DVB Logo
Home
Lead Story
အသစ်ထွက်ရှိလာသည့် ဟစ်ဟော့ပ်အဆိုတော်ရဲလေး သီချင်းသစ် - You Are(ရုပ်သံ)
DVB
·
August 1, 2019
အသစ်ထွက်ရှိလာသည့် ဟစ်ဟော့ပ်အဆိုတော်ရဲလေး သီချင်းသစ် - You Are(ရုပ်သံ)
Donate to DVB

“YOU ARE ~ YOU ARE ~YOU ARE… YOU ARE ~ YOU ARE ~YOU ARE... YOU ARE ~ YOU ARE ~YOU ARE… ဘေဘီ အရမ်းပဲ လှနေလို့… နင် အရမ်းပဲ လှ နေလို့… အို… ငါ့အသည်း ပန်းရောင်သန်းတဲ့ ပါးပြင်တွေများကြားဝယ်… မျက်ဝန်းတွေက လှုပ်ကာရယ် စူးရှတယ်”

ဒီသီချင်းကိုတော့ ရဲလေးက သူကိုယ်တိုင်ရေး၊ Life & Dance အကအဖွဲ့နဲ့အတူ ကိုယ်တိုင်ပဲ သရုပ်ဆောင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟစ်ဟော့ပ်အဆိုတော် ရဲလေးဟာ သီချင်း တွေကို ကိုယ်တိုင်ရေးသား သီဆိုလေ့ရှိသူတဦးဖြစ်ပြီး တေးသီချင်းသစ်တွေ မထွက်ရှိပဲ နေခဲ့တာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ် ကျနော်နှင့်သက် ဆိုင်သောဟာ သူ့ကို ရဲလေးအဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပြီး တတိယကာရန်၊ ရကောက်ဘဝဖြင့်နေထိုင်ခြင်း၊ အိမ်စတဲ့ တကိုယ်တော်တေးအယ်လ် ဘမ်တွေဟာ ထင်ရှားပါတယ်။

ခုထွက်ရှိလာခဲ့တဲ့ You Are သီချင်းကိုတော့ သူတို့ညီအစ်ကို ၂ ယောက်ရဲ့ YLJK Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး နာရီပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သောင်း ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

“ဒီလိုနဲ့ပဲ နေ့တွေကုန်… ရှေ့ဆက်မယ့်ညများ… ငါလေနင့်ဘဲဖြစ်ချင်လို့… ငါလေ အချိန်တိုင်း တွေ့ချင်လို့… မင်းကတော့ အမြဲတမ်းဆယ်လီမျက်နှာထားနဲ့… လူလည် ခေါင်မှာ အမြဲကြော့မေ့ာ… နှုတ်ခမ်းလေးက အမြဲတမ်းစူရင် မေ့လို့သွားမယ်… သူ့ရဲ့အ လှတွေ ကြွေပြီပေါ့”

သူသီဆိုနေကျပုံစံအတိုင်း လတ်ဆတ်တဲ့ သီချင်းစာသားတွေနဲ့ ဒီသီချင်းဟာ ပရိ သတ်တွေကို တကျော့ပြန်ရဲလေးအဖြစ် မြင်တွေ့ရစေမှာ ဖြစ်ပါတယ်။
---------------------------------------
အသစ္ထြက္ရွိလာသည့္ ဟစ္ေဟာ့ပ္အဆိုေတာ္ရဲေလး သီခ်င္းသစ္ - You Are(႐ုပ္သံ)
ဒီဗြီဘီ

“YOU ARE ~ YOU ARE ~YOU ARE… YOU ARE ~ YOU ARE ~YOU ARE... YOU ARE ~ YOU ARE ~YOU ARE… ေဘဘီ အရမ္းပဲ လွေနလို႔… နင္ အရမ္းပဲ လွ ေနလို႔… အို… ငါ့အသည္း ပန္းေရာင္သန္းတဲ့ ပါးျပင္ေတြမ်ားၾကားဝယ္… မ်က္ဝန္းေတြက လႈပ္ကာရယ္ စူးရွတယ္”

ဒီသီခ်င္းကိုေတာ့ ရဲေလးက သူကိုယ္တိုင္ေရး၊ Life & Dance အကအဖြဲ႕နဲ႔အတူ ကိုယ္တိုင္ပဲ သ႐ုပ္ေဆာင္ထားၿပီး ကိုယ္တိုင္႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။
အသက္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဟစ္ေဟာ့ပ္အဆိုေတာ္ ရဲေလးဟာ သီခ်င္း ေတြကို ကိုယ္တိုင္ေရးသား သီဆိုေလ့ရွိသူတဦးျဖစ္ၿပီး ေတးသီခ်င္းသစ္ေတြ မထြက္ရွိပဲ ေနခဲ့တာ အခ်ိန္အေတာ္ၾကာေနခဲ့ၿပီ ျဖစ္ပါတယ္။

၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ သူ႔ရဲ႕ ပထမဆုံး ေတးအယ္လ္ဘမ္ က်ေနာ္ႏွင့္သက္ ဆိုင္ေသာဟာ သူ႔ကို ရဲေလးအျဖစ္ ပရိသတ္ေတြက လက္ခံအားေပးခဲ့ၾကတာ ျဖစ္ၿပီး တတိယကာရန္၊ ရေကာက္ဘဝျဖင့္ေနထိုင္ျခင္း၊ အိမ္စတဲ့ တကိုယ္ေတာ္ေတးအယ္လ္ ဘမ္ေတြဟာ ထင္ရွားပါတယ္။

ခုထြက္ရွိလာခဲ့တဲ့ You Are သီခ်င္းကိုေတာ့ သူတို႔ညီအစ္ကို ၂ ေယာက္ရဲ႕ YLJK Entertainment က တင္ဆက္လိုက္တာျဖစ္ၿပီး နာရီပိုင္းအတြင္း ေဖ့စ္ဘြတ္ခ္အင္တာ နက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ ေသာင္း ေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

“ဒီလိုနဲ႔ပဲ ေန႔ေတြကုန္… ေရွ႕ဆက္မယ့္ညမ်ား… ငါေလနင့္ဘဲျဖစ္ခ်င္လို႔… ငါေလ အခ်ိန္တိုင္း ေတြ႕ခ်င္လို႔… မင္းကေတာ့ အၿမဲတမ္းဆယ္လီမ်က္ႏွာထားနဲ႔… လူလည္ ေခါင္မွာ အၿမဲေၾကာ့ေမ့ာ… ႏႈတ္ခမ္းေလးက အၿမဲတမ္းစူရင္ ေမ့လို႔သြားမယ္… သူ႔ရဲ႕အ လွေတြ ေႂကြၿပီေပါ့”

သူသီဆိုေနက်ပုံစံအတိုင္း လတ္ဆတ္တဲ့ သီခ်င္းစာသားေတြနဲ႔ ဒီသီခ်င္းဟာ ပရိ သတ္ေတြကို တေက်ာ့ျပန္ရဲေလးအျဖစ္ ျမင္ေတြ႕ရေစမွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013