Home
မြန်မာသတင်း
မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံက ရွှေချောင်းများ ဖမ်းဆီးရမိ
နန်းမြနဒီ
·
July 31, 2019
S__36126803-1024x768
05-13-1024x768
04-15-1024x768
03-22-1024x768
ထိုင်း- မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ မြန်မာ နိုင်ငံသား ၁ ဦးထံက အလေးချိန်  ၇၀ ကျပ်သားခန့်ရှိ ရွှေချောင်းတွေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်နယူးစ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းစစ်တပ်၊ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေဟာ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခွဲလောက်က တာဝန်ဝတ္တရားအရ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားဂိတ် အ၀င်အထွက်ကို စစ်ဆေးစဉ် အနက်ရောင်တို ယိုတာမှန်လုံကားတစီးပေါ်ကနေ အဆိုပါရွှေချောင်းတွေကို ဖမ်းဆီးရမိတာပါ။   ယာဉ်မောင်းသူမှာ အသက် ၃၆ နှစ်ရွယ် မြန်မာနိုင်ငံသား စိုင်းကောင်းဆု ဖြစ်ပြီး ရွှေချောင်းပါတဲ့အိတ်ကို ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံဘေးက  ပစ္စည်းထားတဲ့နေရာမှာ သိမ်းထုတ် ယူဆာင်လာတာလို့ ဆိုပါတယ်။ စစ်ဆေးချက်အရ ရွှေချောင်း စုစုပေါင်း ၈ ချောင်းရှိပြီး တချောင်းကို  ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၁ သန်း ၆ သိန်းကျော်ရှိမယ်လို့ တာဝန်ရှိသူတွေ ခန့်မှန်းပါတယ်။  ရွှေချောင်းတွေ သယ်ယူလာရခြင်းနဲ့ပတ်သက်ပြီး ဥပဒေအရအရေးယူကာ ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်ဖို့ အဆိုပါ မြန်မာယာဉ်မောင်းကို သက်ဆိုင်ရာက ခေါ်ယူ ထိန်းသိမ်း ထားပါတယ်။ ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ အခုလို ပမာဏများပြားတဲ့ရွှေတွေကို နိုင်ငံဖြတ်ကျော်သယ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနမှာ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့  အခွန်ငွေဆောင်ပြီး ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။  ကိုးကား - maesainewsonline 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024