DVB Logo
Home
မြန်မာသတင်း
မန္တလေး နေအိမ်ဓားပြတိုက်ခံရမှု ၁၀ မိနစ်အတွင်း တရားခံအချို့ဖမ်းမိ
DVB
·
August 3, 2019
မန္တလေး နေအိမ်ဓားပြတိုက်ခံရမှု ၁၀ မိနစ်အတွင်း တရားခံအချို့ဖမ်းမိ
Donate to DVB

မန္တလေးမှာ မနေ့ မနက်ပိုင်းက အိမ်တအိမ်ဓားပြတိုက်ခံရပြီး ၁၀ မိနစ်လောက်အတွင်းမှာ တရားခံတချို့ ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

အသက် ၁၃ နှစ်ကနေ ၂၀ အရွယ် လူငယ် ၇ ယောက်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃ လမ်းနဲ့ ကနောင်မင်းသားကြီးလမ်းကြားက အိမ်တအိမ်ကို ဓားပြဝင်တိုက်ခဲ့တာပါ။

မနက်အစောပိုင်း ၁ နာရီခွဲအချိန်မှာ အိမ်ရှေ့က အော်နှိုးသံကြားလို့ အိမ်ရှင် ဦးစိုး(ခ)စိုးလှိုင်ဝင်းက သွားဖွင့်ပေးတဲ့အခါ Mask (မျက်နှာဖုံး) တွေတပ်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား ၇ ယောက်က ဓားတွေ၊ လေးခွတွေကိုင်ပြီး အိမ်ထဲကို ဝင်ရောက်လာပါတယ်။

ပြီးတော့ ရွှေ၊ ငွေပစ္စည်းတွေထုတ်ပေးဖို့ ပြောတာကြောင့် ဦးစိုးက ငွေ ၇ သိန်းကျော်ထုတ်ပေးခဲ့ပေမယ့် တူမဖြစ်သူဝတ်ထားတဲ့ ရွှေနားကပ်တရံ၊ Vivo အမျိုးအစား လက်ကိုင်ဖုန်းအပါအဝင် ဖုန်း ၉ လုံး၊ Dell အမျိုးအစား Laptop ၁ လုံးတို့ကိုယူပြီး မနက် ၁ နာရီ မိနစ် ၅၀ လောက်မှာ ပြန်ထွက်သွားခဲ့ပါတယ်။ 

ဦးစိုးက စက်မှုနယ်မြေရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတာကြောင့် စုံစမ်းရှာဖွေရာမှာ မနက် ၂ နာရီ အချိန်မှာ အိမ်ရဲ့ အရှေ့ဘက် ၁၅ ကိုက် (၄၅ ပေ) လောက်အကွာ ၆၃ လမ်းနဲ့ ကနောင်မင်းသားကြီးလမ်းထောင့် ချုံတောထဲမှာ အသက် ၁၃ နှစ်အရွယ် စည်သူဗိုလ်(ခ)စည်ကြီးနဲ့ အသက် ၂၀ အရွယ် မင်းထက်(ခ)ကစ်ကစ်တို့ကို ဓား ၁ ချောင်း၊ လေးဂွ ၂ လက်၊ ဆိုင်ကယ်တစီးနဲ့ အတူဖမ်းဆီးရမိပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ နေ့လယ် ၁ နာရီကျော်အချိန်မှာ ဟိန်းသော်ဦး(ခ) ဖိုးသဲ(ခ)နဂါးကို ဖမ်းမိပြီး ၂ နာရီခွဲကျော်မှာတော့ အသက် ၁၈ နှစ်အရွယ် ဒိုးလေး၊ စစ်သိန်းတန် (ခ)စစ်ကြီးနဲ့ အသက် ၁၇ နှစ်အရွယ် အောင်ဇင်မင်းတို့ ၃ ယောက်ကို Dell အမျိုးအစား Laptop ၁ လုံး၊ ဖုန်း ၃ လုံး၊ ဓားရှည် ၃ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ လေးခွ ၁ လက်၊ ဆိုင်ကယ် ၂ စီးတို့နဲ့အတူ  ဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်းမိထားတဲ့ ၆ ယောက်နဲ့အတူ ဖမ်းမမိသေးတဲ့ အောင်ဝင်းဘို(ခ)ရုပ်ဆိုးတို့ကို စက်မှုနယ်မြေ ရဲစခန်းမှာ ဓားပြမှု ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။




Zawgyi Version

မႏၲေလး ေနအိမ္ဓားျပတိုက္ခံရမႈ ၁၀ မိနစ္အတြင္း တရားခံအခ်ိဳ႕ဖမ္းမိ

DVB

မႏၲေလးမွာ မေန႔ မနက္ပိုင္းက အိမ္တအိမ္ဓားျပတိုက္ခံရၿပီး ၁၀ မိနစ္ေလာက္အတြင္းမွာ တရားခံတခ်ိဳ႕ ဖမ္းမိခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။

အသက္ ၁၃ ႏွစ္ကေန ၂၀ အ႐ြယ္ လူငယ္ ၇ ေယာက္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၃ လမ္းနဲ႔ ကေနာင္မင္းသားႀကီးလမ္းၾကားက အိမ္တအိမ္ကို ဓားျပဝင္တိုက္ခဲ့တာပါ။

မနက္အေစာပိုင္း ၁ နာရီခြဲအခ်ိန္မွာ အိမ္ေရွ႕က ေအာ္ႏႈိးသံၾကားလို႔ အိမ္ရွင္ ဦးစိုး(ခ)စိုးလႈိင္ဝင္းက သြားဖြင့္ေပးတဲ့အခါ Mask (မ်က္ႏွာဖုံး) ေတြတပ္ထားၿပီး ဦးထုပ္ေဆာင္းထားတဲ့ အမ်ိဳးသား ၇ ေယာက္က ဓားေတြ၊ ေလးခြေတြကိုင္ၿပီး အိမ္ထဲကို ဝင္ေရာက္လာပါတယ္။

ၿပီးေတာ့ ေ႐ႊ၊ ေငြပစၥည္းေတြထုတ္ေပးဖို႔ ေျပာတာေၾကာင့္ ဦးစိုးက ေငြ ၇ သိန္းေက်ာ္ထုတ္ေပးခဲ့ေပမယ့္ တူမျဖစ္သူဝတ္ထားတဲ့ ေ႐ႊနားကပ္တရံ၊ Vivo အမ်ိဳးအစား လက္ကိုင္ဖုန္းအပါအဝင္ ဖုန္း ၉ လုံး၊ Dell အမ်ိဳးအစား Laptop ၁ လုံးတို႔ကိုယူၿပီး မနက္ ၁ နာရီ မိနစ္ ၅၀ ေလာက္မွာ ျပန္ထြက္သြားခဲ့ပါတယ္။

ဦးစိုးက စက္မႈနယ္ေျမရဲစခန္းကို ဖုန္းဆက္အေၾကာင္းၾကားတာေၾကာင့္ စုံစမ္းရွာေဖြရာမွာ မနက္ ၂ နာရီ အခ်ိန္မွာ အိမ္ရဲ႕ အေရွ႕ဘက္ ၁၅ ကိုက္ (၄၅ ေပ) ေလာက္အကြာ ၆၃ လမ္းနဲ႔ ကေနာင္မင္းသားႀကီးလမ္းေထာင့္ ခ်ဳံေတာထဲမွာ အသက္ ၁၃ ႏွစ္အ႐ြယ္ စည္သူဗိုလ္(ခ)စည္ႀကီးနဲ႔ အသက္ ၂၀ အ႐ြယ္ မင္းထက္(ခ)ကစ္ကစ္တို႔ကို ဓား ၁ ေခ်ာင္း၊ ေလးဂြ ၂ လက္၊ ဆိုင္ကယ္တစီးနဲ႔ အတူဖမ္းဆီးရမိပါတယ္။

စစ္ေဆးေပၚေပါက္ခ်က္အရ ေန႔လယ္ ၁ နာရီေက်ာ္အခ်ိန္မွာ ဟိန္းေသာ္ဦး(ခ) ဖိုးသဲ(ခ)နဂါးကို ဖမ္းမိၿပီး ၂ နာရီခြဲေက်ာ္မွာေတာ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ဒိုးေလး၊ စစ္သိန္းတန္ (ခ)စစ္ႀကီးနဲ႔ အသက္ ၁၇ ႏွစ္အ႐ြယ္ ေအာင္ဇင္မင္းတို႔ ၃ ေယာက္ကို Dell အမ်ိဳးအစား Laptop ၁ လုံး၊ ဖုန္း ၃ လုံး၊ ဓားရွည္ ၃ ေခ်ာင္း၊ ဓားေျမႇာင္ ၁ ေခ်ာင္း၊ ေလးခြ ၁ လက္၊ ဆိုင္ကယ္ ၂ စီးတို႔နဲ႔အတူ  ဖမ္းဆီးမိခဲ့ပါတယ္။

ဖမ္းမိထားတဲ့ ၆ ေယာက္နဲ႔အတူ ဖမ္းမမိေသးတဲ့ ေအာင္ဝင္းဘို(ခ)႐ုပ္ဆိုးတို႔ကို စက္မႈနယ္ေျမ ရဲစခန္းမွာ ဓားျပမႈ ရာဇသတ္ႀကီးပုဒ္မ ၃၉၅ နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013