DVB Logo
Home
မြန်မာသတင်း
ကိုရီးယားနာမည်ကြီးသရုပ်ဆောင် ပတ်ဆိုးဂျွန်ခေါင်းဆောင်ပါဝင်သည့် The Divine Fury ရုပ်ရှင် (နမူနာ)
DVB
·
July 31, 2019
ကိုရီးယားနာမည်ကြီးသရုပ်ဆောင် ပတ်ဆိုးဂျွန်ခေါင်းဆောင်ပါဝင်သည့် The Divine Fury ရုပ်ရှင် (နမူနာ)
Donate to DVB

ထူးခြားတဲ့ Action Horror Thriller အမျိုးအစား ကိုရီးယားရုပ်ရှင်ကားတကား ဖြစ်တဲ့ The Divine Fury ရုပ်ရှင်ကားကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Lotte Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ Jason Kim က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ကိုရီးယား သရုပ် ဆောင်မင်းသား Park Seo-joon နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ahn Sung-ki ၊ Woo Do-hwan နဲ့ Choi Woo-shik တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။

ပရိသတ် အချစ်တော် မင်းသား Park ကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ပုံစံ ၂ မျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဆိုးဝါးတဲ့ မတော်တဆမှုတခုကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ ဖိုက်တာချန်ပီယံတယောက် ဖြစ်လာခဲ့တဲ့ Yong-hoo ရဲ့ လက်ဖဝါးမှာ ပြန်ရှင်းပြလို့မရတဲ့ ဒဏ်ရာတွေပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူ သားတွေရဲ့ ကမ္ဘာမှာ ဖျက်ဆီးမှုတွေလုပ်ဆောင်မယ့် အင်အားကြီး မကောင်းဆိုးဝါး တွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့် ဗာတီကန်က အပနှင်သူ တဦးဖြစ်တဲ့ ဖာသာအန်နဲ့ မ မျှော်လင့်ဘဲ ပူးပေါင်းလိုက်ရပါတယ်။ တချိန်က လက်ဝှေ့ဖိုက်တာ တယောက်ဖြစ်ခဲ့ပေ မယ့် အပနှင်သူ တယောက်ဖြစ်လာတဲ့အမျိုးသား တယောက်အဖြစ် မင်းသား Park ကို ဒီကားထဲမှာ ပီပီပြင်ပြင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာအန်အဖြစ် ဝါရင့်သရုပ်ဆောင် Ahn Sung Ki က ပါဝင်ထားတာဖြစ်ပြီး မင်းသား Woo Do Hwan ကတော့ လူတွေရဲ့ အတွင်းထဲက မ ကောင်းစိတ်ကို နှိုးဆွပေးပြီး ပြင်ပမိစ္ဆာတွေနဲ့ ပေါင်းစည်းပေးတဲ့ လူတယောက်အဖြစ် မြင်တွေ့ရမှာပါ။

မင်းသား Choi Woo Shik ကတော့ အပနှင်တဲ့လုပ်ငန်းမှာ ဖာသာအန်ကို ကူညီပေးတဲ့ လူငယ်ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာချွဲအဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲက ခေါင်းဆောင်မင်းသား Park Seo-joon ဟာ အခုနှစ်ရဲ့ Cannes Film Festival ရဲ့ အမြင့်ဆုံးဆုတဆုဖြစ်တဲ့ Palme d'Or ဆုရ ရုပ်ရှင်- Parasite ရုပ်ရှင်ကားထဲမှာလည်း ပါဝင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာရော တခြား ရုပ်ရှင်ကားတွေမှာပါ ပရိသတ်အားပေးလက်ခံမှုရရှိထားသူ ဖြစ်တာမို့ ဒီကားထဲမှာရော ဘယ်လိုကွဲပြားတဲ့ သရုပ်ဆောင်မှုတွေကို ရှုစားကြရမလဲဆိုတာကိုတော့ မကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၂၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ မြန်မာနိုင်ငံမှာတော့ သြဂုတ်လ ဆန်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013