DVB Logo
Home
မြန်မာသတင်း
စီးပွားရေးဆိုင်ရာ အငြင်းပွားသည့်ပြဿနာ ဖြေရှင်းရန် မြန်မာအနုညာတဗဟိုဌာန ဖွင့်လှစ်
DVB
·
August 4, 2019
စီးပွားရေးဆိုင်ရာ အငြင်းပွားသည့်ပြဿနာ ဖြေရှင်းရန် မြန်မာအနုညာတဗဟိုဌာန ဖွင့်လှစ်
1 / 4
Donate to DVB

စီးပွားရေးဆိုင်ရာ အငြင်းပွားတဲ့ပြဿနာတွေကို ပြည်တွင်းမှာပဲ ဖြေရှင်းနိုင်ဖို့ မြန်မာ အနုညာတ ဗဟိုဌာနကို မနေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဒီမတိုင်ခင်ကတော့ ပြည်တွင်းစီးပွားရေးဆိုင်ပြဿနာတွေကို အနုညာတခုံရုံးရှိတဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက်ဖြေရှင်းခဲ့ရတာဖြစ်ပြီး အချိန်၊ ငွေကြေး၊ ဘာသာစကားစတဲ့ အခက်အခဲတွေ ရှိခဲ့တယ်လို့ UMFCCI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခုံသမာဓိလူကြီး‌တွေအနေနဲ့ ပြည်တွင်းမှာပဲ စီရင်ဆုံးဖြတ်နိုင်ဖို့ အနုညာတ စီရင်ဆုံးဖြတ်ရာမှာ အတွေ့အကြုံနဲ့ အရည်အချင်းရှိတဲ့ ခုံသမာဓိတွေရှိလာဖို့ ခုံသမာဓိ သင်တန်းတွေကိုလည်း အသင်းချုပ်မှာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။

မြန်မာအနုညာတဗဟိုဌာန ဖွင့်လှစ်နိုင်ခဲ့လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး နောင်ဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် အနုညာတ ခုံသမာဓိ လူကြီးတွေနဲ့ အနုညာတဆုံးဖြတ်နည်းနဲ့ ဖြေရှင်းနိုင်တော့မယ်လို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။

ပြီးတော့ မြန်မာ အနုညာတဗဟိုဌာန ခုံသမာဓိအဖွဲ့ဝင်တွေအနေနဲ့ ဘက်လိုက်တာတွေရှိရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ပြန်ပြီးတရားစွဲခံရမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကို ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ပါတယ်။




စီးပြားေရးဆိုင္ရာ အျငင္းပြားသည့္ျပႆနာ ေျဖရွင္းရန္ ျမန္မာအႏုညာတဗဟိုဌာန ဖြင့္လွစ္

DVB

စီးပြားေရးဆိုင္ရာ အျငင္းပြားတဲ့ျပႆနာေတြကို ျပည္တြင္းမွာပဲ ေျဖရွင္းႏိုင္ဖို႔ ျမန္မာ အႏုညာတ ဗဟိုဌာနကို မေန႔က ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) မွာ ဖြင့္လွစ္လိုက္ပါတယ္။

ဒီမတိုင္ခင္ကေတာ့ ျပည္တြင္းစီးပြားေရးဆိုင္ျပႆနာေတြကို အႏုညာတခုံ႐ုံးရွိတဲ့ ျပည္ပႏိုင္ငံေတြမွာ သြားေရာက္ေျဖရွင္းခဲ့ရတာျဖစ္ၿပီး အခ်ိန္၊ ေငြေၾကး၊ ဘာသာစကားစတဲ့ အခက္အခဲေတြ ရွိခဲ့တယ္လို႔ UMFCCI ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ခုံသမာဓိလူႀကီး‌ေတြအေနနဲ႔ ျပည္တြင္းမွာပဲ စီရင္ဆုံးျဖတ္ႏိုင္ဖို႔ အႏုညာတ စီရင္ဆုံးျဖတ္ရာမွာ အေတြ႕အႀကဳံနဲ႔ အရည္အခ်င္းရွိတဲ့ ခုံသမာဓိေတြရွိလာဖို႔ ခုံသမာဓိ သင္တန္းေတြကိုလည္း အသင္းခ်ဳပ္မွာ ဖြင့္လွစ္သင္ၾကားေပးခဲ့ပါတယ္။

ျမန္မာအႏုညာတဗဟိုဌာန ဖြင့္လွစ္ႏိုင္ခဲ့လို႔ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ျပည္တြင္း ရင္းႏွီးျမႇဳပ္ႏွံသူေတြအေနနဲ႔ စီးပြားေရးနဲ႔ ပတ္သက္ၿပီး ေနာင္ျဖစ္ေပၚလာႏိုင္တဲ့ အျငင္းပြားမႈေတြကို ညႇိႏႈိင္းေျဖရွင္းတဲ့နည္းလမ္းနဲ႔ မေျဖရွင္းႏိုင္ဘူးဆိုရင္ အႏုညာတ ခုံသမာဓိ လူႀကီးေတြနဲ႔ အႏုညာတဆုံးျဖတ္နည္းနဲ႔ ေျဖရွင္းႏိုင္ေတာ့မယ္လို႔ အသင္းခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာပါတယ္။

ၿပီးေတာ့ ျမန္မာ အႏုညာတဗဟိုဌာန ခုံသမာဓိအဖြဲ႕ဝင္ေတြအေနနဲ႔ ဘက္လိုက္တာေတြရွိရင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ျပန္ၿပီးတရားစြဲခံရမယ္လို႔လည္း ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ အႏုညာတ စီရင္ဆုံးျဖတ္ျခင္း ဥပေဒကို ၂၀၁၆ ခုႏွစ္က ျပ႒ာန္းခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013