DVB Logo
Home
မြန်မာသတင်း
(၆) ကြိမ်မြောက်အောင်ဘာလေထီ သိန်း ၁၅၀၀၀ ဆုကို ဟင်္သာတမြို့က မင်္ဂလာစွယ်တော်ထီဆိုင်က ဆွတ်ခူး
DVB
·
August 1, 2019
(၆) ကြိမ်မြောက်အောင်ဘာလေထီ သိန်း ၁၅၀၀၀ ဆုကို ဟင်္သာတမြို့က မင်္ဂလာစွယ်တော်ထီဆိုင်က ဆွတ်ခူး
Donate to DVB

ဒီကနေ့ မနက်ဖွင့်လှစ်လိုက်တဲ့ (၆) ကြိမ်မြောက်အောင်ဘာလေထီဆုရဲ့သိန်း ၁၅၀၀၀ ဆုကြီးကို ဟင်္သာတမြို့က မင်္ဂလာစွယ်တော်ထီဆိုင်က ဆွတ်ခူးရရှိသွားပါတယ်။

ထီလာရောက်ထိုးသွားသူကတော့ နေရပ်နှင့် လိပ်စာကိုမပြောခဲ့တာကြောင့် လောလောဆယ် ဘယ်သူမှန်းတော့ မသိသေးဘူးလို့ ထီဆိုင်ပိုင်ရှင် ဦးသိန်းအောင်ကပြောပါတယ်။

အဆိုပါထီထိုးတဲ့သူဟာ လတိုင်း စိတ်ကြိုက်လာရွေးပြီးထိုးနေကျဖြစ်ကာ အခုတခေါက်မှာလည်း အထူးမင်္ဂလာစုံတွဲ ၃ အုပ်တစ်သိန်းကျော်ဖိုး လာရောက်ထိုးသွားတာဖြစ်တယ်လို့ဆိုပါတယ်။

ဖုန်းနံပါတ်နဲ့နေရပ်လိပ်စာကို မပေးသွားတာကြောင့် ဘယ်ကိုဆက်သွယ်ရမှန်းမသိဖြစ်နေပြီး အင်တာနက်ကနေကြေညာကာ မြို့ပေါ်လှည့်ပြီး ကားနဲ့ လိုက်လံနှိုးဆော်မယ်လို့လည်း ထီဆိုင်ပိုင်ရှင်ကပြောပါတယ်။

အောင်ဘာလေထီဆုရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ သိန်းတစ်သောင်းခွဲဆုကို ဟင်္သာတမြို့က အခုကြိမ်နဲ့ဆို နှစ်ကြိမ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး အောင်ဘာလေထီဆုရဲ့ (၅) ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကိုတော့ ဟင်္သာမြို့က  အသက် ၈၀ ကျော်အဘွားအိုက ဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း- Ko Kyat Icj (ကိုကြက်)

------------------------------------------------------

Zawgyi font  ျဖင့္ဖတ္ရန္

 

(၆) ႀကိမ္ေျမာက္ေအာင္ဘာေလထီ သိန္း ၁၅၀၀၀ ဆုကို ဟသၤာတၿမိဳ႕က မဂၤလာစြယ္ေတာ္ထီဆိုင္က ဆြတ္ခူး

DVB

ဒီကေန႔ မနက္ဖြင့္လွစ္လိုက္တဲ့ (၆) ႀကိမ္ေျမာက္ေအာင္ဘာေလထီဆုရဲ႕သိန္း ၁၅၀၀၀ ဆုႀကီးကို ဟသၤာတၿမိဳ႕က မဂၤလာစြယ္ေတာ္ထီဆိုင္က ဆြတ္ခူးရရွိသြားပါတယ္။

ထီလာေရာက္ထိုးသြားသူကေတာ့ ေနရပ္ႏွင့္ လိပ္စာကိုမေျပာခဲ့တာေၾကာင့္ ေလာေလာဆယ္ ဘယ္သူမွန္းေတာ့ မသိေသးဘူးလို႔ ထီဆိုင္ပိုင္ရွင္ ဦးသိန္းေအာင္ကေျပာပါတယ္။

အဆိုပါထီထိုးတဲ့သူဟာ လတိုင္း စိတ္ႀကိဳက္လာေ႐ြးၿပီးထိုးေနက်ျဖစ္ကာ အခုတေခါက္မွာလည္း အထူးမဂၤလာစုံတြဲ ၃ အုပ္တစ္သိန္းေက်ာ္ဖိုး လာေရာက္ထိုးသြားတာျဖစ္တယ္လို႔ဆိုပါတယ္။

ဖုန္းနံပါတ္နဲ႔ေနရပ္လိပ္စာကို မေပးသြားတာေၾကာင့္ ဘယ္ကိုဆက္သြယ္ရမွန္းမသိျဖစ္ေနၿပီး အင္တာနက္ကေနေၾကညာကာ ၿမိဳ႕ေပၚလွည့္ၿပီး ကားနဲ႔ လိုက္လံႏႈိးေဆာ္မယ္လို႔လည္းထီဆိုင္ပိုင္ရွင္ကေျပာပါတယ္။

ေအာင္ဘာေလထီဆုရဲ႕ အျမင့္ဆုံးဆုျဖစ္တဲ့ သိန္းတစ္ေသာင္းခြဲဆုကို ဟသၤာတၿမိဳ႕က အခုႀကိမ္နဲ႔ဆို ႏွစ္ႀကိမ္ဆက္တိုက္ဆြတ္ခူးရရွိခဲ့တာျဖစ္ၿပီး ေအာင္ဘာေလထီဆုရဲ႕ (၅) ႀကိမ္ေျမာက္ သိန္းတစ္ေသာင္းခြဲဆုကိုေတာ့ ဟသၤာၿမိဳ႕က  အသက္ ၈၀ ေက်ာ္အဘြားအိုက ဆြတ္ခူးရရွိခဲ့ပါတယ္။

သတင္း- Ko Kyat Icj (ကိုၾကက္)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013