Home
မြန်မာသတင်း
ကလေးငယ်များအတွက် sex education ကို အခြေခံပညာသင်ကြားရေးစနစ်တွင် ထည့်သင့်
DVB
·
August 4, 2019
67476978_922372714794159_2409179565873168384_o
68441153_922372191460878_2554832043003346944_o
68698935_922371978127566_2210812884944945152_o
67585187_922372261460871_5909605056306479104_o
67505868_922372594794171_7755202157514588160_o
မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် sex education (လိင်ပိုင်းဆိုင်ရာ ပညာပေးမှု)တွေ ကို အခြေခံပညာ သင်ကြားရေးစနစ်ကနေစပြီး ဘာသာရပ်တခုအနေနဲ့ ထည့်သွင်းသင်ကြား သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ နိုင်ငံတကာမှာတော့ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုနဲ့ပတ်သက်ပြီး ကျောင်းပညာရေးတွေမှာ ထည့်သွင်းသင်ကြားပေးနေပြီး မြန်မာနိုင်ငံမှာတော့ ဒီစနစ်မရှိသေးတဲ့အတွက် သင်ကြားပေးဖို့ လိုအပ်နေပြီလို့ Myanmar Parenting မှ ဒေါ်စုလဲ့ဝင်းက ပြောပါတယ်။  "ထည့်ကိုထည့်သွင်းရမှာ၊ ဘာလုပ်လို့လဲဆိုတော့ sex education လို့ပြောတာနဲ့ တချို့က ကလေးတယောက်ကို sexual ပိုင်းလို့ ထင်ကြတာ၊ တကယ်တော့မဟုတ်ဘူး။ သူတို့ကို ငယ်ငယ်လေးထဲက စသင်ခြင်းအားဖြင့် ကြီးလာတဲ့ထိကို သူ နောက်ဆုံးအိမ်ထောင်ကျမယ်၊ သူရဲ့ ဘဝ long life အထိကို သူ့ရဲ့မှန်ကန်တဲ့အတွေးတွေ ဘယ်လိုလုပ်ရမလဲ၊ သူများအပေါ် ဘယ်လိုဆက်ဆံရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို respect ထားရလဲ၊ အဲ့ဒါတွေအကုန်လုံး သင်ကြားပေးသလိုဖြစ်သွားမှာ။ ဆိုတော့ ငယ်ငယ်လေးထဲက ကြီးလာတဲ့အထိကို လိုအပ်တဲ့အတွက် ဒါက ကျောင်းပိုင်းမှာလည်းလိုတယ်၊ အကုန်လိုတယ်။ လူ့ဘောင်လောကအတွက်က တကယ်ကို လိုအပ်တယ်၊ ဒီပညာရေးကတော့လေ''လို့ ပြောပါတယ်။ အခုလို သင်ကြားခြင်းအားဖြင့် ကြီးပြင်းလာတဲ့ဘဝသက်တမ်းမှာ ဆောင်ရန် ရှောင်ရန်တွေကို သိမြင်လာနိုင်မယ်လို့လည်း ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ သင်ကြားရာမှာ ကလေးငယ်တွေ ပြေးလွှားဆော့ကစား တတ်တဲ့ အရွယ်ကတည်းက မိဘတွေကိုယ်တိုင် နားလည်သဘောပေါက်အောင် သင်ကြားပေး သင့်တယ်လို့ စိတ်ပညာရှင် ဆရာဝန်တွေက ပြောပါတယ်။ မန္တလေး စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်က “အစ်မတို့နိုင်ငံမှာလည်း အယူအဆမှားတွေရှိတယ်ပေါ့နော်၊ ငယ်ငယ်ထဲက ဒီလိင်ကိစ္စ၊ ဥပမာ sex education လို့ပြောလိုက်တာနဲ့ ဒါ လိင်ကိစ္စဆို ကလေးတွေကို မသိစေချင်ဘူး။ လူကြီးမိဘတွေက အစ ဒီဟာကြီးကို အယူအဆမှားပေါ့နော်၊ ကလေးတွေကို မသိစေချင်တာက များနေတယ်၊ ကလေးတော်တော်များများက တစ်ချို့ဆိုရင် တက္ကသိုလ်ရောက်လာတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ၊ အဲ့တော့ ခုနကလို abortion case တွေ များလာတယ်၊ နောက်တခါ အဲဒီဟာတွေ လျော့ကျစေဖို့က အစ်မတို့ ပုဂ္ဂလိကတွေ၊ NGO တွေ တခုတည်းနဲ့ ဆောင်ရွက်လို့မရဘူး၊ Government Sector ကပါ ပါဝင်မှ ကျောင်းတွေမှာ ထည့်သွင်းမှ community level ထိ ရောက်မှာ၊ community ဆိုတာ အောက်ခြေလူတန်းစားတွေ အကုန်လုံး ရောက်နိုင်ဖို့ ဒီ sex education ကို ကျောင်းတွေမှာ ဘာသာရပ်တခုအနေနဲ့ ထည့်သွင်းသင့်ပါတယ်။ ထည့်သွင်းဖို့က အစိုးရရဲ့ အားတက်သရော ပါဝင်ဆောင်ရွက်မှသာ အောင်မြင်သွားမှာ''လို့ ပြောပါတယ်။ ဒီကိစ္စဟာ အောက်ခြေလူတန်းစားအထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပြီ လို့လည်း သိရပါတယ်။ ဒါ့အပြင် Sex education ဟာ မိဘကိုယ်တိုင်က ငယ်စဉ်ကတည်းက သင်ကြားပေးဖို့ လိုအပ်တဲ့ ကိစ္စ ဖြစ်တယ်လို့ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် မယ်လိုဒီကပြောပါတယ်။ "လိုအပ်တာ မဟုတ်ဘူး၊ လိုကိုလိုအပ်တာ။ မျိုးက သားကိုလည်း သင်ပေးတယ်၊ ဘာလို့ဆိုတော့ လက်ဦးဆရာ မိနှင့်ဘ ဖြစ်တဲ့ခါကျတော့ မိဘကအရင်ဆုံး ဘယ်အရာမဆို ဆုံးမသွန်သင်ပြ ပြောပြထားမှ သူ့ရဲ့အနာဂတ်မှာ ပိုပြီးလှပနိုင်မယ်၊ပထမဦးဆုံးက မိဘဖြစ်တဲ့ အတွက် မိဘကတော့ အရင်သင်ပေးရမယ်၊ အိမ်ကနေ ပြီးတော့မှ ကျောင်းကိုသွားတာလေ၊ ကျောင်းက နံပါတ် ၂ အဆင့်မှာ ရှိတဲ့ခါကျတော့ ကျောင်းကလည်း သင်ပေးသင့်တာပေါ့၊ သင်ပေးရင်တော့ အကောင်းဆုံးပေါ့ရှင့် ''လို့ မယ်လိုဒီက ပြောပါတယ်။ Myanmar Parenting Group က စီစဉ်တဲ့ ကလေးငယ်တွေအတွက် sex education နဲ့ ပတ်သက်တဲ့ ဟောပြောပွဲကိုလည်း ဩဂုတ် ၃ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပြီး မန္တလေးစိတ်ကျန်းမာရေး အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်၊ မန္တလေး ဆေးတက္ကသိုလ် ကလေးကျန်းမာပညာဌာနမှ ကထိက ဒေါက်တာခိုင်ဝါဝါထွန်း၊ ဒေါက်တာဖြိုးသီဟ၊ ဒေါက်တာခိုင်စံပယ်မင်း၊ ဒေါ်စုလဲ့ဝင်းနဲ့ ကုပ်ရှင်နှင့် မယ်လိုဒီတို့ တက်ရောက်ကာ လိင်ပညာပေးမှုနဲ့ ပတ်သက်တဲ့ အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။  ဒီအခမ်းအနားကို မန္တလေးမြို့ခံ ငါးရာလောက် တက်ရောက်ခဲ့ကြပါတယ်။ ထိန်ထိန်လင်း
ကေလးငယ္မ်ားအတြက္ sex education ကို အေျခခံပညာသင္ၾကားေရးစနစ္တြင္ ထည့္သင့္ DVB ျမန္မာႏိုင္ငံက ကေလးငယ္ေတြအတြက္ sex education (လိင္ပိုင္းဆိုင္ရာ ပညာေပးမႈ)ေတြ ကို အေျခခံပညာ သင္ၾကားေရးစနစ္ကေနစၿပီး ဘာသာရပ္တခုအေနနဲ႔ ထည့္သြင္းသင္ၾကား သင့္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ေျပာပါတယ္။ ႏိုင္ငံတကာမွာေတာ့ လိင္ပိုင္းဆိုင္ရာ ပညာေပးမႈနဲ႔ပတ္သက္ၿပီး ေက်ာင္းပညာေရးေတြမွာ ထည့္သြင္းသင္ၾကားေပးေနၿပီး ျမန္မာႏိုင္ငံမွာေတာ့ ဒီစနစ္မရွိေသးတဲ့အတြက္ သင္ၾကားေပးဖို႔ လိုအပ္ေနၿပီလို႔ Myanmar Parenting မွ ေဒၚစုလဲ့ဝင္းက ေျပာပါတယ္။ "ထည့္ကိုထည့္သြင္းရမွာ၊ ဘာလုပ္လို႔လဲဆိုေတာ့ sex education လို႔ေျပာတာနဲ႔ တခ်ိဳ႕က ကေလးတေယာက္ကို sexual ပိုင္းလို႔ ထင္ၾကတာ၊ တကယ္ေတာ့မဟုတ္ဘူး။ သူတို႔ကို ငယ္ငယ္ေလးထဲက စသင္ျခင္းအားျဖင့္ ႀကီးလာတဲ့ထိကို သူ ေနာက္ဆုံးအိမ္ေထာင္က်မယ္၊ သူရဲ႕ ဘဝ long life အထိကို သူ႔ရဲ႕မွန္ကန္တဲ့အေတြးေတြ ဘယ္လိုလုပ္ရမလဲ၊ သူမ်ားအေပၚ ဘယ္လိုဆက္ဆံရမလဲ၊ ကိုယ့္ကိုယ္ကိုယ္ ဘယ္လို respect ထားရလဲ၊ အဲ့ဒါေတြအကုန္လုံး သင္ၾကားေပးသလိုျဖစ္သြားမွာ။ ဆိုေတာ့ ငယ္ငယ္ေလးထဲက ႀကီးလာတဲ့အထိကို လိုအပ္တဲ့အတြက္ ဒါက ေက်ာင္းပိုင္းမွာလည္းလိုတယ္၊ အကုန္လိုတယ္။ လူ႔ေဘာင္ေလာကအတြက္က တကယ္ကို လိုအပ္တယ္၊ ဒီပညာေရးကေတာ့ေလ''လို႔ ေျပာပါတယ္။ အခုလို သင္ၾကားျခင္းအားျဖင့္ ႀကီးျပင္းလာတဲ့ဘဝသက္တမ္းမွာ ေဆာင္ရန္ ေရွာင္ရန္ေတြကို သိျမင္လာႏိုင္မယ္လို႔လည္း ဆိုပါတယ္။ လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္လို႔ သင္ၾကားရာမွာ ကေလးငယ္ေတြ ေျပးလႊားေဆာ့ကစား တတ္တဲ့ အ႐ြယ္ကတည္းက မိဘေတြကိုယ္တိုင္ နားလည္သေဘာေပါက္ေအာင္ သင္ၾကားေပး သင့္တယ္လို႔ စိတ္ပညာရွင္ ဆရာဝန္ေတြက ေျပာပါတယ္။ မႏၲေလး စိတ္က်န္းမာေရးအထူးကုေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးသူေအာင္က “အစ္မတို႔ႏိုင္ငံမွာလည္း အယူအဆမွားေတြရွိတယ္ေပါ့ေနာ္၊ ငယ္ငယ္ထဲက ဒီလိင္ကိစၥ၊ ဥပမာ sex education လို႔ေျပာလိုက္တာနဲ႔ ဒါ လိင္ကိစၥဆို ကေလးေတြကို မသိေစခ်င္ဘူး။ လူႀကီးမိဘေတြက အစ ဒီဟာႀကီးကို အယူအဆမွားေပါ့ေနာ္၊ ကေလးေတြကို မသိေစခ်င္တာက မ်ားေနတယ္၊ ကေလးေတာ္ေတာ္မ်ားမ်ားက တစ္ခ်ိဳ႕ဆိုရင္ တကၠသိုလ္ေရာက္လာတယ္၊ ကိုယ့္ကိုယ္ကိုယ္ ဘယ္လို ကာကြယ္ရမလဲ၊ အဲ့ေတာ့ ခုနကလို abortion case ေတြ မ်ားလာတယ္၊ ေနာက္တခါ အဲဒီဟာေတြ ေလ်ာ့က်ေစဖို႔က အစ္မတို႔ ပုဂၢလိကေတြ၊ NGO ေတြ တခုတည္းနဲ႔ ေဆာင္႐ြက္လို႔မရဘူး၊ Government Sector ကပါ ပါဝင္မွ ေက်ာင္းေတြမွာ ထည့္သြင္းမွ community level ထိ ေရာက္မွာ၊ community ဆိုတာ ေအာက္ေျခလူတန္းစားေတြ အကုန္လုံး ေရာက္ႏိုင္ဖို႔ ဒီ sex education ကို ေက်ာင္းေတြမွာ ဘာသာရပ္တခုအေနနဲ႔ ထည့္သြင္းသင့္ပါတယ္။ ထည့္သြင္းဖို႔က အစိုးရရဲ႕ အားတက္သေရာ ပါဝင္ေဆာင္႐ြက္မွသာ ေအာင္ျမင္သြားမွာ''လို႔ ေျပာပါတယ္။ ဒီကိစၥဟာ ေအာက္ေျခလူတန္းစားအထိ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေဆာင္ႏိုင္ဖို႔ လိုအပ္ေနၿပီ လို႔လည္း သိရပါတယ္။ ဒါ့အျပင္ Sex education ဟာ မိဘကိုယ္တိုင္က ငယ္စဥ္ကတည္းက သင္ၾကားေပးဖို႔ လိုအပ္တဲ့ ကိစၥ ျဖစ္တယ္လို႔ ႐ုပ္ရွင္ႏွင့္ ဗြီဒီယို သ႐ုပ္ေဆာင္ မယ္လိုဒီကေျပာပါတယ္။ "လိုအပ္တာ မဟုတ္ဘူး၊ လိုကိုလိုအပ္တာ။ မ်ိဳးက သားကိုလည္း သင္ေပးတယ္၊ ဘာလို႔ဆိုေတာ့ လက္ဦးဆရာ မိႏွင့္ဘ ျဖစ္တဲ့ခါက်ေတာ့ မိဘကအရင္ဆုံး ဘယ္အရာမဆို ဆုံးမသြန္သင္ျပ ေျပာျပထားမွ သူ႔ရဲ႕အနာဂတ္မွာ ပိုၿပီးလွပႏိုင္မယ္၊ပထမဦးဆုံးက မိဘျဖစ္တဲ့ အတြက္ မိဘကေတာ့ အရင္သင္ေပးရမယ္၊ အိမ္ကေန ၿပီးေတာ့မွ ေက်ာင္းကိုသြားတာေလ၊ ေက်ာင္းက နံပါတ္ ၂ အဆင့္မွာ ရွိတဲ့ခါက်ေတာ့ ေက်ာင္းကလည္း သင္ေပးသင့္တာေပါ့၊ သင္ေပးရင္ေတာ့ အေကာင္းဆုံးေပါ့ရွင့္ ''လို႔ မယ္လိုဒီက ေျပာပါတယ္။ Myanmar Parenting Group က စီစဥ္တဲ့ ကေလးငယ္ေတြအတြက္ sex education နဲ႔ ပတ္သက္တဲ့ ေဟာေျပာပြဲကိုလည္း ဩဂုတ္ ၃ ရက္ေန႔က မႏၲေလးၿမိဳ႕မွာ ျပဳလုပ္ခဲ့ၿပီး မႏၲေလးစိတ္က်န္းမာေရး အထူးကုေဆး႐ုံမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးသူေအာင္၊ မႏၲေလး ေဆးတကၠသိုလ္ ကေလးက်န္းမာပညာဌာနမွ ကထိက ေဒါက္တာခိုင္ဝါဝါထြန္း၊ ေဒါက္တာၿဖိဳးသီဟ၊ ေဒါက္တာခိုင္စံပယ္မင္း၊ ေဒၚစုလဲ့ဝင္းနဲ႔ ကုပ္ရွင္ႏွင့္ မယ္လိုဒီတို႔ တက္ေရာက္ကာ လိင္ပညာေပးမႈနဲ႔ ပတ္သက္တဲ့ အသိပညာေပးေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီအခမ္းအနားကို မႏၲေလးၿမိဳ႕ခံ ငါးရာေလာက္ တက္ေရာက္ခဲ့ၾကပါတယ္။ ထိန္ထိန္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024