DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် လူဦးရေ ၁၅၀၀ ကျော် ရေဘေးရှောင်နေရ
DVB
·
August 3, 2019
ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် လူဦးရေ ၁၅၀၀ ကျော် ရေဘေးရှောင်နေရ
Donate to DVB

မိုးရွာရေကြီးနေလို့ ကရင်ပြည်နယ်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာ လူဦးရေ ၁၅၀၀ ကျော် ရေဘေးရှောင်နေရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်းတွေအရသိရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ရပ်ကွက် ၃ ခုနဲ့  တတန်ကူးရွာမှာ ရေကြီးနေလို့ လူ အယောက် ၈၀ ရေဘေးရှောင်နေရပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာတော့ လူဦးရေ ၁၁၃၇ ယောက် ရေဘေးသင့်ပြောင်းရွှေ့နေရသလို စာသင်ကျောင်း ၁၇ ကျောင်းပိတ်ထားရပါတယ်။

မြဝတီမြို့နယ်မှာလည်း သောင်ရင်းမြစ်ရေလျှံလို့ လူဦးရေ ၃၈၀ ကျော်ဟာ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းကို ရွှေ့ပြောင်းနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာလည်း လူဦရေ ၁၀၀ ကျော်ရေဘေးသင့်နေပါတယ်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ စတိန်ရွာ ပင်လယ်ကမ်းခြေက အလျားပေ ၁၀၀၀ လောက်ရှိတဲ့ ကျောက်စီကွန်ကရစ် လှိုင်းတားတမံဟာ လှိုင်းလေပြင်းထန်တာကြောင့် တမံအလယ်ပိုင်းမှာ ပေ ၃၀၀ လောက် ကျိုးကျခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။




Zawgyi Version

ကရင္ျပည္နယ္ႏွင့္ ပဲခူးတိုင္းတြင္ လူဦးေရ ၁၅၀၀ ေက်ာ္ ေရေဘးေရွာင္ေနရ

DVB

မိုး႐ြာေရႀကီးေနလို႔ ကရင္ျပည္နယ္၊ ပဲခူးနဲ႔ တနသၤာရီတိုင္းတို႔မွာ လူဦးေရ ၁၅၀၀ ေက်ာ္ ေရေဘးေရွာင္ေနရတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာန သတင္းေတြအရသိရပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္က ရပ္ကြက္ ၃ ခုနဲ႔  တတန္ကူး႐ြာမွာ ေရႀကီးေနလို႔ လူ အေယာက္ ၈၀ ေရေဘးေရွာင္ေနရၿပီး ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ က်ိဳက္ဒုံၿမိဳ႕မွာေတာ့ လူဦးေရ ၁၁၃၇ ေယာက္ ေရေဘးသင့္ေျပာင္းေ႐ႊ႕ေနရသလို စာသင္ေက်ာင္း ၁၇ ေက်ာင္းပိတ္ထားရပါတယ္။

ျမဝတီၿမိဳ႕နယ္မွာလည္း ေသာင္ရင္းျမစ္ေရလွ်ံလို႔ လူဦးေရ ၃၈၀ ေက်ာ္ဟာ ယာယီေရေဘး ကယ္ဆယ္ေရးစခန္းကို ေ႐ႊ႕ေျပာင္းေနရတယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ထုတ္ျပန္ပါတယ္။

ဒါ့အျပင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္ထဲမွာလည္း လူဦေရ ၁၀၀ ေက်ာ္ေရေဘးသင့္ေနပါတယ္။

တနသၤာရီတိုင္း၊ ဘုတ္ျပင္းၿမိဳ႕နယ္၊ စတိန္႐ြာ ပင္လယ္ကမ္းေျခက အလ်ားေပ ၁၀၀၀ ေလာက္ရွိတဲ့ ေက်ာက္စီကြန္ကရစ္ လႈိင္းတားတမံဟာ လႈိင္းေလျပင္းထန္တာေၾကာင့္ တမံအလယ္ပိုင္းမွာ ေပ ၃၀၀ ေလာက္ က်ိဳးက်ခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013