DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရုံးထုတ်၊ တရားလိုသက်သေအား စစ်ဆေး
DVB
·
August 2, 2019
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရုံးထုတ်၊ တရားလိုသက်သေအား စစ်ဆေး
Donate to DVB

တပ်မတော်ကိုအကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီနေ့ ၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုသက်သေ ဗိုလ်မှူးသန့်ဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးမှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က တပ်မတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ က/ခ နဲ့ တရားစွဲဆိုတာပါ။

ဗိုလ်မှူးသန့်ဇော်ဝင်းက “အဲ့နေ့က အဖျောက်ကို ကိစ္စတခုနဲ့ သွားရင်း ဟောပြောပွဲကို ဝင်ရောက် နားထောင်ဖြစ်ခဲ့ကြောင်း၊ ကိုနေမျိုးဇင် ဟောပြောတာတွေကို ဖုန်းနဲ့ ရိုက်ကူးခဲ့ပြီး နားထောင်ခဲ့ရာ တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေမည့် စကားများ၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားများ တာဝန်ထမ်းဆောင်လိုစိတ် လျော့နည်းစေသည့် စကားများ၊ ပြည်သူများ အထင်အမြင် လွဲမှားစေမည့် စကားများ ပါဝင်တဲ့အတွက် စစ်သည် ၅ ဦးက မကျေနပ်ကြောင်း တင်ပြလာတဲ့အတွက် အစည်းအဝေးထိုင်ပြီး ရန်ကုန်တိုင်းစစ်ဌာနချူပ်ကို တင်ပြပြီး တရားစွဲဆိုခွင့် တောင်းဆိုခဲ့ရာ ခွင့်ပြုချက်ပေးသဖြင့် တရားစွဲဆိုတာ ဖြစ်တယ်” လို့ တရားခွင်မှာ ပြောခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “တရားလိုဘက်က သက်သေ ၅ ဦး တင်ထားတာ။ နှစ်ဦးကို စစ်ဆေးပြီးသွားပြီ၊  ၁၆ ရက်နေ့ ပြန်ချိန်းပြီး သက်သေနှစ်ယောက် စစ်ဆေးပေးဖို့ ပြောထားတယ်။ တရားလိုဘက်ကလည်း ပို့ပေးမယ် ပြောတယ်။ အဲဒီနေ့ ကိုနေမျိုးဇင်ကို မနက် ၁၀ နာရီလောက် အရောက်ခေါ်ပေးဖို့ ရဲကိုလည်း ပြောထားတယ်။ နှစ်ယောက် စစ်ပြီးလို့ တယောက် ကျန်တာကို အခြေအနေအရ စွဲချက်တင်သင့် မတင်သင့် အဆင့်ကို ရောက်သွားပြီ။ ကိုနေမျိုးဇင်က တပ်မတော်ကို တိုးတက်စေချင်လို့ ဝေဖန်တာ ဖြစ်ပါတယ်။ တပ်မတော်ကို လျော့ကျနိမ့်ပါးစေချင်တဲ့ဆန္ဒ မရှိပါဘူး။ စစ်ပုန်ကန်မှုသော် လည်းကောင်း၊ အထက်အောက်အရာရှိ မလေးစားမှုသော်လည်းကောင်း၊ ပြည်သူလူထုထဲမှာ တပ်မတော်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ မရှိဘူးဆိုတာကို မေးခဲ့တယ်။ သူကလည်း မရှိဘူးဆိုတာကို ဖြေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာ ထင်လင်းဦး၊ ဦးနေမျိုးဇင်နဲ့ ကိုနန္ဒအောင်(ခ) ကိုနေရဲတို့က ဟောပြောခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့် လေ့ကျင်းရေးတပ်က ဒုဗိုလ်မှူးကြီးတိုးလင်းက တပ်မတော် အကြည်ညိုပျက်စေမှုနဲ့ တိုက်ကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။

နောက်တပတ် ရုံးချိန်းကိုတော့ သြဂုတ် ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

သတင်း-မေသွယ်




Zawgyi Version

ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ကို ႐ုံးထုတ္၊ တရားလိုသက္ေသအား စစ္ေဆး

DVB

တပ္မေတာ္ကိုအၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲဆိုခံထားရတဲ့ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ကို ဒီေန႔ ၉ ႀကိမ္ေျမာက္ ႐ုံးထုတ္ခဲ့ၿပီး တရားလိုသက္ေသ ဗိုလ္မႉးသန႔္ေဇာ္ဝင္းကို စစ္ေဆးခဲ့ပါတယ္။

ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ကို တိုက္ႀကီးၿမိဳ႕နယ္ တရား႐ုံးမွာ ၿပီးခဲ့တဲ့ ဧၿပီ ၃ ရက္ေန႔က တပ္မေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ က/ခ နဲ႔ တရားစြဲဆိုတာပါ။

ဗိုလ္မႉးသန႔္ေဇာ္ဝင္းက “အဲ့ေန႔က အေဖ်ာက္ကို ကိစၥတခုနဲ႔ သြားရင္း ေဟာေျပာပြဲကို ဝင္ေရာက္ နားေထာင္ျဖစ္ခဲ့ေၾကာင္း၊ ကိုေနမ်ိဳးဇင္ ေဟာေျပာတာေတြကို ဖုန္းနဲ႔ ႐ိုက္ကူးခဲ့ၿပီး နားေထာင္ခဲ့ရာ တပ္မေတာ္ ဂုဏ္သိကၡာက်ဆင္းေစမည့္ စကားမ်ား၊ ၾကည္း၊ ေရ၊ ေလ တပ္မေတာ္သားမ်ား တာဝန္ထမ္းေဆာင္လိုစိတ္ ေလ်ာ့နည္းေစသည့္ စကားမ်ား၊ ျပည္သူမ်ား အထင္အျမင္ လြဲမွားေစမည့္ စကားမ်ား ပါဝင္တဲ့အတြက္ စစ္သည္ ၅ ဦးက မေက်နပ္ေၾကာင္း တင္ျပလာတဲ့အတြက္ အစည္းအေဝးထိုင္ၿပီး ရန္ကုန္တိုင္းစစ္ဌာနခ်ဴပ္ကို တင္ျပၿပီး တရားစြဲဆိုခြင့္ ေတာင္းဆိုခဲ့ရာ ခြင့္ျပဳခ်က္ေပးသျဖင့္ တရားစြဲဆိုတာ ျဖစ္တယ္” လို႔ တရားခြင္မွာ ေျပာခဲ့ပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က “တရားလိုဘက္က သက္ေသ ၅ ဦး တင္ထားတာ။ ႏွစ္ဦးကို စစ္ေဆးၿပီးသြားၿပီ၊  ၁၆ ရက္ေန႔ ျပန္ခ်ိန္းၿပီး သက္ေသႏွစ္ေယာက္ စစ္ေဆးေပးဖို႔ ေျပာထားတယ္။ တရားလိုဘက္ကလည္း ပို႔ေပးမယ္ ေျပာတယ္။ အဲဒီေန႔ ကိုေနမ်ိဳးဇင္ကို မနက္ ၁၀ နာရီေလာက္ အေရာက္ေခၚေပးဖို႔ ရဲကိုလည္း ေျပာထားတယ္။ ႏွစ္ေယာက္ စစ္ၿပီးလို႔ တေယာက္ က်န္တာကို အေျခအေနအရ စြဲခ်က္တင္သင့္ မတင္သင့္ အဆင့္ကို ေရာက္သြားၿပီ။ ကိုေနမ်ိဳးဇင္က တပ္မေတာ္ကို တိုးတက္ေစခ်င္လို႔ ေဝဖန္တာ ျဖစ္ပါတယ္။ တပ္မေတာ္ကို ေလ်ာ့က်နိမ့္ပါးေစခ်င္တဲ့ဆႏၵ မရွိပါဘူး။ စစ္ပုန္ကန္မႈေသာ္ လည္းေကာင္း၊ အထက္ေအာက္အရာရွိ မေလးစားမႈေသာ္လည္းေကာင္း၊ ျပည္သူလူထုထဲမွာ တပ္မေတာ္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈေတြ မရွိဘူးဆိုတာကို ေမးခဲ့တယ္။ သူကလည္း မရွိဘူးဆိုတာကို ေျဖတယ္” လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၁ ရက္က တိုက္ႀကီးၿမိဳ႕နယ္၊ အေဖ်ာက္ၿမိဳ႕မွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး လူထုေထာက္ခံပြဲမွာ စာေရးဆရာ ထင္လင္းဦး၊ ဦးေနမ်ိဳးဇင္နဲ႔ ကိုနႏၵေအာင္(ခ) ကိုေနရဲတို႔က ေဟာေျပာခဲ့ၿပီး ဇြန္လ ၃ ရက္မွာေတာ့ တိုက္ႀကီးၿမိဳ႕ အမွတ္(၁) တပ္မေတာ္ တန္းျမင့္ ေလ့က်င္းေရးတပ္က ဒုဗိုလ္မႉးႀကီးတိုးလင္းက တပ္မေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ တိုက္ႀကီးၿမိဳ႕နယ္ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုခဲ့တာပါ။

ေနာက္တပတ္ ႐ုံးခ်ိန္းကိုေတာ့ ၾသဂုတ္ ၁၆ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုလိုက္တယ္လို႔ သိရပါတယ္။

သတင္း-ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013