DVB Logo
Home
မြန်မာသတင်း
မင်းဘူးတွင် ဆောက်လက်စအဆောက်အဦ ပြိုကျ၊ ၅ ဦး ဒဏ်ရာရ
DVB
·
August 4, 2019
မင်းဘူးတွင် ဆောက်လက်စအဆောက်အဦ ပြိုကျ၊ ၅ ဦး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း မင်းဘူးမြို့မှာ သြဂုတ် ၃ ရက်နေ့ မနက်ပိုင်းက ဆောက်လက်စ အဆောက်ဦတလုံးပြိုကျပြီး အမျိုးသား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အမိုးကို ကွန်ကရစ်လောင်းမိုးရာက သံဖရိန်တွေ ခိုင်ခန့်မှုမရှိဘဲအဆောက်အဦ ပြိုကျကာ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားတာလို့ မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ငြိမ်းက DVB ကို ပြောပါတယ်။

“တာဝန်ခံအင်ဂျင်နီယာ ကိုဆန်းလင်းနိုင်က အဆောက်အဦ မပြိုကျခင်အချိန်အတွင်း ကွန်ကရစ်လောင်းတဲ့ အမိုးအောက်မှာရှိနေတာပါ။ ကျန်အဖွဲ့တွေက ကွန်ကရစ်ဖျော်စက်နဲ့ အမိုးပေါ်ကို ကွန်ကရစ်လောင်းနေရာက အဆောက်အဦပြိုကျခဲ့တာပါ။ ကိုဆန်းလင်းနိုင်က ပြိုကျတဲ့အဆောက်အဦအောက်မှာပိနေခဲ့ပြီး ကျန် ၄ ဦးမှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အတွက် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးကိုပေးပို့ထားရှိခဲ့ပါတယ်။" 

တာဝန်ခံအင်ဂျင်နီယာ ကိုဆန်းလင်းနိုင်ကို အဆောက်အဦအပျက်အစီးတွေအောက်ကနေ နေ့လယ် ၁နာရီအချိန်လောက်မှာ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ယူနိုင်ခဲ့ပြီး စိုးရိမ်ရတဲ့အတွက် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ပေးပို့ကုသထားတယ်လို့ဆိုပါတယ်။

ပြိုကျခဲ့တဲ့ အဆောက်ဦးဟာ သံကူကွန်ဂရစ် Steel Structure အမျိုးအစား၊ သံဖရိန် တထပ်ဈေးဆိုင်ခန်း ဆောက်လုပ်တာလို့ သိရပါတယ်။

သတင်း-မင်းထီး




Zawgyi Version

မင္းဘူးတြင္ ေဆာက္လက္စအေဆာက္အဦ ၿပိဳက်၊ ၅ ဦး ဒဏ္ရာရ

DVB

မေကြးတိုင္း မင္းဘူးၿမိဳ႕မွာ ၾသဂုတ္ ၃ ရက္ေန႔ မနက္ပိုင္းက ေဆာက္လက္စ အေဆာက္ဦတလုံးၿပိဳက်ၿပီး အမ်ိဳးသား ၅ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

အမိုးကို ကြန္ကရစ္ေလာင္းမိုးရာက သံဖရိန္ေတြ ခိုင္ခန႔္မႈမရွိဘဲအေဆာက္အဦ ၿပိဳက်ကာ အမ်ိဳးသား ၅ ဦး ထိခိုက္ဒဏ္ရာရရွိသြားတာလို႔ မင္းဘူးၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ၿငိမ္းက DVB ကို ေျပာပါတယ္။

“တာဝန္ခံအင္ဂ်င္နီယာ ကိုဆန္းလင္းႏိုင္က အေဆာက္အဦ မၿပိဳက်ခင္အခ်ိန္အတြင္း ကြန္ကရစ္ေလာင္းတဲ့ အမိုးေအာက္မွာရွိေနတာပါ။ က်န္အဖြဲ႕ေတြက ကြန္ကရစ္ေဖ်ာ္စက္နဲ႔ အမိုးေပၚကို ကြန္ကရစ္ေလာင္းေနရာက အေဆာက္အဦၿပိဳက်ခဲ့တာပါ။ ကိုဆန္းလင္းႏိုင္က ၿပိဳက်တဲ့အေဆာက္အဦေအာက္မွာပိေနခဲ့ၿပီး က်န္ ၄ ဦးမွာလည္း ထိခိုက္ ဒဏ္ရာရရွိခဲ့တဲ့အတြက္ မင္းဘူးခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးကိုေပးပို႔ထားရွိခဲ့ပါတယ္။"

တာဝန္ခံအင္ဂ်င္နီယာ ကိုဆန္းလင္းႏိုင္ကို အေဆာက္အဦအပ်က္အစီးေတြေအာက္ကေန ေန႔လယ္ ၁နာရီအခ်ိန္ေလာက္မွာ ကယ္ဆယ္ေရးအဖြဲ႕က ထုတ္ယူႏိုင္ခဲ့ၿပီး စိုးရိမ္ရတဲ့အတြက္ မင္းဘူးခ႐ိုင္ျပည္သူ႔ေဆး႐ုံမွာ အတြင္းလူနာအျဖစ္ ေပးပို႔ကုသထားတယ္လို႔ဆိုပါတယ္။

ၿပိဳက်ခဲ့တဲ့ အေဆာက္ဦးဟာ သံကူကြန္ဂရစ္ Steel Structure အမ်ိဳးအစား၊ သံဖရိန္ တထပ္ေဈးဆိုင္ခန္း ေဆာက္လုပ္တာလို႔ သိရပါတယ္။

သတင္း-မင္းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013