DVB Logo
Home
မြန်မာသတင်း
ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့သဖြင့် လိုအပ်ချက်များနေဟု ပညာရေးဝန်ကြီးပြော
DVB
·
July 31, 2019
ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့သဖြင့် လိုအပ်ချက်များနေဟု ပညာရေးဝန်ကြီးပြော
Donate to DVB

နှစ်ပေါင်းများစွာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တဲ့အတွက် တိုင်းပြည် ခေတ်နောက်ကျကျန်နေခဲ့ပြီး လိုအပ်ချက်တွေ များနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

"ပညာရေးမှာတော့ နှစ်ပေါင်းများစွာ မရင်းနှီး မမြှုပ်နှံခဲ့တဲ့အတွက် ခေတ်နောက်ကျကျန်နေ ခဲ့တာဖြစ်တဲ့အတွက် လိုအပ်ချက်အင်မတန်များပြားပါတယ်။ မပြည့်စုံမှု အင်မတန်များပြား ပါတယ်။ အခက်အခဲ အင်မတန်များပြားပါတယ် " လို့ ဆိုပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ် မဲဆန္ဒနယ်က ဦးမျိုးဝင်းရဲ့ မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းတွေမှာ လိုအပ်နေတဲ့ ကျောင်းဆောင်တွေ ကို တင်ပြတောင်းခံတာမှာ တွက်ချက်မှုတွေကို ပညာရေးဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးအတွက် တပြေးညီ မူဝါဒတခု ချမှတ်လုပ်ဆောင်ပေးဖို့ အစီစဉ် ရှိ မရှိ မေး ခွန်းကို ဖြေဆိုတာမှာ အခုလို ပြောဆိုလိုက်တာပါ။

၂၀၁၈-၁၉ ပညာသင်နှစ် တွက်ချက်ထားမှုအရ တနိုင်ငံလုံးမှာ အနည်းဆုံး ကျောင်းဆောင် ၄၅၀၀၀ လောက် လိုအပ် နေပေမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကျောင်းဆောင်ပေါင်း ၄၇၉၉ ဆောင်ပဲ ရတယ်လို့ ဆိုပါတယ်။

"အများဆုံးရရှိတဲ့ အရေအတွက် ဖြစ်တဲ့အတွက် လိုနေတာ ၄၅၀၀၀ လောက် လိုနေတယ်။ အများဆုံးတတ်နိုင်တဲ့ အရေအတွက်သည် ၄၇၀၀ ဖြစ်တဲ့အတွက် နှစ်စဉ် ဒီလောက်ပဲရမယ်ဆိုရင် ၁၀ နှစ်ကျော်လောက်ကြာမှာဖြစ်ပါတယ်။ ဒါတွေကို လုံလောက်ဖို့လို့အတွက်ဆိုတာသည် ခက်ခဲပါတယ် " လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က စီမံကိန်းလုပ်ငန်းတွေ အတည်ပြုပြီးရင် ပြင်ဆင်ဖို့ခက်ခဲတဲ့ အတွက် ဒေသအခြေအနေရ ပုံစံပြောင်းလည်း ဆောက်လုပ်ဖို့လိုအပ်တဲ့ ကျောင်းတွေရှိရင်လည်း စီမံကိန်းလုပ်ငန်းပြုစုနေတဲ့အချိန်ကတည်းက ပူး ပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013