DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ် လျှပ်စစ်မီးသွယ်တန်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသဖြင့် ရဲက ပစ်ခတ်လူစုခွဲ ၄ ဦးဒဏ်ရာရ 
DVB
·
August 1, 2019
ယင်းမာပင်မြို့နယ် လျှပ်စစ်မီးသွယ်တန်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသဖြင့် ရဲက ပစ်ခတ်လူစုခွဲ ၄ ဦးဒဏ်ရာရ 
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာမှာ ဇူလိုင် ၃၁ ရက်က မီးလိုင်းသွယ်တန်းသူတွေက ရွာထဲက ဖြတ်ကာ အုန်းတောကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးသွယ်တန်းဖို့ လုပ်ဆောင်ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးတဲ့ ရဲတပ်ဖွဲ့က လူစုခွဲ ပစ်ခတ်ရာက ရွာသား ၄ ဦး သေနတ်ထိမှန်ကာ မုံရွာဆေးရုံကြီးကို အတွင်းလူနာအဖြစ် ပို့ဆောင် ဆေးကုသမှု ခံယူနေရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲလင်းအောင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခရိုင်ရုံးမှာ အစည်းအဝေး လုပ်နေဆဲ ဖြစ်တာကြောင့် မဖြေကြားနိုင်သေးတဲ့ အကြောင်းပြောပါတယ်။

ရုန်းရင်းဆန်ခတ်မှုအတွင်း ကိုကျော်ဇင်မောင်၊ ကိုကြည်ထွန်း၊ ဦးမျိုးထွန်း၊ ဦးဘိုကျော်တို့ ၄ ဦးမှာ မစိုးရိမ်ရတဲ့ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတာပါ။

ဒေသခံမအေးနွယ်က“မနက်ကတည်းက ရွာထဲက ဖြတ်ပြီး မီးတိုင်လာစိုက်တယ်။ ရွာက လက်မခံလို့ စိုက်ပြီးသား ပြန်နုတ်ဖို့ ပြောတယ်။ ၂ တိုင်လောက် ကျန်တာမှာ နေ့လယ်ဘက်မှာ ရဲတွေ ထပ်ရောက်လာပြီး ပစ်တာ။ ရွာက ကန့်ကွက်တာက ရွာထဲက လမ်းကျဉ်းတာ၊ လျှပ်စစ်မီးအန္တရာယ် စိုးရိမ်တာတွေကြောင့် ရွာထဲမှာ မီးတိုင်စိုက်မှာ မလိုတာ။ ရွာပြင်ကဆို လက်ခံတယ်။ တခြားကနေလည်း စိုက်စရာ နေရာရှိရဲ့သားနဲ့ ရွာထဲကဖြတ်တော့ အခုလိုဖြစ်တာပဲ” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း ရွာသား ၄ ဦး သေနတ်ဒဏ်ရာရခဲ့တဲ့အပြင် တားဆီးခဲ့တဲ့ အမျိုးသမီးတဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အချုပ်ကားပေါ် တင်ခေါ်တဲ့အတွက် ရွာသားတွေက အချုပ်ကားကို တားဆီးကာ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကြောင့် အဖမ်းခံရတဲ့ အမျိုးသမီး တဦးကို ပြန်လွှတ်ပေးထားခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကိုင်းတိုင်းအစိုးရကလည်း တိုင်းအတွင်းလျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရာမှာ ကန့်ကွက်တားဆီးနေတဲ့အပေါ် ခရိုင်စီမံခန်ခွဲရေးကော်မတီအနေနဲ့ တားဆီးသူတွေကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းကြဖို့နဲ့ ဆက်လက်ကန့်ကွက်နေမယ်ဆိုရင် တည်ဆဲဥပဒေနဲ့ အ‌ရေးယူဖို့ကို မေ ၂၀ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း လျှပ်စစ်လမ်းပန်းဝန်ကြီး ဦးသန့်ညွန့်ဝင်း လက်မှတ်ရေးထိုးကာ ခရိုင်စီခန့်ကော်မတီတွေကို အသိပေးစာ ထုတ်ပြန်ထားပါတယ်။

အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ ၉၁၁ ရွာကို လျှပ်စစ်မီး သွယ်တန်းသွားမယ်လို့ သိရပါတယ်။




ယင္းမာပင္ၿမိဳ႕နယ္ လွ်ပ္စစ္မီးသြယ္တန္းစဥ္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားသျဖင့္ ရဲက ပစ္ခတ္လူစုခြဲ ၄ ဦးဒဏ္ရာရ
ေအာင္ကိုလတ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ၿမိဳ႕နယ္၊ ျပန္လွည့္ေက်း႐ြာမွာ ဇူလိုင္ ၃၁ ရက္က မီးလိုင္းသြယ္တန္းသူေတြက ႐ြာထဲက ျဖတ္ကာ အုန္းေတာေက်း႐ြာမီးလင္းေရးအတြက္ လွ်ပ္စစ္မီးသြယ္တန္းဖို႔ လုပ္ေဆာင္ရာကေန ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး လုံၿခဳံေရး လိုက္ပါေဆာင္႐ြက္ေပးတဲ့ ရဲတပ္ဖြဲ႕က လူစုခြဲ ပစ္ခတ္ရာက ႐ြာသား ၄ ဦး ေသနတ္ထိမွန္ကာ မုံ႐ြာေဆး႐ုံႀကီးကို အတြင္းလူနာအျဖစ္ ပို႔ေဆာင္ ေဆးကုသမႈ ခံယူေနရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ယင္းမာပင္ၿမိဳ႕နယ္ စီမံခန႔္ခြဲမႈေကာ္မတီဥကၠ႒ ဦးရဲလင္းေအာင္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ခ႐ိုင္႐ုံးမွာ အစည္းအေဝး လုပ္ေနဆဲ ျဖစ္တာေၾကာင့္ မေျဖၾကားႏိုင္ေသးတဲ့ အေၾကာင္းေျပာပါတယ္။

႐ုန္းရင္းဆန္ခတ္မႈအတြင္း ကိုေက်ာ္ဇင္ေမာင္၊ ကိုၾကည္ထြန္း၊ ဦးမ်ိဳးထြန္း၊ ဦးဘိုေက်ာ္တို႔ ၄ ဦးမွာ မစိုးရိမ္ရတဲ့ ေသနတ္ဒဏ္ရာေတြ ရရွိခဲ့ၿပီး ေဆးကုသမႈ ခံယူေနရတာပါ။

ေဒသခံမေအးႏြယ္က“မနက္ကတည္းက ႐ြာထဲက ျဖတ္ၿပီး မီးတိုင္လာစိုက္တယ္။ ႐ြာက လက္မခံလို႔ စိုက္ၿပီးသား ျပန္ႏုတ္ဖို႔ ေျပာတယ္။ ၂ တိုင္ေလာက္ က်န္တာမွာ ေန႔လယ္ဘက္မွာ ရဲေတြ ထပ္ေရာက္လာၿပီး ပစ္တာ။ ႐ြာက ကန႔္ကြက္တာက ႐ြာထဲက လမ္းက်ဥ္းတာ၊ လွ်ပ္စစ္မီးအႏၲရာယ္ စိုးရိမ္တာေတြေၾကာင့္ ႐ြာထဲမွာ မီးတိုင္စိုက္မွာ မလိုတာ။ ႐ြာျပင္ကဆို လက္ခံတယ္။ တျခားကေနလည္း စိုက္စရာ ေနရာရွိရဲ႕သားနဲ႔ ႐ြာထဲကျဖတ္ေတာ့ အခုလိုျဖစ္တာပဲ” လို႔ ေျပာပါတယ္။

အဆိုပါျဖစ္စဥ္အတြင္း ႐ြာသား ၄ ဦး ေသနတ္ဒဏ္ရာရခဲ့တဲ့အျပင္ တားဆီးခဲ့တဲ့ အမ်ိဳးသမီးတဦးကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးကာ အခ်ဳပ္ကားေပၚ တင္ေခၚတဲ့အတြက္ ႐ြာသားေတြက အခ်ဳပ္ကားကို တားဆီးကာ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတာေၾကာင့္ အဖမ္းခံရတဲ့ အမ်ိဳးသမီး တဦးကို ျပန္လႊတ္ေပးထားခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ကို ဆက္သြယ္ေနေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

စစ္ကိုင္းတိုင္းအစိုးရကလည္း တိုင္းအတြင္းလွ်ပ္စစ္ဓာတ္အားလိုင္း တည္ေဆာက္ရာမွာ ကန႔္ကြက္တားဆီးေနတဲ့အေပၚ ခ႐ိုင္စီမံခန္ခြဲေရးေကာ္မတီအေနနဲ႔ တားဆီးသူေတြကို ေခၚယူေတြ႕ဆုံ ညႇိႏႈိင္းၾကဖို႔နဲ႔ ဆက္လက္ကန႔္ကြက္ေနမယ္ဆိုရင္ တည္ဆဲဥပေဒနဲ႔ အ‌ေရးယူဖို႔ကို ေမ ၂၀ ရက္ေန႔ကတည္းက စစ္ကိုင္းတိုင္း လွ်ပ္စစ္လမ္းပန္းဝန္ႀကီး ဦးသန႔္ၫြန႔္ဝင္း လက္မွတ္ေရးထိုးကာ ခ႐ိုင္စီခန႔္ေကာ္မတီေတြကို အသိေပးစာ ထုတ္ျပန္ထားပါတယ္။

အစိုးရအေနနဲ႔ လွ်ပ္စစ္ဓာတ္အားရရွိေရး စီမံကိန္းအရ စစ္ကိုင္းတိုင္းအတြင္း ေက်း႐ြာ ၉၁၁ ႐ြာကို လွ်ပ္စစ္မီး သြယ္တန္းသြားမယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013