DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် ကုန်စည်ဒိုင် လုပ်ငန်းများ ပြန်လည်စတင်မည်
DVB
·
August 1, 2019
မော်လမြိုင် ကုန်စည်ဒိုင် လုပ်ငန်းများ ပြန်လည်စတင်မည်
Donate to DVB

၈ နှစ်ကျော်ကြာ ရပ်နားထားတဲ့ မော်လမြိုင် ကုန်စည်ဒိုင် လုပ်ငန်းတွေကို ပြန်လည် အသက်သွင်းတော့မယ်လို့ မော်လမြိုင် ကုန်စည်ဒိုင် ဥက္ကဋ္ဌက ပြောပါတယ်။

မော်လမြိုင် ကုန်စည်ဒိုင်ဟာ အရင်တုန်းက ကုန်ပစ္စည်း ဈေးနှုန်းတွေနဲ့ ဈေးကွက်ပစ္စည်း အဝင်အထွက်တွေကို ပုံမှန် တင်ပြခဲ့တာပါ။ ဒါပေမယ့်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်းကစပြီး ဒီလုပ်ငန်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုအခါ ဈေးကွက်သဘောသဘာဝအရ မော်လမြိုင် ကုန်စည်ဒိုင် ပြန်လည် အသက်သွင်းတော့မယ်လို့ မော်လမြိုင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ   ဦးတင်မောင်က ပြောပါတယ်။

ကုန်စည်ဒိုင် ပြန်လည် အသက်သွင်းနိုင်ရေးအတွက် မန္တလေးနဲ့ မူဆယ်တို့ရှိ ကုန်စည်ဒိုင် လုပ်ငန်းတွေကို သွားရောက်လေ့လာဖို့ ရှိနေပြီး အဲဒီကုန်စည်ဒိုင်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရယူပြီး မော်လမြိုင် ကုန်စည်ဒိုင်ကို စတင်သွားမယ်လို့ ပြောပါတယ်။ 

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးသက်ဦးကတော့ နိုင်ငံတကာ ဈေးကွက်နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် ကုန်စည်ဒိုင်တခု ရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မွန်ပြည်နယ်မှာ ကုန်စည်ဒိုင်လုပ်ငန်းတွေ ပြန်လည် စတင်ဖို့ တိုက်တွန်းနေတာပါ။ ဒါကြောင့် ကုန်စည်ဒိုင် လုပ်ငန်းတွေ ဦးဆောင်မယ့်သူတွေနဲ့ ကုန်စည်ဒိုင်လုပ်ငန်းရှင်အသင်းကို ပြန်လည် ဖွဲ့စည်းသွားမယ်လို့ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောပါတယ်။

မွန်ပြည်နယ် ကုန်စည်ဈေးကွက်မှာတော့ ကုန်စည်ဒိုင် မရှိခြင်းကြောင့် ကုန်ပစ္စည်းထွက်ရာ ဒေသတွေက ပစ္စည်းတွေကို တဆင့်ခံ ဝယ်ယူ ရောင်းချနေတာတွေ၊ တိုက်ရိုက် တင်သွင်း ရောင်းချနေတဲ့ စနစ်ကို ကျင့်သုံးနေတာပါ။ 

သတင်း- ဇော်လွင်ထွတ်




ေမာ္လၿမိဳင္ ကုန္စည္ဒိုင္ လုပ္ငန္းမ်ား ျပန္လည္စတင္မည္

DVB

၈ ႏွစ္ေက်ာ္ၾကာ ရပ္နားထားတဲ့ ေမာ္လၿမိဳင္ ကုန္စည္ဒိုင္ လုပ္ငန္းေတြကို ျပန္လည္ အသက္သြင္းေတာ့မယ္လို႔ ေမာ္လၿမိဳင္ ကုန္စည္ဒိုင္ ဥကၠ႒က ေျပာပါတယ္။

ေမာ္လၿမိဳင္ ကုန္စည္ဒိုင္ဟာ အရင္တုန္းက ကုန္ပစၥည္း ေဈးႏႈန္းေတြနဲ႔ ေဈးကြက္ပစၥည္း အဝင္အထြက္ေတြကို ပုံမွန္ တင္ျပခဲ့တာပါ။ ဒါေပမယ့္လည္း ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းကစၿပီး ဒီလုပ္ငန္းေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္ဆိုင္းသြားခဲ့ရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အခုအခါ ေဈးကြက္သေဘာသဘာဝအရ ေမာ္လၿမိဳင္ ကုန္စည္ဒိုင္ ျပန္လည္ အသက္သြင္းေတာ့မယ္လို႔ ေမာ္လၿမိဳင္ ကုန္စည္ဒိုင္ ဥကၠ႒   ဦးတင္ေမာင္က ေျပာပါတယ္။

ကုန္စည္ဒိုင္ ျပန္လည္ အသက္သြင္းႏိုင္ေရးအတြက္ မႏၲေလးနဲ႔ မူဆယ္တို႔ရွိ ကုန္စည္ဒိုင္ လုပ္ငန္းေတြကို သြားေရာက္ေလ့လာဖို႔ ရွိေနၿပီး အဲဒီကုန္စည္ဒိုင္ေတြရဲ႕ လုပ္ထုံးလုပ္နည္းေတြနဲ႔ လုပ္ငန္းေဆာင္႐ြက္မႈေတြကို ရယူၿပီး ေမာ္လၿမိဳင္ ကုန္စည္ဒိုင္ကို စတင္သြားမယ္လို႔ ေျပာပါတယ္။

မြန္ျပည္နယ္ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း တြဲဖက္အတြင္းေရးမႉး ဦးသက္ဦးကေတာ့ ႏိုင္ငံတကာ ေဈးကြက္နဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔အတြက္ ကုန္စည္ဒိုင္တခု ရွိဖို႔ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာလည္း စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက မြန္ျပည္နယ္မွာ ကုန္စည္ဒိုင္လုပ္ငန္းေတြ ျပန္လည္ စတင္ဖို႔ တိုက္တြန္းေနတာပါ။ ဒါေၾကာင့္ ကုန္စည္ဒိုင္ လုပ္ငန္းေတြ ဦးေဆာင္မယ့္သူေတြနဲ႔ ကုန္စည္ဒိုင္လုပ္ငန္းရွင္အသင္းကို ျပန္လည္ ဖြဲ႕စည္းသြားမယ္လို႔ မြန္ျပည္နယ္ စားသုံးသူေရးရာဦးစီးဌာန ျပည္နယ္ဦးစီးမႉး ဦးခင္ေအာင္သြင္က ေျပာပါတယ္။

မြန္ျပည္နယ္ ကုန္စည္ေဈးကြက္မွာေတာ့ ကုန္စည္ဒိုင္ မရွိျခင္းေၾကာင့္ ကုန္ပစၥည္းထြက္ရာ ေဒသေတြက ပစၥည္းေတြကို တဆင့္ခံ ဝယ္ယူ ေရာင္းခ်ေနတာေတြ၊ တိုက္႐ိုက္ တင္သြင္း ေရာင္းခ်ေနတဲ့ စနစ္ကို က်င့္သုံးေနတာပါ။

သတင္း- ေဇာ္လြင္ထြတ္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013