ဝက္တုပ္ေကြးေရာဂါျဖစ္ပြား၊ အေကာင္ ၂၀၀ ေက်ာ္ေသဆုံး

ေနာ္ႏိုရင္း

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ အထူးေဒသ ၄ မိုင္းလားေဒသမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါျဖစ္ပြားေနၿပီး ဝက္ေကာင္ေရ ၂၀၀ ေက်ာ္ေသဆုံးသြားသလို ေကာင္ ၂၀၀၀ ေက်ာ္ကိုလည္း သုတ္သင္ရွင္းလင္းလိုက္တယ္လို႔ မိုင္းလားလက္နက္ကိုင္အဖြဲ႕ (NDAA) အေထြေထြအတြင္းေရးမႉး ဦးၾကည္ျမင့္က ေျပာပါတယ္။

“အဲဒီေရာဂါေတြက တျခားေနရာကေန ကူးစက္လာလို႔ က်ေနာ္တို႔ သိၿပီးမွဆိုေတာ့ က်ေနာ္တို႔ ေကာ္မီတီဝင္ေတြအားလုံး ကြင္းဆင္းၿပီးမွ သြားေျဖရွင္းေနတယ္။ အဓိက အမ်ားတာကေတာ့ စီလူးေဒသဘက္ေပါ့။ မိုင္းယန္းၿမိဳ႕အနီးအနား ပတ္ဝန္းက်င္ေပါ့။ အဲဒါမ်ားတယ္။ မိုင္းမ ဘက္မွာ လည္း နည္းနည္းပါးပါး ျဖစ္တယ္။ ဒီေရာဂါက လူခ်င္းကူးစက္တာ မရွိဘူး။ အဓိကေတာ့ ဝက္ခ်င္း ကူးစက္တာ သိပ္ျမန္တယ္။ ဆိုေတာ့ ေဒသျပည္သူလူထု က်န္းမာေရးအတြက္ အဓိက ဝက္နာေရာက္လာတဲ့ေနရာမွာ ဝက္ေတြကို သုတ္သင္လိုက္တယ္။ က်င္းတူး မီးရႈိ႕ၿပီးေတာ့မွ ထုံးေတြ ျဖန္႔တယ္။ ေလာေလာဆယ္ေတာ့ ဝက္ေကာင္ ၂၀၀၀ နီးပါးကို သတ္ၿပီးသြားၿပီ။ ဝက္နာ‌ေၾကာင့္ ေသသြားတာလည္း ၂၀၀ ေက်ာ္ရွိတယ္။”

အဆိုပါ အာဖရိက ဝက္တုပ္ေကြးေရာဂါဟာ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက စတင္ျဖစ္ပြားျဖစ္ပြားေနတာျဖစ္ၿပီး အခု ျမန္မာႏိုင္ငံဘက္ျခမ္းရွိ မိုင္းလား လက္နက္ကိုင္အဖြဲ႕ (NDAA) နယ္ေျမအတြင္း စတင္ကူးစက္ ေရာက္ရွိလာတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၃ ရက္ေလာက္မွ မိုင္းလားေဒသမွာ ကူးစက္မွန္းသိရလို႔ အခုလို ကြင္းဆင္း လုပ္ေဆာင္သလို ျပည္သူေတြကိုလည္း အဆိုပါ ေရာဂါျဖစ္တဲ့ဝက္ေတြကို မစားဖို႔၊ ေရာင္းဝယ္ ေဖာက္ကားမႈေတြမလုပ္ဖို႔ သတိေပးစာထုတ္ျပန္ထားပါတယ္လို႔ ဦးၾကည္ျမင့္က ေျပာပါတယ္။

ေရာဂါေတြ႕ရွိတာနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးေကာ္မရွင္ကေနဆင့္ ျမန္မာအစိုးရထံ တင္ျပ ထားသလို တ႐ုတ္ႏိုင္ငံ ဘက္ကိုလည္း အကူအညီေတာင္းထားၿပီး မိုင္းလားေဒသ တာဝန္ရွိသူေတြနဲ႔ ပူးေပါင္းကာ ပိုးသတ္တာေတြအပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရး လုပ္ေဆာင္ေနတယ္လို႔လည္း ဦးၾကည္ျမင့္က ေျပာပါတယ္။

၀လက္ကိုင္အဖြဲ႕ (UWSA) နယ္ေျမမွာလည္း အာဖရိက ဝက္တုပ္ေကြးေရာဂါ အနည္းအက်ဥ္းျဖစ္ပြားေနတယ္လို႔ UWSA လားရႈိးဆက္ဆံေရးတာဝန္ခံ ဦးညီရမ္းက ေျပာပါတယ္။

“ဒီကိစၥနဲ႔ပတ္သက္ၿပီးမွ က်ေနာ္တို႔ ဝ ျပည္နယ္မွာ ထူးထူးျခားျခားႀကီးႀကီးမားမား ျဖစ္တာေတာ့ မရွိဘူး။ဘာေၾကာင့္လဲဆိုရင္က်ေနာ္တို႔ အစကတည္းက ဝင္ဝင္ထြက္ထြက္ရွိေနတဲ့ ဂိတ္မွန္သမွ်ေတြ က်ေနာ္တို႔ ဝင္ဝင္ထြက္ထြက္ရွိေနတဲ့ ဂိတ္မွန္သမွ်ကို ကန႔္သတ္ထားတာရွိတယ္။ စည္းကမ္းခ်က္ေတြ သတ္မွတ္ခ်က္ေတြ က်ေနာ္တို႔ လုပ္ခဲ့တယ္။ ႀကိဳတင္ျပင္ဆင္မႈ ေျပာရမွာေပါ့ေနာ္။ အဲလိုမ်ိဳးလုပ္ခဲ့လို႔ ႀကီးႀကီးမားမား ဘာမွျဖစ္တာေတာ့ ေက်ာ္တို႔ မၾကားရပါဘူး။”

တ႐ုတ္ႏိုင္ငံရွိ ျပည္နယ္အႏွံ႔မွာ ၿပီးခဲ့တဲ့ႏွစ္က အာဖရိက ဝက္တုပ္ေကြးေရာဂါ (Africa Swine Flu) ေၾကာင့္ ဝက္အေကာင္ေရ ၁ သန္းေက်ာ္ ဖ်က္ဆီးခဲ့ရပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013