DVB Logo
Home
မြန်မာသတင်း
မဒေါက်မြို့တွင်  စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်
DVB
·
August 2, 2019
မဒေါက်မြို့တွင်  စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ သြဂုတ်လ ၂ ရက်က စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ မဒေါက်မြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရေဘေးအန္တရာယ် ကြုံတွေ့လာပါက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီ မဒေါက်မြို့ စစ်တောင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ် ၁၁၈၀ စင်တီမီတာ ရောက်ရှိလာတာနဲ့ ကယ်ဆယ်ရေးစခန်း ငါးခုနဲ့ ကွပ်ကဲရေးရုံး ၁ ခုတို့ကို ဖွင့်သွားမှာ ဖြစ်တယ်လို့  မဒေါက်မြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံက ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိ အခြေအနေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပေမယ့် အခြေအနေကတော့  ကောင်းပါသေးတယ်။ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်ကို ရောက်ရှိလာရင် ကမ်းနဖူးကို တိုက်ရုံပဲ ရှိသေးတယ်။ တကယ်လို့ ရေကြီးလာခဲ့ရင်လည်း ကမ်းနဖူးနဲ့ တာဘေးမှ  နေထိုင်ကြတဲ့ ရွာတွေကိုလည်း နည်းပညာတွေ ဆည်မြောင်းဦးစီးဌာနက သင်ကြားပေးထားပါတယ်။”

မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၀၇၀ စင်တီမီတာ ဖြစ်ပြီး သြဂုတ် ၂ ရက် မနက် ၁၀ နာရီခွဲ တိုင်းတာချက်အရ အဆိုပါမြို့ရဲ့ ၁၀၇၂ စင်တီမီတာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

စစ်တောင်းမြစ်ရေဟာ အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတချို့က လယ်မြေတွေထဲကိုဝင်ရောက်နေပြီး  လယ်ယာမြေ စိုက်ဧက ရေကြီး နစ်မြုပ် ပျက်စီးမှုစာရင်းကိုတော့ မသိရသေးပါဘူး။

၂၀၁၈ ခုနှစ်က စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ ၁၂၇၈ စင်တီမီတာထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၅၃ နှစ်အတွင်း အမြင့်ဆုံး ရေမှတ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း − နေလင်းထိုက်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#Zawgyi_version

မေဒါက္ၿမိဳ႕တြင္  စစ္ေတာင္းျမစ္ေရ စိုးရိမ္ေရမွတ္ထက္ ေက်ာ္လြန္

DVB

ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ မေဒါက္ၿမိဳ႕မွာ စစ္ေတာင္းျမစ္ေရဟာ ၾသဂုတ္လ ၂ ရက္က စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္လာတာေၾကာင့္ ကယ္ဆယ္ေရးစခန္းေတြ ဖြင့္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ထားတယ္လို႔ မေဒါက္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ေရေဘးအႏၲရာယ္ ႀကဳံေတြ႕လာပါက ကယ္ဆယ္ေရးစခန္းေတြ ဖြင့္ႏိုင္ဖို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ၊ ၿမိဳ႕မိၿမိဳ႕ဖေတြက ကယ္ဆယ္ေရးစခန္းေတြ ဖြင့္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ထားၿပီ မေဒါက္ၿမိဳ႕ စစ္ေတာင္းျမစ္ေရရဲ႕ စိုးရိမ္ေရမွတ္ ၁၁၈၀ စင္တီမီတာ ေရာက္ရွိလာတာနဲ႔ ကယ္ဆယ္ေရးစခန္း ငါးခုနဲ႔ ကြပ္ကဲေရး႐ုံး ၁ ခုတို႔ကို ဖြင့္သြားမွာ ျဖစ္တယ္လို႔  မေဒါက္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးမင္းေဝဇံက ဒီဗြီဘီကို ေျပာပါတယ္။

“လက္ရွိ အေျခအေနမွာ စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ေနေပမယ့္ အေျခအေနကေတာ့  ေကာင္းပါေသးတယ္။ မေဒါက္ၿမိဳ႕မွာ စစ္ေတာင္းျမစ္ေရက စိုးရိမ္ေရမွတ္ကို ေရာက္ရွိလာရင္ ကမ္းနဖူးကို တိုက္႐ုံပဲ ရွိေသးတယ္။ တကယ္လို႔ ေရႀကီးလာခဲ့ရင္လည္း ကမ္းနဖူးနဲ႔ တာေဘးမွ  ေနထိုင္ၾကတဲ့ ႐ြာေတြကိုလည္း နည္းပညာေတြ ဆည္ေျမာင္းဦးစီးဌာနက သင္ၾကားေပးထားပါတယ္။”

မေဒါက္ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ဟာ ၁၀၇၀ စင္တီမီတာ ျဖစ္ၿပီး ၾသဂုတ္ ၂ ရက္ မနက္ ၁၀ နာရီခြဲ တိုင္းတာခ်က္အရ အဆိုပါၿမိဳ႕ရဲ႕ ၁၀၇၂ စင္တီမီတာကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

စစ္ေတာင္းျမစ္ေရဟာ အနိမ့္ပိုင္းမွာရွိတဲ့ ေက်း႐ြာတခ်ိဳ႕က လယ္ေျမေတြထဲကိုဝင္ေရာက္ေနၿပီး  လယ္ယာေျမ စိုက္ဧက ေရႀကီး နစ္ျမဳပ္ ပ်က္စီးမႈစာရင္းကိုေတာ့ မသိရေသးပါဘူး။

၂၀၁၈ ခုႏွစ္က စစ္ေတာင္းျမစ္ေရဟာ မေဒါက္ၿမိဳ႕မွာ ၁၂၇၈ စင္တီမီတာထိ ေရာက္ရွိခဲ့ၿပီး ႏွစ္ေပါင္း ၅၃ ႏွစ္အတြင္း အျမင့္ဆုံး ေရမွတ္ကို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

သတင္း − ေနလင္းထိုက္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013