DVB Logo
Home
မြန်မာသတင်း
မြို့ ၃ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်
DVB
·
August 3, 2019
မြို့ ၃ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်
Donate to DVB

ဒီနေ့မနက် တိုင်းတာချက်အရ မြို့ ၃ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ ကနေ ၁၁၁၉ စင်တီမီတာ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြိုဲ့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ ကနေ ၇၂၀ စင်တီမီတာ၊ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ် ၄၆၃ ကနေ ၅၂၇ စင်တီမီတာအထိ အသီးသီးကျော်လွန်နေပါတယ်။

ရွှေကျင်မြို့နယ်မှာ ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာတာကြောင့် မြစ်ကမ်းနံဘေးက မြေနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာအချို့က လူဦးရေ ၁၅၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

မြစ်ကမ်းဘေးက ဆုံကုန်း၊ သောင်လယ်၊ ညောင်ဝိုင်း စတဲ့ကျေးရွာတွေက စာသင်ကျောင်း ၃ ကျောင်းယာယီပိတ်ထားခဲ့ရပြီး ကျေးရွာအုပ်စု သုံးအုပ်စုက အိမ်ထောင်စု ၂၈ အုပ်စု လူဦးရေ ၁၅၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တပ်မတော်သားတွေ စုပေါင်းပြီး နီးစပ်ရာ နေရာတွေနေအိမ်တွေကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။




Zawgyi Version

ၿမိဳ႕ ၃ ၿမိဳ႕၏ ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္

DVB

ဒီေန႔မနက္ တိုင္းတာခ်က္အရ ၿမိဳ႕ ၃ ၿမိဳ႕ရဲ႕ ျမစ္ေရဟာ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေနၿပီး ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းေနတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

စစ္ေတာင္းျမစ္ေရဟာ မေဒါက္ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၁၀၇၀ ကေန ၁၁၁၉ စင္တီမီတာ၊ ေ႐ႊက်င္ျမစ္ေရဟာ ေ႐ႊက်င္ၿမိဳဲ႔ရဲ႕ စိုးရိမ္ေရမွတ္ ၇၀၀ ကေန ၇၂၀ စင္တီမီတာ၊ ေသာင္ရင္းျမစ္ေရဟာ ျမ၀တီၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၄၆၃ ကေန ၅၂၇ စင္တီမီတာအထိ အသီးသီးေက်ာ္လြန္ေနပါတယ္။

ေ႐ႊက်င္ၿမိဳ႕နယ္မွာ ေ႐ႊက်င္ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္လာတာေၾကာင့္ ျမစ္ကမ္းနံေဘးက ေျမနိမ့္ပိုင္းမွာရွိတဲ့ ေက်း႐ြာအခ်ိဳ႕က လူဦးေရ ၁၅၀ ေက်ာ္ကို အေရးေပၚ ေျပာင္းေ႐ႊ႕ေနရတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

ျမစ္ကမ္းေဘးက ဆုံကုန္း၊ ေသာင္လယ္၊ ေညာင္ဝိုင္း စတဲ့ေက်း႐ြာေတြက စာသင္ေက်ာင္း ၃ ေက်ာင္းယာယီပိတ္ထားခဲ့ရၿပီး ေက်း႐ြာအုပ္စု သုံးအုပ္စုက အိမ္ေထာင္စု ၂၈ အုပ္စု လူဦးေရ ၁၅၀ ေက်ာ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဌာနဆိုင္ရာတာဝန္ရွိသူေတြနဲ႔ တပ္မေတာ္သားေတြ စုေပါင္းၿပီး နီးစပ္ရာ ေနရာေတြေနအိမ္ေတြကို အေရးေပၚေျပာင္းေ႐ႊ႕ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013