DVB Logo
Home
မြန်မာသတင်း
သမ္မတအိမ်တော်တွင် သတင်းရယူခွင့် လျှောက်ထားနိုင် 
DVB
·
August 2, 2019
သမ္မတအိမ်တော်တွင် သတင်းရယူခွင့် လျှောက်ထားနိုင် 
Donate to DVB

နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ အခမ်းအနားတွေမှာ သတင်းရယူနိုင်ဖို့ ပြည်တွင်း၊ ပြည်ပရှိ သတင်းဌာနများမှ သတင်းထောက် ၆ ဦးစီကို သမ္မတအိမ်တော် ဝင်ထွက်ခွင့်ပြုပြီး သတင်းရယူစေခဲ့ပါတယ်။

အခု ခွင့်ပြုထားတဲ့ သမ္မတအိမ်တော် သတင်းထောက်များအား ပြန်လည်စိစစ်ရာမှာ အမည်စာရင်းပေးထားပြီး ခွင့်ပြုထားတဲ့ သတင်းထောက်တွေဟာ သတင်းဌာန တခုကနေ တခုကို ပြောင်းရွှေ့တာ၊ အလုပ်နုတ်ထွက်သွားတာတွေ တွေ့ရပါတယ်။

ဒါကြောင့် သတင်းဌာန တခုလျှင် သတင်းထောက် ၆ ဦးရဲ့ အမည်စာရင်းကို Update ပြန်လည်ပေးပို့ဖို့နဲ့ သတင်းဌာနတွေက  အယ်ဒီတာချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး အကြောင်းကြားပေးပို့ရမယ်လို့ အသိပေးထားပါတယ်။

အသစ်လျှောက်ထားမယ့် သတင်းထောက်တွေအနေနဲ့ အိမ်တော်သတင်းထောက်များ Group မှာ တင်ထားခဲ့တဲ့  နမူနာပုံစံအတိုင်း soft copy ပြန်ရိုက်ပြီး အချက်အလက်တွေ ပြည့်စုံစွာ ဖြည့်စွက်ကာ သက်ဆိုင်ရာ သတင်းဌာနက အယ်ဒီတာချုပ်ရဲ့  စာနဲ့တကွ နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်သို့ လိပ်မူကာ ဩဂုတ် ၁၅ ရက် နောက်ဆုံးထား လျှောက်ထားပေးပို့နိုင်တယ်လို့ သိရပါတယ်။




Zawgyi Version

ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္မွာ က်င္းပတဲ့ အခမ္းအနားေတြမွာ သတင္းရယူႏိုင္ဖို႔ ျပည္တြင္း၊ ျပည္ပရွိ သတင္းဌာနမ်ားမွ သတင္းေထာက္ ၆ ဦးစီကို သမၼတအိမ္ေတာ္ ဝင္ထြက္ခြင့္ျပဳၿပီး သတင္းရယူေစခဲ့ပါတယ္။

အခု ခြင့္ျပဳထားတဲ့ သမၼတအိမ္ေတာ္ သတင္းေထာက္မ်ားအား ျပန္လည္စိစစ္ရာမွာ အမည္စာရင္းေပးထားၿပီး ခြင့္ျပဳထားတဲ့ သတင္းေထာက္ေတြဟာ သတင္းဌာန တခုကေန တခုကို ေျပာင္းေ႐ႊ႕တာ၊ အလုပ္ႏုတ္ထြက္သြားတာေတြ ေတြ႕ရပါတယ္။

ဒါေၾကာင့္ သတင္းဌာန တခုလွ်င္ သတင္းေထာက္ ၆ ဦးရဲ႕ အမည္စာရင္းကို Update ျပန္လည္ေပးပို႔ဖို႔နဲ႔ သတင္းဌာနေတြက  အယ္ဒီတာခ်ဳပ္ကိုယ္တိုင္ လက္မွတ္ေရးထိုး အေၾကာင္းၾကားေပးပို႔ရမယ္လို႔ အသိေပးထားပါတယ္။

အသစ္ေလွ်ာက္ထားမယ့္ သတင္းေထာက္ေတြအေနနဲ႔ အိမ္ေတာ္သတင္းေထာက္မ်ား Group မွာ တင္ထားခဲ့တဲ့  နမူနာပုံစံအတိုင္း soft copy ျပန္႐ိုက္ၿပီး အခ်က္အလက္ေတြ ျပည့္စုံစြာ ျဖည့္စြက္ကာ သက္ဆိုင္ရာ သတင္းဌာနက အယ္ဒီတာခ်ဳပ္ရဲ႕  စာနဲ႔တကြ ႏိုင္ငံေတာ္သမၼတ႐ုံး၊ ေနျပည္ေတာ္သို႔ လိပ္မူကာ ဩဂုတ္ ၁၅ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားေပးပို႔ႏိုင္တယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013