DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းမျာ
DVB
·
August 3, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းမျာ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၇၂၅၅၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၉၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲ(ရေသွင်း) တစ်အိတ်က ၆၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၇၅၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီကလည်း တအိတ်ကို ၈၇၅၅၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပါတယ်။ 

ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ပေါက်ဈေး တအိတ်ကို ၅၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲတီစိမ်း

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းကတအိတ်ကို ၉၈၀၀၀ ကနေ ၁၀၈၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၀၀၀၀ ကနေ ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့မုံရွာကုန်စည်ဒိုင် တအိတ်ကို ၆၀၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

 

မြေပဲလုံးဆံနီ

မန္တလေးကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီက တပိဿာကို ၃၉၀၀ ကနေ ၄၂၀၀ ပေါက်ဈေးရှိပြီး တပိဿာကို ၁၅၀ ကျပ်ဈေးတက်လာပါတယ်။ 

မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၀၀၀ ကနေ ၄၀၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့မုံရွာ ကုန်စည်ဒိုင် တပိဿာကို ၁၅၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

 

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၂၅၅၀၀၀ ကနေ ၂၈၇၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ 

အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့အောင်လံကုန်စည်ဒိုင် စတ်အိတ်ကို ၁၇၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၅၀၀ ကနေ ၆၇၅ ကျပ်ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၅၀၀ ကနေ ၇၇၅ ကျပ်ပေါက်ဈေးရှိပြီး ၇၅ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA




Zawgyi Version

မတ္ပဲ



ပဲစင်းငုံနီ



ပဲတီစိမ်း



မြေပဲလုံးဆံနီ



နှမ်းနက်(စမုံ)



ကြက်သွန်နီ




သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013