DVB Logo
Home
မြန်မာသတင်း
ရေလှောင်တမံ ၁၂ ခု ရေပြည့်မှတ်ထက် ကျော်လွန်နေ 
DVB
·
July 31, 2019
ရေလှောင်တမံ ၁၂ ခု ရေပြည့်မှတ်ထက် ကျော်လွန်နေ 
Donate to DVB

ဆည်မြောင်းဌာနက ထိန်းသိမ်းထားတဲ့ ရေလှောင်တမံတွေထဲက ၁၂  ခုမှာ ကန်ရေပြည့်မှတ်ထက် ကျော်ပြီး ရေပိုလွှဲက ရေကျော်စီးထွက်နေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၃၀ ရက်စာရင်းအရ ၁၁ စစ်ကိုင်း၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်း၊ ကရင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့က ဆည်တွေမှာ ရေပိုလွှဲကနေ ၃ ပေလောက်အထိ ရေကျော်ကျနေတာပါ။

ထူးထူးခြားခြားရေဝင်များတဲ့ ရေလှောင်တမံတွေကတော့ မကွေးတိုင်း၊ စေတုတ္တရာမြို့က မုန်းချောင်းရေလှောင်တမံနဲ့ ပွင့်ဖြူမြို့နယ်က ကြီးအုံကြီးဝ ရေလှောင်တမံ၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ပြိုင်းချောင်းရေလှောင်တမံတို့ ဖြစ်ပါတယ်။

ကြီးအုံကြီးဝ ရေလှောင်တမံမှာ ရေပိုလွှဲကနေ ၂ ဒသမ ၆ ပေ၊ မုန်းချောင်းရေလှောင်တမံမှာ ၂ ဒသမ ၂ ပေနဲ့ ပြိုင်းချောင်းရေလှောင်တမံမှာတော့ ၂ ဒသမ ၁ ပေကျော်အမြင့်ရှိနေပါတယ်။

ဧရာဝတီတိုင်းက ကညင်ရေလှောင်တမံနဲ့ နန်ကသူရေလှောင်တမံတို့မှာလည်း ၁ ပေကျော်ကနေ ၂ ပေနီးပါး အထိ ရေကျော်ကျနေပါတယ်။

အခုလို ရေပိုလွှဲကနေ ရေကျော်တဲ့ ဆည်တွေရှိပေမယ့် တချို့နေရာတွေမှာတော့ မိုးမရွာလို့ ဆည်ရေမရဘဲ အရင်နှစ် ကာလတူပမာဏထက် အများကြီးလျော့နည်းနေပါတယ်။

ဒါကြောင့် ဆည်ရေသောက် မိုးစပါးစိုက်မယ့်လယ်တွေအတွက် ခြိုးခြံချွေတာပြီးပေးဖို့ ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းကလည်း  နိုင်ငံတဝန်းက ဆည် ၁၈ ခုမှာ ရေပိုလွှဲက ရေကျော်ခဲ့ ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013