DVB Logo
Home
သတင်းတို
သတင်းရေးရာတွင် မျှမျှတတ ရေးသားဖော်ပြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
December 6, 2012
သတင်းရေးရာတွင် မျှမျှတတ ရေးသားဖော်ပြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
1 / 4
Donate to DVB

သတင်းမီဒီယာတွေအနေနဲ့ သတင်းရေးသားဖော်ပြကြရာမှာ သေသေချာချာ စုံစမ်းစိစစ်ပြီးမှ မျှမျှတတ ရေးသား ဖော်ပြကြဖို့ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

နောက်ကြောင်းတွေကို သေချာလေ့လာပြီး မျှမျှတတနဲ့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီး မှန်မှန်ကန်ကန် သုံးသပ်တင်ပြကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့ပါတယ်။

နိုင်ငံဟာ အင်မတန် ခက်ခဲတဲ့လမ်းကြောင်းကို လျှောက်နေရချိန်ဖြစ်တာမို့ နိုင်ငံသားတွေဖြစ်တဲ့ သတင်း မီဒီယာသမားတွေအနေနဲ့ လျှောက်နေရတဲ့ ခက်ခက်ခဲခဲလမ်း ချောမွေ့အောင် မိမိတို့တတ်နိုင်သမျှ ကူညီပြီး ခင်းသွားပေးကြဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013