DVB Logo
Home
မြန်မာသတင်း
မြိတ်လေဆိပ်သို့ ဆင်းသက်သည့် လေယာဉ်တစီး လေကာမှန်အက်ကွဲ၊ ခရီးစဉ်ယာယီ ရပ်ဆိုင်း
DVB
·
August 3, 2019
မြိတ်လေဆိပ်သို့ ဆင်းသက်သည့် လေယာဉ်တစီး လေကာမှန်အက်ကွဲ၊ ခရီးစဉ်ယာယီ ရပ်ဆိုင်း
Donate to DVB
မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်တစီး မြိတ်လေဆိပ်ကို ဆင်းသက်စဉ် ယာဘက် လေကာမှန်အက်ကွဲသွားလို့ ခရီးစဉ် ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
သြဂုတ် ၃ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ရန်ကုန်ကနေ မြိတ်မြို့ကို ခရီးသည် ၁၃ ဦးတင် ဆောင်ပြီးပျံသန်းလာတဲ့ မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် XY-AMJ ခရီးစဉ်အမှတ် UB-337 မှာ မြိတ်လေယာဉ်ကွင်း အဆင်းမှာ လေကာမှန်ကွဲအက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ်ဆင်းသက်လာချိန်မှာ အတွင်းလေ အပြင်လေ လေထုဖိအား မညီမျှတာကြောင့်ရှေ့လေကာမှန်အက်ကွဲသွားခြင်းဖြစ်တယ်။ ရန်ကုန်ရုံးချုပ်က အင်ဂျင်နီယာတွေ လာရောက်စစ်ဆေးပါမယ်။ ပျံသန်းလို့ရရင် ခရီးသည်မတင်ဆောင်ပဲ ရန်ကုန်ကို ဆက်လက်ပျံသန်းသွားမယ်။ ပျံသန်းခွင့်မရဘူးဆိုရင် မြိတ်ကွင်းမှာပဲ ပြုပြင်ပြီး ညအိပ်ရပ်နားပါမယ် " လို့ လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။
လေယာဉ်ခရီးစဉ် ယာယီရပ်နားထားတာ‌ကြောင့် ဘုတ်ပြင်းမြို့နယ်ကို ထွက်ခွာမယ့် ခရီးသည် ၆ ဦးကို နောက်ဆင်းသက်မယ့် ‌လေယာဉ်နဲ့ ပို့ဆောင်ပေးဖို့ စီစဉ် ထားကြောင်းသိရပါတယ်။
မြတ်ထွဋ် ( မြိတ် )
Zawgyi Version
ရန်ကုန်မှမြိတ်သို့ပျံသန်းလာတဲ့ လေယာဉ်ယာဘက်လေကာမှန်အက်ကွဲပြီးခရီးစဉ်ယာယီရပ်ဆိုင်း
ရန်ကုန်မှမြိတ်သို့ပျံသန်းလာတဲ့ လေယဉ်ယာဘက်လေကာမှန်အက်ကွဲပြီးခရီးစဉ်ယာ ယီရပ်ဆိုင်းထားကြောင်းသိရပါတယ်။
သြဂုတ်လ ၃ ရက်နေ့နံနက် ၈ နာရီခွဲ ခန့်က ရန်ကုန်မှမြိတ်မြို့သို့ခရီးသည် ၁၃ ဦးတင် ဆောင်ပြီးပျံသန်းလာတဲ့ မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် XY-AMJ ခရီးစဉ်အမှတ် UB-337 မှာမြိတ်လေယာဉ်ကွင်းသို့အဆင်းတွင် ရှေ့လေကာမှန်ကွဲအက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
လေယာဉ်ခရီးစဉ်ယာယီရပ်နားထားရမှုကြောင့်ဘုတ်ပြင်း မြို့နယ်သို့ထွက်ခွာမည့်ခရီးသည် ၆ ဦးကိုနောက်ဆင်းသက်မည့်လေယာဉ်ဖြင့်ပို့ဆောင်ပေးရန်စီစဉ် ထားကြောင်းသိရပါတယ်။
မြတ်ထွဋ် ( မြိတ် )
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013