DVB Logo
Home
မြန်မာသတင်း
အမေရိကန်သံအမတ်ပါ ၃ ဦးကို အရေးယူပေးရန် ဦးတိုက်လျှောက်ထားမှု တရားရုံးပလပ်
DVB
·
August 2, 2019
အမေရိကန်သံအမတ်ပါ ၃ ဦးကို အရေးယူပေးရန် ဦးတိုက်လျှောက်ထားမှု တရားရုံးပလပ်
Donate to DVB

အမေရိကန်သံရုံးရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ  ဗုဒ္ဓ ရုပ်ပုံပါ ပန်းချီကား ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သံအမတ်ပါ သုံးဦးကို အရေးယူပေးဖို့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ကမာရွတ်မြို့နယ် တရားရုံးမှာ သြဂုတ် ၁ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့ပေမယ့် တရားသူကြီးက ပလပ်လိုက်ပါတယ်။

ဆရာတော် ဦးပါမောက္ခရဲ့ တရားရုံး ဦးတိုက် လျှောက်ထားမှုမှာ မြန်မာနိုင်ငံမှာ  ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ နတ်ကိုး ကွယ်မှု စတဲ့ဘာသားကြီးငါးမျိုး ကို လက်ခံခွင့်ပြုထားပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ဗုဒ္ဓပုံကိုယူပြီး ဓာတ်ငွေ့ကာရာမှာ အသုံးပြုတဲ့မျက်နှာဖုံးနဲ့ ဖုံးအုပ်ထားတဲ့ ပုံသဏ္ဌာန်နဲ့ဖော်ပြခြင်းမှာ ဗုဒ္ဓရဲ့ဂုဏ်တော်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်သံရုံး တာဝန်ရှိသူတွေကို သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ ဦးတိုက် လျှောက်ထားမှုအပေါ် တရားရုံးက လက်ခံစစ်ဆေးပြီး အကျိုးအကြောင်း ညီညွတ်မှုမရှိဆိုကာ ပလပ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သံရုံးဟာ မြန်မာလူငယ်တွေရဲ့အသံတွေကို ဖော်ကျူးထားတဲ့‘Insight Out’ ပန်းချီပြပွဲ အကြောင်းအရာနဲ့ပတ်သက်ပြီး လူငယ်အနုပညာရှင် တဦး ဖန်တီးထားတဲ့ လက်ရာကို ဇူလိုင် ၂၆ ရက်က သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ  ဖော်ပြခဲ့ပါတယ်။ 

ဒီဖော်ပြချက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အများပြားထွက်ပေါ်ခဲ့လို့ အဆိုပါပုံကို သံရုံးက ပြန်လည်ဖြုတ်ချခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အေမရိကန္သံအမတ္ပါ ၃ ဦးကို အေရးယူေပးရန္ ဦးတိုက္ေလွ်ာက္ထားမႈ တရား႐ုံးပလပ္

DVB

အေမရိကန္သံ႐ုံးရဲ႕ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ  ဗုဒၶ ႐ုပ္ပုံပါ ပန္းခ်ီကား ေဖာ္ျပမႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္သံအမတ္ပါ သုံးဦးကို အေရးယူေပးဖို႔ မေကြးေက်ာင္းတိုက္ဆရာေတာ္ ဦးပါေမာကၡက ကမာ႐ြတ္ၿမိဳ႕နယ္ တရား႐ုံးမွာ ၾသဂုတ္ ၁ ရက္ေန႔က ဦးတိုက္ ေလွ်ာက္ထားခဲ့ေပမဲ့ တရားသူႀကီးက ပလပ္လိုက္ပါတယ္။

ဆရာေတာ္ ဦးပါေမာကၡရဲ႕ တရား႐ုံး ဦးတိုက္ ေလွ်ာက္ထားမႈမွာ ျမန္မာႏိုင္ငံမွာ  ဗုဒၶဘာသာ၊ ခရစ္ယာန္ဘာသာ၊ အစၥလာမ္ဘာသာ၊ ဟိႏၵဴဘာသာနဲ႔ နတ္ကိုး ကြယ္မႈ စတဲ့ဘာသားႀကီးငါးမ်ိဳး ကို လက္ခံခြင့္ျပဳထားေပမယ့္ ဗုဒၶဘာသာဝင္ေတြရဲ႕ဗုဒၶပုံကိုယူၿပီး ဓာတ္ေငြ႕ကာရာမွာ အသုံးျပဳတဲ့မ်က္ႏွာဖုံးနဲ႔ ဖုံးအုပ္ထားတဲ့ ပုံသဏၭာန္နဲ႔ေဖာ္ျပျခင္းမွာ ဗုဒၶရဲ႕ဂုဏ္ေတာ္ကို ဖ်က္ဆီးျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အေမရိကန္သံ႐ုံး တာဝန္ရွိသူေတြကို သာသနာညႇိဳးႏြမ္းေစမႈနဲ႔ အေရးယူေပးဖို႔ ဦးတိုက္ ေလွ်ာက္ထားမႈအေပၚ တရား႐ုံးက လက္ခံစစ္ေဆးၿပီး အက်ိဳးအေၾကာင္း ညီၫြတ္မႈမရွိဆိုကာ ပလပ္လိုက္တာ ျဖစ္ပါတယ္။

အေမရိကန္သံ႐ုံးဟာ ျမန္မာလူငယ္ေတြရဲ႕အသံေတြကို ေဖာ္က်ဴးထားတဲ့‘Insight Out’ ပန္းခ်ီျပပြဲ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး လူငယ္အႏုပညာရွင္ တဦး ဖန္တီးထားတဲ့ လက္ရာကို ဇူလိုင္ ၂၆ ရက္က သံ႐ုံးရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ  ေဖာ္ျပခဲ့ပါတယ္။

ဒီေဖာ္ျပခ်က္နဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ အမ်ားျပားထြက္ေပၚခဲ့လို႔ အဆိုပါပုံကို သံ႐ုံးက ျပန္လည္ျဖဳတ္ခ်ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013