DVB Logo
Home
မြန်မာသတင်း
အာဆီယံခေါင်းဆောင်မှုဆွေးနွေးပွဲ ဒုတိယနေ့ ရန်ကုန်တွင် ကျင်းပ
DVB
·
December 6, 2012
အာဆီယံခေါင်းဆောင်မှုဆွေးနွေးပွဲ ဒုတိယနေ့ ရန်ကုန်တွင် ကျင်းပ
Donate to DVB

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က  ရန်ကုန်မြို့မှာ ဒီနေ့ ဆီဒိုနားဟိုတယ်မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင် ၁၀၀ ဆွေးနွေးပွဲတက်တဲ့ ပရိသတ်ကို “လှိုင်းထန်ပြီး အခက်အခဲတွေကြုံနေရချိန်မှာ ဒဏ်ခံနိုင်မှုရှိအောင် ဘယ်လိုတွန်းလှန်ကျော်ဖြတ်နိုင်မလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားပါတယ်။

ဒီပွဲကို သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက်က “အလွန်အမင်း အကောင်းမြင်တာလည်း မကောင်းဘူး၊ မကောင်းမြင်တာလည်း မကောင်းဘူးဆိုတာ အဲဒါလေးတွေ ညှပ်ပြီး ထည့်ပြောတယ်။ နောက် မြန်မာပြည်အပေါ်မှာ သိပ်အကောင်းမြင်ပြီး တအားကြီး လွှတ်ထားလို့လည်း မရဘူးဆိုတဲ့ သဘောပေါ့နော်။ မြန်မာပြည်မှာ အများကြီး လုပ်ဖို့ လိုသေးတယ်ဆိုတဲ့ အကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားတယ်လို့ ပြောပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေက နိုင်ငံရေး၊  စီးပွားရေး၊ နိုင်ငံရေးနဲ့ လူထုအခြေပြုအဖွဲ့အစည်း နယ်ပယ်က  အထင်ကရ ခေါင်းဆောင်တွေဟာ ဒေသအနာဂတ်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း နိုင်ငံတွေမှာ နှစ်စဉ် လှည့်လည်ပြီး ဆွေးနွေးပွဲကျင်းပရာမှာ ဒီနှစ်မှာတော့ ရန်ကုန်မှာ လာရောက်ပြီး ဆွေးနွေးနေကြတာဖြစ်ပြီး သံတမန် တချို့လည်း လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မေးခွန်းတွေကို ပြန်လည် ဖြေကြားရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ နောက်လိုက်တွေရဲ့ ယုံကြည်ချက်လိုအပ်ပြီး ယုံကြည်ချက်မရှိရင် တစုံတရာ လုပ်ဆောင်လို့ မရပုံကို ထည့်သွင်းပြောဆိုတယ်လို့ သူက ပြောပါတယ်။

ဒီဆွေးနွေးပွဲအတွက် တက်ရောက်သူတွေက တဦးကို ဒေါ်လာ ၁၅၀၀ (မြန်မာငွေ ၁၅ သိန်း နီးနီး) ပေးကြရတယ်လို့ ဆိုပါတယ်။

ဒီဖိုရမ်ဆွေးနွေးပွဲကို ၂၀၀၃ ခုနှစ်ကတည်းက မလေးရှားနိုင်ငံမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ၉ ကြိမ်မြောက်ကို မြန်မာနိုင်ငံမှာ ကျင်းပရာမှာ“လှိုင်းထန်နေတဲ့ကမ္ဘာ နိုးထလာတဲ့အာရှနဲ့ ဒီကနေ ကျွန်ုပ်တို့ ဘယ်ကိုသွားကြမလဲ ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာပါ။

ဒီဖိုရမ်မှာ အာဆီယံပြုပြင် ပြောင်းလဲရေးနဲ့ လတ်တလော မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးပြာဆိုကြပါတယ်။

မနေ့ ဖွင့်ပွဲနေ့ကတော့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ပြီး မြန်မာနိုင်ငံအတွက် စိန်ခေါ်ချက်တွေနဲ့ အခွင့်အလမ်းတွေ အကြောင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013