DVB Logo
Home
Lead Story
မြန်မာနိုင်ငံ ဇာတ်ဝင်ခန်းများနှင့် Line Walker 2 ရုပ်ရှင် သြဂုတ် ၈ ရက် ရုံတင်မည်(နမူနာ)
DVB
·
August 2, 2019
မြန်မာနိုင်ငံ ဇာတ်ဝင်ခန်းများနှင့် Line Walker 2 ရုပ်ရှင် သြဂုတ် ၈ ရက် ရုံတင်မည်(နမူနာ)
Donate to DVB

မြန်မာနိုင်ငံ ဇာတ်ဝင်ခန်းများနှင့် Line Walker 2 ရုပ်ရှင် သြဂုတ် ၈ ရက် ရုံတင်မည်(နမူနာ)

DVB

ရန်ကုန်မြို့လယ်ကောင် သေနတ်ပစ်ဖောက်ခွဲခန်းတွေ ပါဝင်တဲ့ Line Walker 2: Invisible Spy ရုပ်ရှင်ကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

     ဟောင်ကောင်အခြေစိုက် Shaw Brother Pictures က စီစဉ်ရိုက်ကူးတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဟောင်ကောင်ရုပ်ရှင်ဒါရိုက်တာ Jazz Boon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အကြမ်းဖက်သမားတွေ ပါဝင်တဲ့ အဖွဲ့အစည်းတခုနဲ့ ရင်ဆိုင်နေရတဲ့ ရဲမှူး Yip နဲ့ စုံထောက် Ching တို့ဟာ Yiu ဆိုတဲ့ Hacker တယောက်ကို ဖမ်းမိရာကနေ ရဲဝန်ထမ်း နှစ်ယောက်ကို သူလျှိုတွေအဖြစ် သံသယဖြစ်စရာတွေ ဖြစ်လာပါတယ်။

သဲလွန်စတွေနောက်ကို လိုက်ရင်းကနေ မြန်မာနိုင်ငံနဲ့ စပိန်ကို ရောက်နေတဲ့ ရဲစုံထောက် ၃ ယောက်ဆီ ရောက်လာကြပြီး စုံစမ်းရှာဖွေချိန်မှာတော့ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းဆိုတာ ဝေဝေဝါးဝါး ဖြစ်လာရတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆိုတာတွေကို အပစ်အခတ် အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားနဲ့ ဆူးလေမြို့တော်ခန်းမအနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဇာတ်အိမ်တည် ရိုက်ကူးခဲ့တာ ဖြစ်ပြီး မြန်မာပရိသတ်တွေကြား စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။

ဒီကားထဲမှာတော့ ဟောင်ကောင်သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Louis Koo ၊ Nick Cheung ၊ Francis Ng ၊ Johnny Melville စတဲ့ သရုပ်ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားကြပြီး မြန်မာနိုင်ငံက သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ အောင်မြင့်မြတ်၊ လင်းအောင်ခေတ် စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ခဲ့တာပါ။

ကြာမြင့်ချိန် ၉၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ တရုတ်နိုင်ငံမှာ သြဂုတ်လ ၇ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။




Zawgyi version

ျမန္မာႏိုင္ငံ ဇာတ္ဝင္ခန္းမ်ားႏွင့္ Line Walker 2 ႐ုပ္ရွင္ ၾသဂုတ္ ၈ ရက္ ႐ုံတင္မည္(နမူနာ)

DVB

ရန္ကုန္ၿမိဳ႕လယ္ေကာင္ ေသနတ္ပစ္ေဖာက္ခြဲခန္းေတြ ပါဝင္တဲ့ Line Walker 2: Invisible Spy ႐ုပ္ရွင္ကို လာမယ့္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။

ေဟာင္ေကာင္အေျခစိုက္ Shaw Brother Pictures က စီစဥ္႐ိုက္ကူးတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ေဟာင္ေကာင္႐ုပ္ရွင္ဒါ႐ိုက္တာ Jazz Boon က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ အၾကမ္းဖက္သမားေတြ ပါဝင္တဲ့ အဖြဲ႕အစည္းတခုနဲ႔ ရင္ဆိုင္ေနရတဲ့ ရဲမႉး Yip နဲ႔ စုံေထာက္ Ching တို႔ဟာ Yiu ဆိုတဲ့ Hacker တေယာက္ကို ဖမ္းမိရာကေန ရဲဝန္ထမ္း ႏွစ္ေယာက္ကို သူလွ်ိဳေတြအျဖစ္ သံသယျဖစ္စရာေတြ ျဖစ္လာပါတယ္။

သဲလြန္စေတြေနာက္ကို လိုက္ရင္းကေန ျမန္မာႏိုင္ငံနဲ႔ စပိန္ကို ေရာက္ေနတဲ့ ရဲစုံေထာက္ ၃ ေယာက္ဆီ ေရာက္လာၾကၿပီး စုံစမ္းရွာေဖြခ်ိန္မွာေတာ့ ဘယ္သူက လူဆိုး၊ ဘယ္သူက လူေကာင္းဆိုတာ ေဝေဝဝါးဝါး ျဖစ္လာရတဲ့အခါ ဘာေတြျဖစ္လာမလဲ ဆိုတာေတြကို အပစ္အခတ္ အက္ရွင္ဇာတ္ဝင္ခန္းေတြနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဇာတ္ကားထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္ခန္းတခ်ိဳ႕ကိုေတာ့ ရန္ကုန္ၿမိဳ႕၊ ေ႐ႊတိဂုံဘုရားနဲ႔ ဆူးေလၿမိဳ႕ေတာ္ခန္းမအနီးတဝိုက္မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက ဇာတ္အိမ္တည္ ႐ိုက္ကူးခဲ့တာ ျဖစ္ၿပီး ျမန္မာပရိသတ္ေတြၾကား စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ရတဲ့ ႐ုပ္ရွင္ ျဖစ္ခဲ့ပါတယ္။

ဒီကားထဲမွာေတာ့ ေဟာင္ေကာင္သ႐ုပ္ေဆာင္ မင္းသားေတြျဖစ္ၾကတဲ့ Louis Koo ၊ Nick Cheung ၊ Francis Ng ၊ Johnny Melville စတဲ့ သ႐ုပ္ေဆာင္ေတြ ေခါင္းေဆာင္ပါဝင္ထားၾကၿပီး ျမန္မာႏိုင္ငံက သ႐ုပ္ေဆာင္မင္းသားေတြ ျဖစ္ၾကတဲ့ ေအာင္ျမင့္ျမတ္၊ လင္းေအာင္ေခတ္ စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ခဲ့တာပါ။

ၾကာျမင့္ခ်ိန္ ၉၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ တ႐ုတ္ႏိုင္ငံမွာ ၾသဂုတ္လ ၇ ရက္ေန႔မွာ စတင္ၿပီး ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013