DVB Logo
Home
Lead Story
စိုင်းစိုင်းနှင့် ကျော်သူ အတူတွဲတွေ့မြင်ရမည့် ပိတောက်ကတဲ့ ဂီတရုပ်ရှင်ရိုက်ကူးနေ
DVB
·
August 1, 2019
စိုင်းစိုင်းနှင့် ကျော်သူ အတူတွဲတွေ့မြင်ရမည့် ပိတောက်ကတဲ့ ဂီတရုပ်ရှင်ရိုက်ကူးနေ
Donate to DVB

အဆိုတော်အဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ ပရိသတ်အားပေးလက်ခံမှု ရရှိထား တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတခါမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်သူနဲ့အတူ တွဲဖက်သရုပ်ဆောင်မှုကို ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ပိတောက်ကတဲ့ ဂီတအမည်ရတဲ့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းပုံရိပ်တချို့ကို တော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှေ၀ ထားခဲ့ပြီး ခုလိုရေးသားထားခဲ့တာ ဖြစ်ပါတယ်။

“ကျနော် တနှစ်မှာ ရုပ်ရှင်တစ်ကားလောက် ရိုက်ဖြစ်ပါတယ်။ ကြာတော့သည် လည်း မောင့်စကား ပြီးတဲ့နောက် ၁၅ လ အကြာမှာ ပိတောက်ကတဲ့ ဂီတကို စတင် ရိုက်ကူးဖြစ်ပါတယ်။ သြင်္ကန်ကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်ခန်းတွေကို ပြင်ဦးလွင်က အိမ်ကလေးမှာ ဆက်တင်ဆင်ပြီး ဆက်လက် ရိုက်ကူးနေပါပြီ။ ကျနော်တို့ရဲ့ ပိတောက်ကတဲ့ဂီတ ကိုစိတ်ဝင်စားတယ်ဆိုရင် ဒီ Page လေးကို Like လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်”

စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်း လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ တနှစ်တာအတွင်း အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာဆိုရှယ်မီဒီယာဖွံ့ဖြိုးရေးအဖွဲ့ (SMDM) က ထုတ်ပြန်တဲ့ သုတေသန ထုတ် ပြန်ချက်မှာတော့ စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံရဲ့ ထင်ပေါ်ကျော်ကြား လူသိများတဲ့ အနုပညာရှင်တွေထဲမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပရိသတ်အများဆုံး ၈ သန်းကျော် နဲ့ ထိပ်ဆုံးနေရာက ရပ်တည်နေတယ်လို့ ဆိုပါတယ်။

တနှစ်တာ ဂီတထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်တဲ့ စီးတီးအက်ဖ်အမ်ရဲ့ ဆုချီးမြှင့်ပွဲမှာလည်း သူက ၂၀၁၈ တနှစ်တာ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီးသီဆိုသူ (အမျိုးသား) တေးသံရှင်ဆုကို Sai Sai Is Sai Sai အယ်လ်ဘမ်နဲ့ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စတင်ဝင်ရောက်ခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ ချောကလက်ရောင် ရေခဲအိပ်မက် တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။

စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေ ဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကား တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ် စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော် ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။

ဝါရင့်သရုပ်ဆောင် မင်းသားကြီး ကျော်သူကတော့ ပရဟိတလုပ်ငန်းတွေလည်း လုပ်ဆောင်နေရင်း ခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေမှာပါ ပြန်လည်ပါဝင်လာခဲ့ တာကို တွေ့ရပါတယ်။

သူနဲ့ လူငယ်သရုပ်ဆောင်မင်းသား မြင့်မြတ်တို့ အတွဲညီညီ ခေါင်းဆောင်ပါဝင် ထားခဲ့ကြတဲ့ ကျောမှာဂဠုန်ရင်မှာနဂါး ရုပ်ရှင်ကားကြီးကိုတော့ ပြီးခဲ့တဲ့ မေလ ၁၆ ရက် နေ့က ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

ခုတခါ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပါဝင်မယ့် ရုပ်ရှင်ကားကြီးထဲမှာတော့ ဘယ်လို သရုပ်ဆောင်မှုတွေနဲ့ တွေ့ကြရမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှု ကြရမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သြင်္ကန်အငွေ့အသက်နဲ့ ရုပ်ရှင်ကားတကားအနေနဲ့ ဖန် တီးမယ့် ဒီရုပ်ရှင်ကားထဲမှာ တခြားပါဝင်မယ့်သရုပ်ဆောင်တွေနဲ့ အကြောင်းအရာတွေ ကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

--

Zawgyi font

စိုင္းစိုင္းႏွင့္ ေက်ာ္သူ အတူတြဲေတြ႕ျမင္ရမည့္ ပိေတာက္ကတဲ့ ဂီတ႐ုပ္ရွင္႐ိုက္ကူးေန

DVB

အဆိုေတာ္အျဖစ္ေရာ၊ သ႐ုပ္ေဆာင္အျဖစ္ပါ ပရိသတ္အားေပးလက္ခံမႈ ရရွိထား တဲ့ စိုင္းစိုင္းခမ္းလႈိင္က ဒီတခါမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားႀကီး ေက်ာ္သူနဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္မႈကို ပရိသတ္ေတြက ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။

ပိေတာက္ကတဲ့ ဂီတအမည္ရတဲ့ ႐ုပ္ရွင္ကားထဲက ဇာတ္ဝင္ခန္းပုံရိပ္တခ်ိဳ႕ကို ေတာ့ စိုင္းစိုင္းခမ္းလႈိင္က သူ႔ရဲ႕ တရားဝင္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွတဆင့္ ေမွ်၀ ထားခဲ့ၿပီး ခုလိုေရးသားထားခဲ့တာ ျဖစ္ပါတယ္။

“က်ေနာ္ တႏွစ္မွာ ႐ုပ္ရွင္တစ္ကားေလာက္ ႐ိုက္ျဖစ္ပါတယ္။ ၾကာေတာ့သည္ လည္း ေမာင့္စကား ၿပီးတဲ့ေနာက္ ၁၅ လ အၾကာမွာ ပိေတာက္ကတဲ့ ဂီတကို စတင္ ႐ိုက္ကူးျဖစ္ပါတယ္။ ၾသကၤန္ကတည္းက စတင္႐ိုက္ကူးခဲ့တဲ့ ဒီဇာတ္ကားရဲ႕ အဓိက ဇာတ္ဝင္ခန္းေတြကို ျပင္ဦးလြင္က အိမ္ကေလးမွာ ဆက္တင္ဆင္ၿပီး ဆက္လက္ ႐ိုက္ကူးေနပါၿပီ။ က်ေနာ္တို႔ရဲ႕ ပိေတာက္ကတဲ့ဂီတ ကိုစိတ္ဝင္စားတယ္ဆိုရင္ ဒီ Page ေလးကို Like လုပ္ထားဖို႔ ဖိတ္ေခၚပါတယ္”

စိုင္းစိုင္းလို႔ ခ်စ္စႏိုးေခၚၾကတဲ့ ပရိသတ္အခ်စ္ေတာ္ အဆိုေတာ္ စိုင္းစိုင္းခမ္း လႈိင္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ တႏွစ္တာအတြင္း အႏုပညာလႈပ္ရွားမႈေတြနဲ႔အတူ ပရိသတ္ရဲ႕ ႏွလုံးသားကို သိမ္းပိုက္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ျမန္မာဆိုရွယ္မီဒီယာဖြံ႕ၿဖိဳးေရးအဖြဲ႕ (SMDM) က ထုတ္ျပန္တဲ့ သုေတသန ထုတ္ ျပန္ခ်က္မွာေတာ့ စိုင္းစိုင္းခမ္းလႈိင္ဟာ ျမန္မာႏိုင္ငံရဲ႕ ထင္ေပၚေက်ာ္ၾကား လူသိမ်ားတဲ့ အႏုပညာရွင္ေတြထဲမွာ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္မွာ ပရိသတ္အမ်ားဆုံး ၈ သန္းေက်ာ္ နဲ႔ ထိပ္ဆုံးေနရာက ရပ္တည္ေနတယ္လို႔ ဆိုပါတယ္။

တႏွစ္တာ ဂီတထူးခြၽန္ဆုေတြ ေပးအပ္ခ်ီးျမႇင့္တဲ့ စီးတီးအက္ဖ္အမ္ရဲ႕ ဆုခ်ီးျမႇင့္ပြဲမွာလည္း သူက ၂၀၁၈ တႏွစ္တာ ေရာင္းအားအေကာင္းဆုံး စတီရီယိုေတးစီးရီးသီဆိုသူ (အမ်ိဳးသား) ေတးသံရွင္ဆုကို Sai Sai Is Sai Sai အယ္လ္ဘမ္နဲ႔ ဆြတ္ခူးရရွိခဲ့တာ ျဖစ္ပါတယ္။

၁၉၉၆ ခုႏွစ္ေလာက္ကတည္းက အႏုပညာေလာကထဲကို ေမာ္ဒယ္လ္ဘဝနဲ႔ စတင္ဝင္ေရာက္ခဲ့သူ စိုင္းစိုင္းခမ္းလႈိင္ဟာ ၂၀၀၀ ျပည့္ႏွစ္မွာ ပထမဆုံးထြက္ရွိခဲ့တဲ့ ေခ်ာကလက္ေရာင္ ေရခဲအိပ္မက္ ေတးစီးရီးနဲ႔ စတင္လူသိမ်ားလာခဲ့တာပါ။

အဲဒီေနာက္မွာေတာ့ သူငယ္ခ်င္းမ်ားစြာ၊ ေဖေဖာ္ဝါရီမွတ္တမ္း၊ Sai Sai Live Show၊ စိုင္းစိုင္းဟုေခၚသည္၊ Happy Sai Sai Birthday၊ အၿမဲတမ္းေဂၚလီ Ever Golli၊ ဒိတ္ဒိတ္ႀကဲ စတဲ့ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ေတြအျပင္ အတြဲသီခ်င္းေခြေပါင္း မ်ားစြာမွာလည္း သီဆိုေအာင္ျမင္ခဲ့သူပါ။

စကၠဴငွက္၊ ကံကိုဆြဲ၍ မႈန္းသီျခယ္ မင္ရည္က်ဲ၏ မက်ဲ၏ စတဲ့ ကိုယ္တိုင္ေရး ဝတၳဳေတြလည္း ထြက္ရွိခဲ့ဖူးတဲ့ စိုင္းစိုင္းခမ္းလႈိင္ဟာ အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္၊ ေအ ဒင္ရဲ႕ ကေခ်သည္၊ ၾကာေတာ့သည္လည္း ေမာင့္စကား စတဲ့ နာမည္ႀကီး ႐ုပ္ရွင္ကား ေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

သူဟာ တျခားစီးပြားေရးတခုအေနနဲ႔ ႏႈတ္ခမ္းနီမေလးေတြအႀကိဳက္ Sai ႏႈတ္ခမ္း နီကိုလည္း ထုတ္လုပ္ခဲ့ကာ လက္ရွိအခ်ိန္ထိ ပရိသတ္ရဲ႕ အခိုင္အမာအားေပးမႈကို ဆယ္ စုႏွစ္နဲ႔ခ်ီ ရရွိထားခဲ့သူတဦး ျဖစ္ပါတယ္။

သူ႔ရဲ႕ တႏွစ္နဲ႔တႏွစ္ မတူေအာင္ ကြဲျပားျခားနားတဲ့ တီထြင္ဆန္းသစ္မႈေတြနဲ႔ ေဖ်ာ္ ေျဖခဲ့တဲ့ ေမြးေန႔ရႈိးေတြဟာလည္း ေအာင္ျမင္ခဲ့ပါတယ္။

ဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး ေက်ာ္သူကေတာ့ ပရဟိတလုပ္ငန္းေတြလည္း လုပ္ေဆာင္ေနရင္း ခုေနာက္ပိုင္းမွာေတာ့ ႐ုပ္ရွင္ကားႀကီးေတြမွာပါ ျပန္လည္ပါဝင္လာခဲ့ တာကို ေတြ႕ရပါတယ္။

သူနဲ႔ လူငယ္သ႐ုပ္ေဆာင္မင္းသား ျမင့္ျမတ္တို႔ အတြဲညီညီ ေခါင္းေဆာင္ပါဝင္ ထားခဲ့ၾကတဲ့ ေက်ာမွာဂဠဳန္ရင္မွာနဂါး ႐ုပ္ရွင္ကားႀကီးကိုေတာ့ ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ ေန႔က ႐ုံတင္ျပသခဲ့တာ ျဖစ္ပါတယ္။

ခုတခါ စိုင္းစိုင္းခမ္းလႈိင္နဲ႔ တြဲဖက္ပါဝင္မယ့္ ႐ုပ္ရွင္ကားႀကီးထဲမွာေတာ့ ဘယ္လို သ႐ုပ္ေဆာင္မႈေတြနဲ႔ ေတြ႕ၾကရမလဲဆိုတာကိုေတာ့ မၾကာခင္မွာပဲ ေစာင့္ေမွ်ာ္ၾကည့္ရႈ ၾကရမွာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ၾသကၤန္အေငြ႕အသက္နဲ႔ ႐ုပ္ရွင္ကားတကားအေနနဲ႔ ဖန္ တီးမယ့္ ဒီ႐ုပ္ရွင္ကားထဲမွာ တျခားပါဝင္မယ့္သ႐ုပ္ေဆာင္ေတြနဲ႔ အေၾကာင္းအရာေတြ ကိုေတာ့ အေသးစိတ္ထုတ္ျပန္ထားျခင္း မရွိေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013