DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် နှစ်ပတ်လည် စုံညီအခမ်းအနား ကျင်းပ (ဓာတ်ပုံ)
DVB
·
August 3, 2019
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် နှစ်ပတ်လည် စုံညီအခမ်းအနား ကျင်းပ (ဓာတ်ပုံ)
1 / 5
Donate to DVB

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ရဲ့ နှစ်ပတ်လည် စုံညီအခမ်းအနားကို သြဂုတ်လ ၃ ရက်နေ့က ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ House of Orchid မှာ ကျင်းပခဲ့ပါတယ်။ 

အဲဒီအခမ်းအနားမှာတော့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှာ မျိုးဆက်သစ်ရှေ့နေတွေနဲ့ ဥပဒေကျောင်းသား၊ကျောင်းသူတွေအတွက် အရည်အသွေးမြှင့်သင်တန်းတွေနဲ့ ပြည်သူအကျိုးအတွက် ဥပဒေအသိပညာပေးဆောင်ရွက်ချက်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် လူမှုအကျိုးပြုကိစ္စတွေနဲ့ ဥပဒေကိစ္စဆောင်ရွက်ချက်တွေ နဲ့ မျိုးဆက်သစ်ရှေ့နေတွေကို ထိန်းကျောင်းပေးခဲ့တဲ့ သူတွေကို ဂုဏ်ပြုမှတ်တမ်းနဲ့ အမှတ်တရာလက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကိုတော့ တရားဥပဒေစိုးမိုတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရည်တည်နိုင်ရေး၊ ဂုဏ်သိက္ခာမြင့်မားတဲ့ တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေးနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး ပီပြင်စွာဖြစ်ထွန်းလာစေဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှာ အသင်းဝင်ပေါင်း အယောက် ၅၀၀ ကျော် ရှိနေပါတယ်။




Zawgyi Version

ျမန္မာႏိုင္ငံ ေရွ႕ေနမ်ားကြန္ရက္ရဲ႕ ႏွစ္ပတ္လည္ စုံညီအခမ္းအနားကို ၾသဂုတ္လ ၃ ရက္ေန႔က ဗိုလ္တေထာင္ၿမိဳ႕နယ္မွာရွိတဲ့ House of Orchid မွာ က်င္းပခဲ့ပါတယ္။

အဲဒီအခမ္းအနားမွာေတာ့ ျမန္မာႏိုင္ငံေရွ႕ေနမ်ားကြန္ရက္မွာ မ်ိဳးဆက္သစ္ေရွ႕ေနေတြနဲ႔ ဥပေဒေက်ာင္းသား၊ေက်ာင္းသူေတြအတြက္ အရည္အေသြးျမႇင့္သင္တန္းေတြနဲ႔ ျပည္သူအက်ိဳးအတြက္ ဥပေဒအသိပညာေပးေဆာင္႐ြက္ခ်က္ေတြ၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအလိုက္ လူမႈအက်ိဳးျပဳကိစၥေတြနဲ႔ ဥပေဒကိစၥေဆာင္႐ြက္ခ်က္ေတြ နဲ႔ မ်ိဳးဆက္သစ္ေရွ႕ေနေတြကို ထိန္းေက်ာင္းေပးခဲ့တဲ့ သူေတြကို ဂုဏ္ျပဳမွတ္တမ္းနဲ႔ အမွတ္တရာလက္ေဆာင္ေတြ ေပးအပ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံေရွ႕ေနမ်ားကြန္ရက္ကိုေတာ့ တရားဥပေဒစိုးမိုတဲ့ ႏိုင္ငံတႏိုင္ငံအျဖစ္ ရည္တည္ႏိုင္ေရး၊ ဂုဏ္သိကၡာျမင့္မားတဲ့ တရားစီရင္ေရးစနစ္ေပၚေပါက္ေရးနဲ႔ လြတ္လပ္တဲ့ တရားစီရင္ေရး ပီျပင္စြာျဖစ္ထြန္းလာေစဖို႔ ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံေရွ႕ေနမ်ားကြန္ရက္မွာ အသင္းဝင္ေပါင္း အေယာက္ ၅၀၀ ေက်ာ္ ရွိေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013