DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၊ လူဦးရေ ၁၅၀ ကျော် အရေးပေါ်ရွှေ့ပြောင်း
DVB
·
August 3, 2019
ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၊ လူဦးရေ ၁၅၀ ကျော် အရေးပေါ်ရွှေ့ပြောင်း
1 / 10
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ရွှေကျင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာတာကြောင့် မြစ်ကမ်းနံဘေးက မြေနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာအချို့က လူဦးရေ ၁၅၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

မြစ်ကမ်းဘေးက ဆုံကုန်း၊ သောင်လယ်၊ ညောင်ဝိုင်း စတဲ့ကျေးရွာတွေက စာသင်ကျောင်း ၃ ကျောင်းယာယီပိတ်ထားခဲ့ရပြီး ကျေးရွာအုပ်စု သုံးအုပ်စုက အိမ်ထောင်စု ၂၈ အုပ်စု လူဦးရေ ၁၅၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တပ်မတော်သားတွေ စုပေါင်းပြီး နီးစပ်ရာ နေရာတွေနေအိမ်တွေကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“လိုအပ်လာရင် ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ အခုအခြေနေကတော့ ကယ်ဆယ်ရေးစခန်းဖွင့်ထားတာတော့ မရှိသေးဘူး။ ရေတက်လို့ နေလို့မရတဲ့ မိသားစုတွေကိုတော့ နီးစပ်ရာရွှေမျိုးတွေအိမ်မှာ ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။

ရွှေကျင်မြို့မှာ ရွှေကျင်မြစ်ရေဟာ သြဂုတ်လ ၃ ရက် မွန်းတည့် ၁၂ နာရီခွဲ နောက်ဆုံးတိုင်းတာချက်အရ အဆိုပါမြို့ရဲ့ စိုရိမ်ရေမှတ် ၇၀၀ စင်တင်မီတာရဲ့အထက်ကို ကျော်လွန်သွားပြီ ၇၀၇ စင်တီမီတာထိ ရောက်ရှိနေခဲ့တာကြောင့် ရွှေကျင်မြို့ရဲ့ မြေနိမ့်ပိုင်းတွေကို စတင်ဝင်ရောက်နေတာဖြစ်ပါတယ်။

ရေဘေးရှောင်ပြည်သူတွေအတွက် တပ်မတော်ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်စောက်မှုတွေပြုလုပ်ပေးနေပြီး မြစ်ရေထက်မံတက်လာပါက အဆင်သင့်ကူညီမှုတွေ ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်




Zawgyi Version

ေ႐ႊက်င္ျမစ္ေရ စိုးရိမ္ေရမွတ္ေက်ာ္လြန္၊ လူဦးေရ ၁၅၀ ေက်ာ္ အေရးေပၚေ႐ႊ႕ေျပာင္း

DVB

ပဲခူးတိုင္းေဒသႀကီး ေ႐ႊက်င္ၿမိဳ႕နယ္မွာ ေ႐ႊက်င္ျမစ္ေရဟာ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္လာတာေၾကာင့္ ျမစ္ကမ္းနံေဘးက ေျမနိမ့္ပိုင္းမွာရွိတဲ့ ေက်း႐ြာအခ်ိဳ႕က လူဦးေရ ၁၅၀ ေက်ာ္ကို အေရးေပၚ ေျပာင္းေ႐ႊ႕ေနရတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

ျမစ္ကမ္းေဘးက ဆုံကုန္း၊ ေသာင္လယ္၊ ေညာင္ဝိုင္း စတဲ့ေက်း႐ြာေတြက စာသင္ေက်ာင္း ၃ ေက်ာင္းယာယီပိတ္ထားခဲ့ရၿပီး ေက်း႐ြာအုပ္စု သုံးအုပ္စုက အိမ္ေထာင္စု ၂၈ အုပ္စု လူဦးေရ ၁၅၀ ေက်ာ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဌာနဆိုင္ရာတာဝန္ရွိသူေတြနဲ႔ တပ္မေတာ္သားေတြ စုေပါင္းၿပီး နီးစပ္ရာ ေနရာေတြေနအိမ္ေတြကို အေရးေပၚေျပာင္းေ႐ႊ႕ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

“လိုအပ္လာရင္ ကယ္ဆယ္ေရးစခန္းဖြင့္ဖို႔ ႀကိဳတင္ျပင္ဆင္ထားပါတယ္။ အခုအေျခေနကေတာ့ ကယ္ဆယ္ေရးစခန္းဖြင့္ထားတာေတာ့ မရွိေသးဘူး။ ေရတက္လို႔ ေနလို႔မရတဲ့ မိသားစုေတြကိုေတာ့ နီးစပ္ရာေ႐ႊမ်ိဳးေတြအိမ္မွာ ပို႔ေဆာင္ေပးထားပါတယ္” လို႔ ေျပာပါတယ္။

ေ႐ႊက်င္ၿမိဳ႕မွာ ေ႐ႊက်င္ျမစ္ေရဟာ ၾသဂုတ္လ ၃ ရက္ မြန္းတည့္ ၁၂ နာရီခြဲ ေနာက္ဆုံးတိုင္းတာခ်က္အရ အဆိုပါၿမိဳ႕ရဲ႕ စိုရိမ္ေရမွတ္ ၇၀၀ စင္တင္မီတာရဲ႕အထက္ကို ေက်ာ္လြန္သြားၿပီ ၇၀၇ စင္တီမီတာထိ ေရာက္ရွိေနခဲ့တာေၾကာင့္ ေ႐ႊက်င္ၿမိဳ႕ရဲ႕ ေျမနိမ့္ပိုင္းေတြကို စတင္ဝင္ေရာက္ေနတာျဖစ္ပါတယ္။

ေရေဘးေရွာင္ျပည္သူေတြအတြက္ တပ္မေတာ္ေဆးကုသေရးအဖြဲ႕က က်န္းမာေရး ေစာင့္ေစာက္မႈေတြျပဳလုပ္ေပးေနၿပီး ျမစ္ေရထက္မံတက္လာပါက အဆင္သင့္ကူညီမႈေတြ ေပးႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

သတင္း၊ဓာတ္ပုံ-ေနလင္းထိုက္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013