DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးကို ၇ ကြိမ်မြောက် ရုံးထုတ်၊ လိုပြသက်သေအားလုံးစစ်ဆေးပြီးစီး
DVB
·
August 1, 2019
ကရင်နီလူငယ် ၆ ဦးကို ၇ ကြိမ်မြောက် ရုံးထုတ်၊ လိုပြသက်သေအားလုံးစစ်ဆေးပြီးစီး
1 / 3
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးအား လွိုင်ကော်မြို့နယ် တရားရုံးမှာ ဒီကနေ့  ၇ ကြိမ်မြောက် ရုံးထုတ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ ကျန်ရှိနေသေးတဲ့ တရားလိုပြသေ ၁ ဦးကို စစ်ဆေးခဲ့ပြီး လာမယ့် သြဂုတ် ၁၅ ရက်နေ့ ရုံးပြန်ချိန်းဆိုထားပါတယ်။  

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။

ဒီပုဒ်မနဲ့ စွဲဆိုခဲ့ရမှုအပေါ် ခွန်သောမတ်က ဒီပုဒ်မရဲ့ သဘောသဘာဝနဲ့ ကျနော်တို့ ထုတ်ပြန်တဲ့စာနဲ့က ဘာမှမသက်ဆိုင်ဘူးဆိုတာကတော့ သက်သေလာထွက်ဆိုတဲ့လူ တွေအားလုံးကလည်း သိတယ်။ ပြီးတော့ ကျနော်တို့လည်း ဒီကိစ္စကိုလည်း သိတယ်။ ဘယ်လိုဖြစ်မလဲဆိုတဲ့အပေါ်မှာကတော့ စွဲချက်တင်မတင်အပေါ်မှာပဲ ကျနော်တို့ သိရမှာဖြစ်ပါတယ်။”

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ မေ ၁၆ ရက်မှာ တရားစွဲဆိုခဲ့တာပါ။

စွဲဆိုထားတဲ့ ပုဒ်မအရ ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရသလို ငွေဒဏ် အနည်းဆုံး ကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်ပါတယ်။




ကရင္နီလူငယ္ ၆ ဦးကို ၇ ႀကိမ္ေျမာက္ ႐ုံးထုတ္၊ လိုျပသက္ေသအားလုံးစစ္ေဆးၿပီးစီး

ေနာ္ႏိုရင္း

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ တရားစြဲခံထားရတဲ့ ကရင္နီ လူငယ္ ၆ ဦးအား လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးမွာ ဒီကေန႔  ၇ ႀကိမ္ေျမာက္ ႐ုံးထုတ္ပါတယ္။

ဒီကေန႔ ႐ုံးထုတ္မွာ က်န္ရွိေနေသးတဲ့ တရားလိုျပေသ ၁ ဦးကို စစ္ေဆးခဲ့ၿပီး လာမယ့္ ၾသဂုတ္ ၁၅ ရက္ေန႔ ႐ုံးျပန္ခ်ိန္းဆိုထားပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စီမံ/ဘ႑ာဝန္ႀကီးနဲ႔ ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီတို႔ကို ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသားသစၥာေဖာက္ဆိုၿပီး ကရင္နီ လူငယ္ေတြက မတ္ ၂၅ ရက္က ထုတ္ျပန္ေၾကညာရာမွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့အတြက္ လူငယ္ ၆ ဦးကို ျပည္နယ္အစိုးရက တရားစြဲခဲ့တာပါ။

ဒီပုဒ္မနဲ႔ စြဲဆိုခဲ့ရမႈအေပၚ ခြန္ေသာမတ္က ဒီပုဒ္မရဲ႕ သေဘာသဘာဝနဲ႔ က်ေနာ္တို႔ ထုတ္ျပန္တဲ့စာနဲ႔က ဘာမွမသက္ဆိုင္ဘူးဆိုတာကေတာ့ သက္ေသလာထြက္ဆိုတဲ့လူ ေတြအားလုံးကလည္း သိတယ္။ ၿပီးေတာ့ က်ေနာ္တို႔လည္း ဒီကိစၥကိုလည္း သိတယ္။ ဘယ္လိုျဖစ္မလဲဆိုတဲ့အေပၚမွာကေတာ့ စြဲခ်က္တင္မတင္အေပၚမွာပဲ က်ေနာ္တို႔ သိရမွာျဖစ္ပါတယ္။”

အဲဒီေၾကညာခ်က္မွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့ ကိုစစ္မုန္း(ခ) ဒီးဒီ၊ မ်ိဳးလႈိင္ဝင္း၊ ဂြၽန္ေပါလ္၊ ခူးရီးဒူ၊ ခူးၾကဴးဖဲေကး၊ ခြန္းေသာမတ္စ္တို႔ကို ျပည္နယ္အစိုးရက ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈ၊ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ ေမ ၁၆ ရက္မွာ တရားစြဲဆိုခဲ့တာပါ။

စြဲဆိုထားတဲ့ ပုဒ္မအရ ျပစ္မႈထင္ရွားစီရင္ခံရပါက အနည္းဆုံး ၆ လကေန အမ်ားဆုံး ၃ ႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ခံရသလို ေငြဒဏ္ အနည္းဆုံး က်ပ္ ၃ သိန္းကေန အမ်ားဆုံး က်ပ္ ၁၅ သိန္းအထိ ခ်မွတ္ႏိုင္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013