DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ဆင်ဦးစီး ၁ ဦး ဆင်းနင်းခံရ၍ သေဆုံး
DVB
·
August 4, 2019
အင်းတော်မြို့နယ်တွင် ဆင်ဦးစီး ၁ ဦး ဆင်းနင်းခံရ၍ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆင်ဦးစီး ၁ ဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ ၁၅၃၀ အချိန် အင်းတော်မြို့နယ်၊ ဂဟဲကျေးရွာမှာ လူ ၁ ဦး ဆင်နင်းခံရပြီး သေဆုံးသွားကြောင်း သတင်းအရ အင်းတော်မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဂဟဲကျေးရွာ၊ ကလုံသစ်တောကြိုးဝိုင်းနေ ဦးကျော်မြိုင်ရဲ့ နေအိမ်ခြံစည်းရိုးဘေးမှာ ဆင်ဦးစီး မောင်ငယ်(ခ)ဇီဆာ (၃၉) နှစ်အား ဝမ်းဗိုက်၊ ယာပေါင် ပေါက်ပြဲ၊ ခန္ဓာကိုယ် ကျိုးကြေဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ဆင်ဦးစီးမောင်းနှင်တဲ့ အမြင့် ၈ ပေ ၅ လက်မခန့်ရှိ သစ်ထုတ်လုပ်ရေးပိုင် ဆင်အထီးမှာ မုန်ယိုပြီး ခြေထောက်နဲ့နင်း၊ အစွယ်နဲ့ ထိုးလို့ သေဆုံးရတာဖြစ်ကြောင်း သိရှိရလို့ အလောင်းအား အင်းတော်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မောင်ငယ်(ခ)ဇီဆာ (၃၉) နှစ် သေဆုံးမှုအား အင်းတော်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။




အင္းေတာ္ၿမိဳ႕နယ္တြင္ ဆင္ဦးစီး ၁ ဦး ဆင္းနင္းခံရ၍ ေသဆုံး
DVB
စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္မွာ ဆင္ဦးစီး ၁ ဦး ဆင္နင္းခံရၿပီး ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

ဩဂုတ္လ ၂ ရက္ေန႔ ၁၅၃၀ အခ်ိန္ အင္းေတာ္ၿမိဳ႕နယ္၊ ဂဟဲေက်း႐ြာမွာ လူ ၁ ဦး ဆင္နင္းခံရၿပီး ေသဆုံးသြားေၾကာင္း သတင္းအရ အင္းေတာ္ၿမိဳ႕မရဲစခန္း တပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။

ဂဟဲေက်း႐ြာ၊ ကလုံသစ္ေတာႀကိဳးဝိုင္းေန ဦးေက်ာ္ၿမိဳင္ရဲ႕ ေနအိမ္ၿခံစည္း႐ိုးေဘးမွာ ဆင္ဦးစီး ေမာင္ငယ္(ခ)ဇီဆာ (၃၉) ႏွစ္အား ဝမ္းဗိုက္၊ ယာေပါင္ ေပါက္ၿပဲ၊ ခႏၶာကိုယ္ က်ိဳးေၾကဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါ ဆင္ဦးစီးေမာင္းႏွင္တဲ့ အျမင့္ ၈ ေပ ၅ လက္မခန႔္ရွိ သစ္ထုတ္လုပ္ေရးပိုင္ ဆင္အထီးမွာ မုန္ယိုၿပီး ေျခေထာက္နဲ႔နင္း၊ အစြယ္နဲ႔ ထိုးလို႔ ေသဆုံးရတာျဖစ္ေၾကာင္း သိရွိရလို႔ အေလာင္းအား အင္းေတာ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေမာင္ငယ္(ခ)ဇီဆာ (၃၉) ႏွစ္ ေသဆုံးမႈအား အင္းေတာ္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ (၇/၂၀၁၉) နဲ႔ ေရးဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013